အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့ ပြင်ဆင်နေတဲ့ ကျော်ထက်အောင်

အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့ ပြင်ဆင်နေတဲ့ ကျော်ထက်အောင်

COVID အခြေအနေပေါ် မူတည်ကာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သရုပ်ဆောင် ကျော်ထက်အောင် က ပြောပါတယ်။

သူ့ကို Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် လူသိများလာခဲ့ရာကနေ အခုဆိုရင် ကြော်ငြာများစွာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရလာသူဖြစ်ခဲ့ပါတယ်။

“ရိုက်ပြီးတော့ ရုံမတင်ရသေးတဲ့ ကားလေးတွေလည်းရှိပါတယ်၊ ဒီကြားထဲ COVID ကြောင့် ရပ်ဆိုင်းနေရတဲ့ အခြေအနေလေးတွေလည်းရှိတယ်၊ တစ်ချို့ကြော်ငြာလေးတွေအတွက်လည်း ပြောထားဆိုထားတာတော့ရှိတယ်၊ လောလောဆယ်က ပြင်ဆင်နေဆဲဖြစ်နေတော့ တစ်ချို့ဟာတွေကြ ကြိုမပြောသေးတာပါ” လို့ ၎င်းကရှင်းပြပါတယ်။

သူပါဝင်ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားတွေထဲက သူငယ်၊ ချူဆီ စတဲ့ ဇာတ်ကားတွေဟာ ပရိသတ်အားပေးမှု အများအပြားရခဲ့သလို ရိုက်ကူးပြီးနောက် ရုံတင်မယ့်ရက်ကိုစောင့်နေတဲ့ ဇာတ်ကားတွေလည်းရှိနေသေးသလို ဆက်လက်ရိုက်ကူးမယ့် ဇာတ်ကားတွေအတွက် သရုပ်ဆောင်ပိုင်းဆိုင်ရာ လိုအပ်ချက်အခြေအနေတွေ၊ အသံပိုင်းဆိုင်ရာအခြေအနေတွေကိုလည်း လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

“အခုဟာက သိတဲ့အတိုင်းပဲလေ၊ COVID ပထမလှိုင်းလို့ ပြောခဲ့ကြတဲ့ ၂၀၂၀ မတ်လထဲကစပြီး ရုပ်ရှင်ရုံတွေဆိုလည်း ပိတ်ထားတာဆိုတော့ အဲ့ဒီမှာသွားပြီးတော့ပုံနေတဲ့ ဇာတ်ကားတွေလည်းရှိနေတယ်၊ အခုကတော့ အခြေအနေကိုစောင့်ကြည့်ပြီးတော့ ကိုယ့်ဘက်ကတော့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်နေရတာပဲလေ” လို့ ၎င်းကဆက်လက်ရှင်းပြပါတယ်။

သူ့ရဲ့ သရုပ်ဆောင်တာနဲ့ပတ်သက်လို့ ဝေဖန်အကြံပြုတာတွေကိုလည်း စောင့်ကြပ်နားထောင်လေ့ရှိသလို အားနည်းချက်တွေကိုပြင်ဆင်ရင်း အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၈

( Zawgyi )

COVID အေျခအေနေပၚ မူတည္ကာ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သ႐ုပ္ေဆာင္ ေက်ာ္ထက္ေအာင္ က ေျပာပါတယ္။

သူ႔ကို Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ အစီအစဥ္တင္ဆက္သူအျဖစ္ လူသိမ်ားလာခဲ့ရာကေန အခုဆိုရင္ ေၾကာ္ျငာမ်ားစြာသာမက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခြင့္ရလာသူျဖစ္ခဲ့ပါတယ္။

“႐ိုက္ၿပီးေတာ့ ႐ုံမတင္ရေသးတဲ့ ကားေလးေတြလည္းရွိပါတယ္၊ ဒီၾကားထဲ COVID ေၾကာင့္ ရပ္ဆိုင္းေနရတဲ့ အေျခအေနေလးေတြလည္းရွိတယ္၊ တစ္ခ်ိဳ႕ေၾကာ္ျငာေလးေတြအတြက္လည္း ေျပာထားဆိုထားတာေတာ့ရွိတယ္၊ ေလာေလာဆယ္က ျပင္ဆင္ေနဆဲျဖစ္ေနေတာ့ တစ္ခ်ိဳ႕ဟာေတြၾက ႀကိဳမေျပာေသးတာပါ” လို႔ ၎ကရွင္းျပပါတယ္။

သူပါဝင္႐ိုက္ကူးထားေသာ ႐ုပ္ရွင္ဇာတ္ကားေတြထဲက သူငယ္၊ ခ်ဴဆီ စတဲ့ ဇာတ္ကားေတြဟာ ပရိသတ္အားေပးမႈ အမ်ားအျပားရခဲ့သလို ႐ိုက္ကူးၿပီးေနာက္ ႐ုံတင္မယ့္ရက္ကိုေစာင့္ေနတဲ့ ဇာတ္ကားေတြလည္းရွိေနေသးသလို ဆက္လက္႐ိုက္ကူးမယ့္ ဇာတ္ကားေတြအတြက္ သ႐ုပ္ေဆာင္ပိုင္းဆိုင္ရာ လိုအပ္ခ်က္အေျခအေနေတြ၊ အသံပိုင္းဆိုင္ရာအေျခအေနေတြကိုလည္း လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္ေနရတယ္လို႔ သိရပါတယ္။

“အခုဟာက သိတဲ့အတိုင္းပဲေလ၊ COVID ပထမလႈိင္းလို႔ ေျပာခဲ့ၾကတဲ့ ၂၀၂၀ မတ္လထဲကစၿပီး ႐ုပ္ရွင္႐ုံေတြဆိုလည္း ပိတ္ထားတာဆိုေတာ့ အဲ့ဒီမွာသြားၿပီးေတာ့ပုံေနတဲ့ ဇာတ္ကားေတြလည္းရွိေနတယ္၊ အခုကေတာ့ အေျခအေနကိုေစာင့္ၾကည့္ၿပီးေတာ့ ကိုယ့္ဘက္ကေတာ့ ျပင္ဆင္သင့္တာေတြ ျပင္ဆင္ေနရတာပဲေလ” လို႔ ၎ကဆက္လက္ရွင္းျပပါတယ္။

သူ႔ရဲ႕ သ႐ုပ္ေဆာင္တာနဲ႔ပတ္သက္လို႔ ေဝဖန္အႀကံျပဳတာေတြကိုလည္း ေစာင့္ၾကပ္နားေထာင္ေလ့ရွိသလို အားနည္းခ်က္ေတြကိုျပင္ဆင္ရင္း အႏုပညာေလာကမွာ ေနရာတစ္ခုအခိုင္အမာရဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၈