အရည်အချင်းရှိသူတွေအတွက် အနုပညာလောကမှာ အခွင့်အလမ်းပေးနိုင်ဖို့ ကြိုးစားနေဟုဆို

အရည်အချင်း ရှိသူတွေအတွက် အနုပညာလောကမှာ အခွင့်အလမ်းပေးနိုင်ဖို့ ကြိုးစားနေဟုဆို

အရည်အချင်းရှိတဲ့ သူတွေအနေနဲ့ အနုပညာလောကမှာ နေရာရစေဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

"အစ်မတို့ အနုပညာလောကထဲမှာ အရည်အချင်းရှိတဲ့ လူငယ်တွေကို နေရာရစေချင်တယ်၊ တစ်ချို့ဆိုရင် အရည်အချင်းရှိပေမယ့် သူ့အရည်အချင်းကို ဖော်ထုတ်နိုင်ဖို့ အခွင့်အရေးမရှိတော့ ဖြစ်သင့်ရဲ့သားနဲ့ မဖြစ်ထွန်းဘူး၊ ဒါကို အစ်မတို့က ဖော်ထုတ်ပြီးတော့ သူ့ကိုနေရာတစ်ခုရအောင် အခွင့်အလမ်းတွေ ပေးမှာဖြစ်ပါတယ်"လို့ သူက ရှင်းပြပါတယ်။ သရုပ်ဆောင်သစ်တွေအနေနဲ့ လတ်တလော အခြေအနေအရ ရပ်တည်နိုင်ဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း၊ အနုပညာလောကမှာ နေရာတစ်ခုအဖြစ် ရရှိပြီး ရပ်တည်နိုင်ဖို့ဆိုတာ မိမိရဲ့ကြိုးပမ်းမှုအပေါ် ပရိသတ်က အသိအမှတ်ပြု အားပေးမှသာ ဖြစ်နိုင်တာကြောင့်လည်း ကြိုးစားဖို့ အခွင့်အလမ်းကလည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

"အစ်မတို့ ငယ်ငယ်ကဆိုရင် အနုပညာအလုပ်ကို လုပ်လို့မရဘူးလေ၊ ဒီအလုပ်က ထမင်းစားလို့မရဘူးလို့ ဆိုကြတယ်၊ အစ်မက ဒါမျိုးတော့ မဖြစ်စေချင်ဘူး၊ နိုင်ငံတကာမှာ ဆိုရင် အနုပညာကိုပဲ အသက်မွေးဝမ်းကျောင်း အလုပ်လို လုပ်နေကြသလို အစ်မတို့ဆီမှာလည်း ဖြစ်စေချင်တယ်၊ အထူးသဖြင့် မျိုးဆက်သစ်အနုပညာရှင် ကလေးတွေကို အစ်မအားထားတယ်"လို့ သူက ဆက်ပြောပါတယ်။a

သူ့အနေနဲ့ မျိုးဆက်သစ်အနုပညာရှင်တွေကို မြေတောင် မြှောက်ပေးလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သရုပ်ဆောင်သစ် ရွေးချယ်တဲ့အခါ အနုပညာအပေါ် စိတ်ဝင်စားမှုပြင်းထန်သူတွေကို အဓိကထားကာ ရှာဖွေရွေးချယ်နေတယ်လို့ သိရပါတယ်။ အခုလတ်တလော မှာတော့ Now and Ever လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို တာဝန်ယူကာ ရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

(  Zawgyi  )

 အရည္အခ်င္းရွိတဲ့ သူေတြအေနနဲ႔ အႏုပညာေလာကမွာ ေနရာရေစဖို႔ အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္လို႔ ဒါ႐ိုက္တာ ခရစၥတီးနားခီက ေျပာပါတယ္။

"အစ္မတို႔ အႏုပညာေလာကထဲမွာ အရည္အခ်င္းရွိတဲ့ လူငယ္ေတြကို ေနရာရေစခ်င္တယ္၊ တစ္ခ်ိဳ႕ဆိုရင္ အရည္အခ်င္းရွိေပမယ့္ သူ႔အရည္အခ်င္းကို ေဖာ္ထုတ္ႏိုင္ဖို႔ အခြင့္အေရးမရွိေတာ့ ျဖစ္သင့္ရဲ႕သားနဲ႔ မျဖစ္ထြန္းဘူး၊ ဒါကို အစ္မတို႔က ေဖာ္ထုတ္ၿပီးေတာ့ သူ႔ကိုေနရာတစ္ခုရေအာင္ အခြင့္အလမ္းေတြ ေပးမွာျဖစ္ပါတယ္"လို႔ သူက ရွင္းျပပါတယ္။ သ႐ုပ္ေဆာင္သစ္ေတြအေနနဲ႔ လတ္တေလာ အေျခအေနအရ ရပ္တည္ႏိုင္ဖို႔ ခဲယဥ္းတဲ့ အေျခအေနမ်ိဳး ျဖစ္ေနေၾကာင္း၊ အႏုပညာေလာကမွာ ေနရာတစ္ခုအျဖစ္ ရရွိၿပီး ရပ္တည္ႏိုင္ဖို႔ဆိုတာ မိမိရဲ႕ႀကိဳးပမ္းမႈအေပၚ ပရိသတ္က အသိအမွတ္ျပဳ အားေပးမွသာ ျဖစ္ႏိုင္တာေၾကာင့္လည္း ႀကိဳးစားဖို႔ အခြင့္အလမ္းကလည္း အေရးႀကီးတယ္လို႔ သူက ဆိုပါတယ္။

"အစ္မတို႔ ငယ္ငယ္ကဆိုရင္ အႏုပညာအလုပ္ကို လုပ္လို႔မရဘူးေလ၊ ဒီအလုပ္က ထမင္းစားလို႔မရဘူးလို႔ ဆိုၾကတယ္၊ အစ္မက ဒါမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး၊ ႏိုင္ငံတကာမွာ ဆိုရင္ အႏုပညာကိုပဲ အသက္ေမြးဝမ္းေက်ာင္း အလုပ္လို လုပ္ေနၾကသလို အစ္မတို႔ဆီမွာလည္း ျဖစ္ေစခ်င္တယ္၊ အထူးသျဖင့္ မ်ိဳးဆက္သစ္အႏုပညာရွင္ ကေလးေတြကို အစ္မအားထားတယ္"လို႔ သူက ဆက္ေျပာပါတယ္။a

သူ႔အေနနဲ႔ မ်ိဳးဆက္သစ္အႏုပညာရွင္ေတြကို ေျမေတာင္ ေျမႇာက္ေပးလိုတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ သ႐ုပ္ေဆာင္သစ္ ေ႐ြးခ်ယ္တဲ့အခါ အႏုပညာအေပၚ စိတ္ဝင္စားမႈျပင္းထန္သူေတြကို အဓိကထားကာ ရွာေဖြေ႐ြးခ်ယ္ေနတယ္လို႔ သိရပါတယ္။ အခုလတ္တေလာ မွာေတာ့ Now and Ever လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို တာဝန္ယူကာ ႐ိုက္ကူးေနတယ္လို႔လည္း သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၃