အနုပညာလောကမှာ နေရာရဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ မျိုးဆက်တွေ

အနုပညာလောကမှာ နေရာရဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ မျိုးဆက်တွေ

အနုပညာလောကထဲမှာ နေရာအခိုင်အမာရရှိနိုင်ဖို့အတွက် ကြိုးပမ်းနေရဆဲအခြေအနေဖြစ်တယ်လို့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်တဲ့ သရုပ်ဆောင် နေရဲနဲ့ သဇင်ထူးမြင့်တို့က ပြောကြားကြပါတယ်။

“ကျွန်တော်တို့က ကြိုးစားဆဲအခြေအနေလည်း ဖြစ်ပါတယ်၊ ကိုယ်က အရင်ဆုံး သရုပ်ဆောင် လောကထဲ ရောက်ပေမယ့် ညီမလေးကိုတော့ မသင်ပေးဖြစ်ဘူး၊ ကိုယ်ကိုယ်တိုင်ကလည်း ခရီးသွားနေတာများတယ်လေ၊ တကယ်သာ အတူတူရိုက်ခွင့်ရရင်တော့ မောင်နှစ်မတွေ အတူတူပြောဆိုတိုင်ပင်ပြီးတော့ ရိုက်သွားကြမှာပေါ့၊ ညီမလေးက ကျောင်းသူပုံစံနဲ့ ပိုလိုက်မယ်လို့ထင်တယ်၊  တိုင်တိုင်ပင်ပင်နဲ့ပဲ ပြောပြဖြစ်ပါတယ်၊ ကိုယ်ကိုယ်တိုင် ကလည်း ကြိုးစားနေဆဲဖြစ်တယ်လေ၊ နေရာတစ်ခု အခိုင်အမာရဖို့တော့ ကြိုးစားနေရတာပေါ့၊ ကျွန်တော် တို့ကို အားပေးတဲ့ ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်” လို့လည်း သရုပ်ဆောင် နေရဲက ဆိုပါတယ်။

သမီးဖြစ်သူ သဇင်ထူးမြင့်ဟာ လွန်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရွှေကြို ဗန်းကိုင်အဖြစ် ပါဝင်ခွင့် ရသလို လတ်တလောမှာတော့ ကြော်ငြာတွေရိုက်ကူးနေတယ်လို့ သိရပါတယ်။ သဇင်ထူးမြင့်က “ဘွဲ့ အနေနဲ့ ကတော့ ဒီပလိုမာဘွဲ့ရတာပါ၊ အဝေးသင်က တတိယနှစ် တက်နေပါတယ်၊ အားတဲ့ရက်တွေမှာ သရုပ်ဆောင် လုပ်ပါတယ်၊ ဇာတ်ကားကတော့ရိုက်ဖို့အတွက် ပြောထားတုန်းပဲရှိသေးတယ်၊ Production နဲ့ ညှိနေတာ ပေါ့နော်၊ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်သွားမှာပါ၊ အားပေးကြပါဦး”လို့လည်း ပြောပါတယ်။သရုပ်ဆောင်လောကဟာ အခုနောက်ပိုင်း တက်သစ်စတွေအနေနဲ့ ပရိသတ်သိဖို့အတွက်ကိုတောင် တော်တော်လေး ကြိုးစားနေရတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၁၀

(  Zawgyi  )

 အႏုပညာေလာကထဲမွာ ေနရာအခိုင္အမာရရွိႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေနရဆဲအေျခအေနျဖစ္တယ္လို႔ သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕ သားနဲ႔သမီးျဖစ္တဲ့ သ႐ုပ္ေဆာင္ ေနရဲနဲ႔ သဇင္ထူးျမင့္တို႔က ေျပာၾကားၾကပါတယ္။

“ကြၽန္ေတာ္တို႔က ႀကိဳးစားဆဲအေျခအေနလည္း ျဖစ္ပါတယ္၊ ကိုယ္က အရင္ဆုံး သ႐ုပ္ေဆာင္ ေလာကထဲ ေရာက္ေပမယ့္ ညီမေလးကိုေတာ့ မသင္ေပးျဖစ္ဘူး၊ ကိုယ္ကိုယ္တိုင္ကလည္း ခရီးသြားေနတာမ်ားတယ္ေလ၊ တကယ္သာ အတူတူ႐ိုက္ခြင့္ရရင္ေတာ့ ေမာင္ႏွစ္မေတြ အတူတူေျပာဆိုတိုင္ပင္ၿပီးေတာ့ ႐ိုက္သြားၾကမွာေပါ့၊ ညီမေလးက ေက်ာင္းသူပုံစံနဲ႔ ပိုလိုက္မယ္လို႔ထင္တယ္၊  တိုင္တိုင္ပင္ပင္နဲ႔ပဲ ေျပာျပျဖစ္ပါတယ္၊ ကိုယ္ကိုယ္တိုင္ ကလည္း ႀကိဳးစားေနဆဲျဖစ္တယ္ေလ၊ ေနရာတစ္ခု အခိုင္အမာရဖို႔ေတာ့ ႀကိဳးစားေနရတာေပါ့၊ ကြၽန္ေတာ္ တို႔ကို အားေပးတဲ့ ပရိသတ္အားလုံးကိုေက်းဇူးတင္ပါတယ္၊ စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ခ်မ္းသာျခင္းနဲ႔ ျပည့္စုံပါေစလို႔ ဆုေတာင္းပါတယ္” လို႔လည္း သ႐ုပ္ေဆာင္ ေနရဲက ဆိုပါတယ္။

သမီးျဖစ္သူ သဇင္ထူးျမင့္ဟာ လြန္ခဲ့တဲ့ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွာ အကယ္ဒမီေ႐ႊႀကိဳ ဗန္းကိုင္အျဖစ္ ပါဝင္ခြင့္ ရသလို လတ္တေလာမွာေတာ့ ေၾကာ္ျငာေတြ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။ သဇင္ထူးျမင့္က “ဘြဲ႕ အေနနဲ႔ ကေတာ့ ဒီပလိုမာဘြဲ႕ရတာပါ၊ အေဝးသင္က တတိယႏွစ္ တက္ေနပါတယ္၊ အားတဲ့ရက္ေတြမွာ သ႐ုပ္ေဆာင္ လုပ္ပါတယ္၊ ဇာတ္ကားကေတာ့႐ိုက္ဖို႔အတြက္ ေျပာထားတုန္းပဲရွိေသးတယ္၊ Production နဲ႔ ညႇိေနတာ ေပါ့ေနာ္၊ ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြကို ေတာက္ေလွ်ာက္လုပ္သြားမွာပါ၊ အားေပးၾကပါဦး”လို႔လည္း ေျပာပါတယ္။သ႐ုပ္ေဆာင္ေလာကဟာ အခုေနာက္ပိုင္း တက္သစ္စေတြအေနနဲ႔ ပရိသတ္သိဖို႔အတြက္ကိုေတာင္ ေတာ္ေတာ္ေလး ႀကိဳးစားေနရတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၁၀