အနုပညာဖန်တီးမှုအသစ်တွေချပြဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ တေးသံရှင် အေးမြဖြူ

အနုပညာဖန်တီးမှုအသစ်တွေချပြဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ တေးသံရှင် အေးမြဖြူ

ငယ်စဉ်ကတည်းက မြန်မာသံစဉ်တေးသီချင်းတွေသီဆိုရင်း အနုပညာလမ်းမှာ ဝါသနာနဲ့လျှောက်လှမ်းနေတဲ့ တေးသံရှင် အေးမြဖြူဟာ တေးသီချင်း အနုပညာဖန်တီးမှုအသစ်တွေ အများကြီးလုပ်ထားပေမယ့် အခုလိုကာလမှာ ခဏလေးငြိမ်နေရတယ်လို့ ပြောပါတယ်။

“တေးသီချင်းတွေနဲ့ ပတ်သက်ပြီးတော့ ဖန်တီးမှုအသစ်အဆန်းလေးတွေကို ပရိသတ်သိအောင် ချပြဖို့တော့ရှိပါတယ်၊ အခုက COVID ကာလ ဖြစ်နေတော့ ငြိမ်နေတာပါ၊ အခုက COVID Second Wave ကာလလည်းဖြစ်တာရယ်၊ တစ်ဖက်ကလည်း အရမ်းကြီးမဆိုးသွားဘူး ပုံမှန်ဖြစ်နေတာတွေလည်းရှိသလို ကြားထဲမှာ အလုပ်ကလေးတွေကတော့ နည်းနည်းပါးပါးရှိနေတယ်၊ မာလာမြိုင် မိုးရာသီသဘင်မှာလည်း ဆိုဖြစ် “က” ဖြစ်တယ်၊ မြန်မာ့အသံမှာလည်း တက္ကသိုလ်ရာပြည့် ဆိုခဲ့ရတယ်၊ အဲ့လိုလုပ်စရာလေးတွေမရှိရင်တော့ အများအားဖြင့် အိမ်မှာနေဖြစ်ပါတယ်” လို့ ၎င်းကရှင်းပြပါတယ်။

Myanmar Idol တေးသီချင်း ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်သလို အကပိုင်းမှာပိုင်နိုင်သူတစ်ဦးဖြစ်သော်လည်း လက်ရှိမှာ တေးဆိုတဲ့အပိုင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပြီး အခုလိုကာလမှာ ရုပ်သံလိုင်းတွေကနေ Live ဖျော်ဖြေမှုအစီအစဉ်တွေမှာ ပါဝင်သီဆိုခဲ့တယ်လို့ သိရပါတယ်။

“အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ နောက်ထပ်လည်း အခွင့်အခါများရှိရင် အားပေးကြပါဦးလို့ ပြောချင်ပါတယ်၊ အကောင်းဆုံးလည်း လုပ်ပြသွားဦးမယ်၊ COVID ကာလမှာ ပရိသတ်တွေအားလုံး ဂရုစိုက်နေထိုင်သွားလာကြပါ၊ ဖြစ်နိုင်ရင်တော့ အိမ်မှာပဲနေကြပါ၊ မဖြစ်လို့ အပြင်သွားရင် Mask ကိုလည်း သေချာတပ်ကြပါ၊ လက်ကိုလည်းဆေးကြပါ COVID ကြီးပြီးလို့ရှိရင် ပရိသတ်တွေနဲ့အတူ ကျန်းကျန်းမာမာ ဆုံတွေ့ချင်ပါသေးတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

ငယ္စဥ္ကတည္းက ျမန္မာသံစဥ္ေတးသီခ်င္းေတြသီဆိုရင္း အႏုပညာလမ္းမွာ ဝါသနာနဲ႔ေလွ်ာက္လွမ္းေနတဲ့ ေတးသံရွင္ ေအးျမျဖဴဟာ ေတးသီခ်င္း အႏုပညာဖန္တီးမႈအသစ္ေတြ အမ်ားႀကီးလုပ္ထားေပမယ့္ အခုလိုကာလမွာ ခဏေလးၿငိမ္ေနရတယ္လို႔ ေျပာပါတယ္။

“ေတးသီခ်င္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဖန္တီးမႈအသစ္အဆန္းေလးေတြကို ပရိသတ္သိေအာင္ ခ်ျပဖို႔ေတာ့ရွိပါတယ္၊ အခုက COVID ကာလ ျဖစ္ေနေတာ့ ၿငိမ္ေနတာပါ၊ အခုက COVID Second Wave ကာလလည္းျဖစ္တာရယ္၊ တစ္ဖက္ကလည္း အရမ္းႀကီးမဆိုးသြားဘူး ပုံမွန္ျဖစ္ေနတာေတြလည္းရွိသလို ၾကားထဲမွာ အလုပ္ကေလးေတြကေတာ့ နည္းနည္းပါးပါးရွိေနတယ္၊ မာလာၿမိဳင္ မိုးရာသီသဘင္မွာလည္း ဆိုျဖစ္ “က” ျဖစ္တယ္၊ ျမန္မာ့အသံမွာလည္း တကၠသိုလ္ရာျပည့္ ဆိုခဲ့ရတယ္၊ အဲ့လိုလုပ္စရာေလးေတြမရွိရင္ေတာ့ အမ်ားအားျဖင့္ အိမ္မွာေနျဖစ္ပါတယ္” လို႔ ၎ကရွင္းျပပါတယ္။

Myanmar Idol ေတးသီခ်င္း ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူလည္းျဖစ္သလို အကပိုင္းမွာပိုင္ႏိုင္သူတစ္ဦးျဖစ္ေသာ္လည္း လက္ရွိမွာ ေတးဆိုတဲ့အပိုင္းမွာ ပေရာ္ဖက္ရွင္နယ္အျဖစ္ ရပ္တည္ေနသူတစ္ဦးလည္းျဖစ္ၿပီး အခုလိုကာလမွာ ႐ုပ္သံလိုင္းေတြကေန Live ေဖ်ာ္ေျဖမႈအစီအစဥ္ေတြမွာ ပါဝင္သီဆိုခဲ့တယ္လို႔ သိရပါတယ္။

“အားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ေနာက္ထပ္လည္း အခြင့္အခါမ်ားရွိရင္ အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္၊ အေကာင္းဆုံးလည္း လုပ္ျပသြားဦးမယ္၊ COVID ကာလမွာ ပရိသတ္ေတြအားလုံး ဂ႐ုစိုက္ေနထိုင္သြားလာၾကပါ၊ ျဖစ္ႏိုင္ရင္ေတာ့ အိမ္မွာပဲေနၾကပါ၊ မျဖစ္လို႔ အျပင္သြားရင္ Mask ကိုလည္း ေသခ်ာတပ္ၾကပါ၊ လက္ကိုလည္းေဆးၾကပါ COVID ႀကီးၿပီးလို႔ရွိရင္ ပရိသတ္ေတြနဲ႔အတူ က်န္းက်န္းမာမာ ဆုံေတြ႕ခ်င္ပါေသးတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁