အနုပညာအသစ်တွေက ထိခိုက်စရာဖြစ်ခဲံတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ် ဆိုတဲ့ ကျော်ကျော်နန္ဒ

 အနုပညာအသစ်တွေက  ထိခိုက်စရာဖြစ်ခဲံတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ် ဆိုတဲ့  ကျော်ကျော်နန္ဒ

အနုပညာစိတ်ကူးစိတ်သန်းအသစ်တွေနဲ့ ဖန်တီးလိုက်တဲ့ အရာတွေမှာ တစ်ချို့ဟာတွေက တစ်စုံတစ်ခုအပေါ် ထိခိုက်စရာအခြေအနေေ တွဖြစ် ခဲ့တာကြောင့်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ကျော်ကျော်နန္ဒက ပြောပါတယ်။

“ကျွန်တော် အနုပညာအလုပ်တွေကိုပဲ လုပ်မှာပါ၊ အနုပညာကို ကျွန်တော် တန်ဖိုးထားပါတယ်၊ ကျွန်တော့်စိတ်ထဲမှာက ပရိသတ်ကို အကောင်းဆုံး၊ အသစ်လွင်ဆုံး ဆိုတာမျိုးကိုပဲ ပေးချင်တယ်၊ အခြေအနေအရ ထိခိုက်စရာတွေ ကြုံလာတဲ့အခါ စိတ်မကောင်း ဖြစ်မိပါတယ်”လို့ အခမ်းအနားပွဲတစ်ခုသို့ တက်ရောက်လာစဉ်မေးမြန်းတဲ့အပေါ် ကျော်ကျော်နန္ဒက ပြောပါတယ်။ သူ့ကို ဝေဖန်သူတွေများစွာရှိနေပေမယ့် သူ့ကိုပင်တိုင် ထောက်ခံအားပေးသူတွေလည်း အများအပြားရှိနေပြီး မကြာသေးခင်က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ သြင်္ကန်သီချင်းနဲ့ ပတ်သက်လို့လည်း သူ့ကို သိသူတွေပိုများလာခဲ့ပါတယ်။

 လွန်ခဲ့တဲ့ရက်ကလည်း ဒီဇိုင်းထွင်ကာ ငွေမောင်းပါတဲ့ ဝတ်စုံကိုဝတ်ဆင်မိတဲ့ အပေါ် ဧပြီ ၃ ရက်နေ့မှာ ကချင်အဖွဲ့အစည်းလေးခုက သဘောထား ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။အဲ့ဒီကိစ္စအတွက်လည်း သူဟာ ကချင်စာပေနှင့် ယဉ်ကျေးမှု ဗဟိုရုံးသို့လာရောက်ပြီး မြစ်ကြီးနားမြို့က မနောကွင်းမှာ သွားတောင်းပန်ဖို့လည်း စီစဉ်ထားပြီး အဲ့ဒီကိစ္စအတွက် ဝေဖန်မှုတွေထပ်မလုပ်ဖို့လည်း သူက မေတ္တာရပ်ခံထားပါတယ်။ လာမယ့်သြင်္ကန်ကာလမှာလည်း ဖျော်ဖြေဖို့အတွက် စီစဉ်တာတွေရှိနေပြီး အနုပညာ အလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်သွားဖို့ရှိတယ်လို့ ဆိုပါသေးတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၄

(   Zawgyi  )

 အႏုပညာစိတ္ကူးစိတ္သန္းအသစ္ေတြနဲ႔ ဖန္တီးလိုက္တဲ့ အရာေတြမွာ တစ္ခ်ိဳ႕ဟာေတြက တစ္စုံတစ္ခုအေပၚ ထိခိုက္စရာအေျခအေနေ တြျဖစ္ ခဲ့တာေၾကာင့္လည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ ေက်ာ္ေက်ာ္နႏၵက ေျပာပါတယ္။

“ကြၽန္ေတာ္ အႏုပညာအလုပ္ေတြကိုပဲ လုပ္မွာပါ၊ အႏုပညာကို ကြၽန္ေတာ္ တန္ဖိုးထားပါတယ္၊ ကြၽန္ေတာ့္စိတ္ထဲမွာက ပရိသတ္ကို အေကာင္းဆုံး၊ အသစ္လြင္ဆုံး ဆိုတာမ်ိဳးကိုပဲ ေပးခ်င္တယ္၊ အေျခအေနအရ ထိခိုက္စရာေတြ ႀကဳံလာတဲ့အခါ စိတ္မေကာင္း ျဖစ္မိပါတယ္”လို႔ အခမ္းအနားပြဲတစ္ခုသို႔ တက္ေရာက္လာစဥ္ေမးျမန္းတဲ့အေပၚ ေက်ာ္ေက်ာ္နႏၵက ေျပာပါတယ္။ သူ႔ကို ေဝဖန္သူေတြမ်ားစြာရွိေနေပမယ့္ သူ႔ကိုပင္တိုင္ ေထာက္ခံအားေပးသူေတြလည္း အမ်ားအျပားရွိေနၿပီး မၾကာေသးခင္က လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ ၾသကၤန္သီခ်င္းနဲ႔ ပတ္သက္လို႔လည္း သူ႔ကို သိသူေတြပိုမ်ားလာခဲ့ပါတယ္။

 လြန္ခဲ့တဲ့ရက္ကလည္း ဒီဇိုင္းထြင္ကာ ေငြေမာင္းပါတဲ့ ဝတ္စုံကိုဝတ္ဆင္မိတဲ့ အေပၚ ဧၿပီ ၃ ရက္ေန႔မွာ ကခ်င္အဖြဲ႕အစည္းေလးခုက သေဘာထား ထုတ္ျပန္ခ်က္ေတြကို ထုတ္ျပန္ခဲ့ရတဲ့အထိျဖစ္ခဲ့ပါတယ္။အဲ့ဒီကိစၥအတြက္လည္း သူဟာ ကခ်င္စာေပႏွင့္ ယဥ္ေက်းမႈ ဗဟို႐ုံးသို႔လာေရာက္ၿပီး ျမစ္ႀကီးနားၿမိဳ႕က မေနာကြင္းမွာ သြားေတာင္းပန္ဖို႔လည္း စီစဥ္ထားၿပီး အဲ့ဒီကိစၥအတြက္ ေဝဖန္မႈေတြထပ္မလုပ္ဖို႔လည္း သူက ေမတၱာရပ္ခံထားပါတယ္။ လာမယ့္ၾသကၤန္ကာလမွာလည္း ေဖ်ာ္ေျဖဖို႔အတြက္ စီစဥ္တာေတြရွိေနၿပီး အႏုပညာ အလုပ္ေတြကိုသာ တစိုက္မတ္မတ္ လုပ္သြားဖို႔ရွိတယ္လို႔ ဆိုပါေသးတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၄