အမြင်ဆန်းတဲ့ ဝတ်စုံတွေနဲ့ ထပ်မံပြီး ပရိသတ်ကို ချပြပေးသွားဖို့ ရှိနေသေးတယ်လို့ ကျော်ကျော်နန္ဒ က ဆိုလာ

အမြင်ဆန်းတဲ့ ဝတ်စုံတွေနဲ့ ထပ်မံပြီး ပရိသတ်ကို ချပြပေးသွားဖို့ ရှိနေသေးတယ်လို့ ကျော်ကျော်နန္ဒ က ဆိုလာ

လူမှုကွန်ရက်မှာ လူသိများနေတဲ့ ကျော်ကျော်နန္ဒဟာ ရှေ့ဆက်မယ့် သူ့ရဲ့ အနုပညာခရီးမှာတော့ အမြင်ဆန်းတဲ့ ဝတ်စုံလေးတွေနဲ့ ထပ်မံလုပ်ဆောင်ကာ ပရိသတ်ကို ချပြပေးသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။

“ပြောချင်တာက ထိုးဖောက်မှုတစ်ခုနဲ့ ဝင်လာတာရယ်၊ နံပါတ် (၂) က ထပ်ပြောချင်တာက နိုင်ငံတကာရဲ့ အမြင်လေးကို ကြည့်ပေးပါ၊ သူ့ရဲ့လုပ်ကွက်ပေါ်မူတည်ပြီး ကျွန်တော်အဝတ်အစားဝတ်မယ်၊ အမြဲတမ်းလူက ဖော်လော်လော်ကြီး ဝတ်နေတာမဟုတ်ဘူး၊ Sexy Model လုပ်စားနေတာမဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်တွေရဲ့ စိတ်ထဲ ဖြစ်ပေါ်လာတဲ့ အနေအထားတစ်ခု လည်ပတ်နေတဲ့ အနေအထားမျိုး၊ ကမ္ဘာကြီးကလည်နေတာ အဲ့ဒီတော့ အားလုံးကလည်ပတ်နေတာ antedate ဖက်ရှင်တွေနဲ့မရဘူး၊ အဲ့ဒီအတွက် ကိုယ်ကတော့ ဖက်ရှင်ဆန်းဆန်းလေးတွေနဲ့ သွားမှာပဲ၊ အဆဲခံပြီးတော့ ပရိသတ်ကို အမြင်အဆန်းအသစ်လေးတွေ ဝတ်စုံလေးတွေနဲ့ ချပြဦးမှာပဲ၊ ဒါပေမဲ့ ကိုယ့်ဖက်ရှင်က ပေါ့တယ်ပဲပြောပြော၊ ရူးတယ်ပဲပြောပြော ကိုယ်သိပ်စိတ်မဝင်စားဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတာ လုပ်သွားမှာပဲ၊ ကိုယ့်ကိုယ်ကို confidence အမြဲတမ်းရှိတယ်” လို့ ကျော်ကျော်နန္ဒ က ပြောပြပါတယ်။

သူ့အနေနဲ့ သီချင်းခွေနှစ်ခွေ ထွက်ရှိထားပေမယ့် လူသိခြင်းမရှိသေးဘဲ ယခုနောက်ပိုင်းမှသာ လူမှုကွန်ရက်တွေပေါ်မှာ ခေတ်စားကာ လူသိများလာတာကြောင့်လည်း မကြာခင်မှာ တတိယစီးရီးအနေနဲ့ ထွက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်က အခွေကတော့ First စီးရီး၊ Second စီးရီးကတော့ ထွက်ပြီးသားပေါ့၊ လူမသိသွားဘူး၊ အခု လူမှုကွန်ရက်မှာ ပရိသတ်သိသွားပြီးတဲ့ နောက်ပိုင်းမှာ တတိယစီးရီးအနေနဲ့ official အနေနဲ့ ထွက်မယ်၊ Animal ဆိုတဲ့ အခွေထွက်မယ်၊ အဲ့ဒီအထဲမှာမှ သီချင်းတွေ အမိုက်စားလုပ်မယ်၊ အဲ့ဒီဟာ မထွက်ခင်မှာ တစ်လကျော်ကျော်လောက်မှာ အဲ့ဒီအခွေထဲပါတဲ့ “နှင်းဆီခြွေတဲ့နွေ” သီချင်းကို အမိုက်စား သရုပ်ဆောင်တစ်ယောက်နဲ့ သရုပ်ဆောင်ပြဦးမယ်၊ အခု ၆လ ပိုင်း၊ အလုပ်တွေကလည်းများတော့ ၇ လပိုင်းလောက်တော့ မှန်းထားတယ်၊ တစ်စီးရီးလုံး မဟုတ်တာတောင်မှ အဲ့ဒီတစ်ပုဒ်ကိုထု တ်ပြီးတော့ လူမှုကွန်ရက်မှာ ထပ်ပြဦးမယ်၊ အခု ချောင်းသာရောက်ရင်လည်း အမိုက်စားတွေ ရိုက်ခဲ့ဦးမယ်လို့ ပရိသတ်ကိုပြောချင်ပါတယ်” လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၇

( Zawgyi )

လူမႈကြန္ရက္မွာ လူသိမ်ားေနတဲ့ ေက်ာ္ေက်ာ္နႏၵဟာ ေရွ႕ဆက္မယ့္ သူ႔ရဲ႕ အႏုပညာခရီးမွာေတာ့ အျမင္ဆန္းတဲ့ ဝတ္စုံေလးေတြနဲ႔ ထပ္မံလုပ္ေဆာင္ကာ ပရိသတ္ကို ခ်ျပေပးသြားဖို႔ ရွိေနတယ္လို႔ ေျပာပါတယ္။

“ေျပာခ်င္တာက ထိုးေဖာက္မႈတစ္ခုနဲ႔ ဝင္လာတာရယ္၊ နံပါတ္ (၂) က ထပ္ေျပာခ်င္တာက ႏိုင္ငံတကာရဲ႕ အျမင္ေလးကို ၾကည့္ေပးပါ၊ သူ႔ရဲ႕လုပ္ကြက္ေပၚမူတည္ၿပီး ကြၽန္ေတာ္အဝတ္အစားဝတ္မယ္၊ အၿမဲတမ္းလူက ေဖာ္ေလာ္ေလာ္ႀကီး ဝတ္ေနတာမဟုတ္ဘူး၊ Sexy Model လုပ္စားေနတာမဟုတ္ဘူး၊ ဒါေပမဲ့ ကိုယ္ေတြရဲ႕ စိတ္ထဲ ျဖစ္ေပၚလာတဲ့ အေနအထားတစ္ခု လည္ပတ္ေနတဲ့ အေနအထားမ်ိဳး၊ ကမာၻႀကီးကလည္ေနတာ အဲ့ဒီေတာ့ အားလုံးကလည္ပတ္ေနတာ antedate ဖက္ရွင္ေတြနဲ႔မရဘူး၊ အဲ့ဒီအတြက္ ကိုယ္ကေတာ့ ဖက္ရွင္ဆန္းဆန္းေလးေတြနဲ႔ သြားမွာပဲ၊ အဆဲခံၿပီးေတာ့ ပရိသတ္ကို အျမင္အဆန္းအသစ္ေလးေတြ ဝတ္စုံေလးေတြနဲ႔ ခ်ျပဦးမွာပဲ၊ ဒါေပမဲ့ ကိုယ့္ဖက္ရွင္က ေပါ့တယ္ပဲေျပာေျပာ၊ ႐ူးတယ္ပဲေျပာေျပာ ကိုယ္သိပ္စိတ္မဝင္စားဘူး၊ ဘာပဲျဖစ္ျဖစ္ ကိုယ္လုပ္စရာရွိတာ လုပ္သြားမွာပဲ၊ ကိုယ့္ကိုယ္ကို confidence အၿမဲတမ္းရွိတယ္” လို႔ ေက်ာ္ေက်ာ္နႏၵ က ေျပာျပပါတယ္။

သူ႔အေနနဲ႔ သီခ်င္းေခြႏွစ္ေခြ ထြက္ရွိထားေပမယ့္ လူသိျခင္းမရွိေသးဘဲ ယခုေနာက္ပိုင္းမွသာ လူမႈကြန္ရက္ေတြေပၚမွာ ေခတ္စားကာ လူသိမ်ားလာတာေၾကာင့္လည္း မၾကာခင္မွာ တတိယစီးရီးအေနနဲ႔ ထြက္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္က အေခြကေတာ့ First စီးရီး၊ Second စီးရီးကေတာ့ ထြက္ၿပီးသားေပါ့၊ လူမသိသြားဘူး၊ အခု လူမႈကြန္ရက္မွာ ပရိသတ္သိသြားၿပီးတဲ့ ေနာက္ပိုင္းမွာ တတိယစီးရီးအေနနဲ႔ official အေနနဲ႔ ထြက္မယ္၊ Animal ဆိုတဲ့ အေခြထြက္မယ္၊ အဲ့ဒီအထဲမွာမွ သီခ်င္းေတြ အမိုက္စားလုပ္မယ္၊ အဲ့ဒီဟာ မထြက္ခင္မွာ တစ္လေက်ာ္ေက်ာ္ေလာက္မွာ အဲ့ဒီအေခြထဲပါတဲ့ “ႏွင္းဆီေႁခြတဲ့ေႏြ” သီခ်င္းကို အမိုက္စား သ႐ုပ္ေဆာင္တစ္ေယာက္နဲ႔ သ႐ုပ္ေဆာင္ျပဦးမယ္၊ အခု ၆လ ပိုင္း၊ အလုပ္ေတြကလည္းမ်ားေတာ့ ၇ လပိုင္းေလာက္ေတာ့ မွန္းထားတယ္၊ တစ္စီးရီးလုံး မဟုတ္တာေတာင္မွ အဲ့ဒီတစ္ပုဒ္ကိုထု တ္ၿပီးေတာ့ လူမႈကြန္ရက္မွာ ထပ္ျပဦးမယ္၊ အခု ေခ်ာင္းသာေရာက္ရင္လည္း အမိုက္စားေတြ ႐ိုက္ခဲ့ဦးမယ္လို႔ ပရိသတ္ကိုေျပာခ်င္ပါတယ္” လို႔လည္း သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၇