အလှမယ် သင်းသင်း သက်သေခံတင်သွင်းထားသည့် အသံဖိုင်များ အား တရားရုံးတွင် စတင်ကြားနာ စစ်ဆေး

 အလှမယ် သင်းသင်း သက်သေခံတင်သွင်းထားသည့် အသံဖိုင်များ အား တရားရုံးတွင် စတင်ကြားနာ စစ်ဆေး

သရုပ်ဆောင်ဝေဠုကျော်အမှု တွင် အလှမယ် သင်းသင်း မှ သက်သေခံတင်သွင်းထားသည့် အသံဖိုင်များအား  ယနေ့ မတ်လ ၈ ရက် နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံး ၌ ကြားနာစစ်ဆေးခဲ့ပါတယ်။

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်းတို့ပြောဆိုခဲ့သည့် အသံဖိုင်များ၊ ကိုဝေဠုကျော် ညီမ နှင့် မသင်းသင်းတို့ ပြောကြားထားသည့် အသံဖိုင်းများ ၊ Myanmar Celebrity နှင့် Popular သတင်းဌာနတို့တွင် ကိုဝေဠုကျော် ပြောကြားထားသည့် အသံဖိုင်များ အား နားထောင် စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။

အလှမယ် သင်းသင်းဘက်မှ လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင် “အဲ့ဒါနဲ့ ပတ်သက်တဲ့ဟာကို ဖွင့်နားထောင်တယ်။အဲ့ဒါနဲ့ ပတ်သက်ပြီး ရေးထားတဲ့စာတွေ တိုက်ကြည့်တယ်။ နှစ်ဖက် အငြင်းပွားမှု မရှိပါဘူး” လို့ တရားရံုံး စစ်ဆေးမှု အပြီး သတင်းသမားများကိုပြောကြားခဲ့ပါတယ်။

ကိုဝေဠုကျော်နှင့် မသင်းသင်းတို့ ပြောကြားထားသည့်အသံဖိုင်တွင် ကိုဝေဠုကျော်မှ မသင်းသင်းအား အားပေး စကားပြောကြားထားသည်များ ပါဝင်နေပြီး ထိုသို့ပြောကြားမှုအား ပြန်လည်နားထောင်ရသည့်အတွက် မည်သို့ မျှ ခံစားမှုမရှိတော့ဘူးလို့ အလှမယ် သင်းသင်းကပြောကြား ခဲ့ပါတယ်။ “ဘယ်လိုမှ မခံစားပါဘူး။ဘာလို့လဲဆိုတော့ စကားဆိုတာအမျိုးမျိုးပြောထားတာ ဖြစ်သည့်အတွက် အမအတွက်ဘာခံစားမှုမှ မရှိတော့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
 

ကိုဝေဠုကျော်က အသံဖိုင်တွင် ပါဝင်သည့် အားပေးစကားများသည် လူတိုင်းအပေါ်တွင် ကူညီခဲ့သည့်အတိုင်း စိတ်ဓာတ်ခွန်အား ရရှိလာစေရန် ပံ့ပိုးခဲ့ခြင်းသာဖြစ်ပြီး ယခုအချိန်အထိ မည်သူ့ကို မျှ နစ်နာလိုသည့် ဆန္ဒမရှိ ဘူးလို့ ဆိုပါတယ်။“ခုချိန်ထိလည်းဘယ်သူ့ကို မှ နစ်နာစေလိုတဲ့ ဆန္ဒဘယ်သူ့ကိုပေါ်မှာမှ မရှိသေးပါဘူး။ကျွန်တော် လူတိုင်းပေါ် မှာ အတက်နိုင်ဆုံးကူညီတယ်။လူတွေကို စိတ်ဓာတ်ခွန်အားရှိ လာစေချင် တယ်ပေါ့။ စိတ်ညစ်နေတဲ့သူကို စိတ် ပြေသွားအောင်ဘယ်လိုလုပ်မလဲ။သူတို့ ဘဝအတွက် အားငယ်နေတဲ့သူ တစ်ယောက် ကို ပိုပြီးတော့ ခွန်အား ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လိုပံ့ပိုးမလဲပေါ့။နှုတ်၏ ဖြစ်ဖြစ် လက်၏ ဖြစ်ဖြစ် တခုခုပံ့ပိုးတာအတွက် ကျွန်တော်ပြောခဲ့တာပါ ။ကျန်တာဘာမှ မရှိပါဘူး” လို့ ၎င်းကတရားရုံးစစ်ဆေးမှုအပြီး သတင်းသမားများကို ပြောကြားခဲ့ပါတယ်။

အဆိုပါ အမှုသည် အလှမယ် သင်းသင်းက သရုပ်ဆောင်ဝေဠုကျော်အား ကာမလိမ်လည်မူဖြင့် သင်္ဃန်း ကျွန်းမြို့နယ်တရားရုံးတွင် ဇန်နဝါရီလ ၈ရက် က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကိုဝေဠု ကျော်အား တရားရုံးမှ အာမခံ ခွင့်ပြုပေးခဲ့သည့်အတွက် အာမခံဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မတ် ၈ 

(  Zawgyi  )

 သ႐ုပ္ေဆာင္ေဝဠဳေက်ာ္အမႈ တြင္ အလွမယ္ သင္းသင္း မွ သက္ေသခံတင္သြင္းထားသည့္ အသံဖိုင္မ်ားအား  ယေန႔ မတ္လ ၈ ရက္ နံနက္ပိုင္းတြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံး ၌ ၾကားနာစစ္ေဆးခဲ့ပါတယ္။

သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ႏွင့္ အလွမယ္ သင္းသင္းတို႔ေျပာဆိုခဲ့သည့္ အသံဖိုင္မ်ား၊ ကိုေဝဠဳေက်ာ္ ညီမ ႏွင့္ မသင္းသင္းတို႔ ေျပာၾကားထားသည့္ အသံဖိုင္းမ်ား ၊ Myanmar Celebrity ႏွင့္ Popular သတင္းဌာနတို႔တြင္ ကိုေဝဠဳေက်ာ္ ေျပာၾကားထားသည့္ အသံဖိုင္မ်ား အား နားေထာင္ စစ္ေဆးခဲ့ျခင္းျဖစ္ပါတယ္။

အလွမယ္ သင္းသင္းဘက္မွ လိုက္ပါေဆာင္႐ြက္တဲ့ တရားလႊတ္ေတာ္ေရွ႕ေနဦးေရာဘတ္စန္းေအာင္ “အဲ့ဒါနဲ႔ ပတ္သက္တဲ့ဟာကို ဖြင့္နားေထာင္တယ္။အဲ့ဒါနဲ႔ ပတ္သက္ၿပီး ေရးထားတဲ့စာေတြ တိုက္ၾကည့္တယ္။ ႏွစ္ဖက္ အျငင္းပြားမႈ မရွိပါဘူး” လို႔ တရားရံုံး စစ္ေဆးမႈ အၿပီး သတင္းသမားမ်ားကိုေျပာၾကားခဲ့ပါတယ္။

ကိုေဝဠဳေက်ာ္ႏွင့္ မသင္းသင္းတို႔ ေျပာၾကားထားသည့္အသံဖိုင္တြင္ ကိုေဝဠဳေက်ာ္မွ မသင္းသင္းအား အားေပး စကားေျပာၾကားထားသည္မ်ား ပါဝင္ေနၿပီး ထိုသို႔ေျပာၾကားမႈအား ျပန္လည္နားေထာင္ရသည့္အတြက္ မည္သို႔ မွ် ခံစားမႈမရွိေတာ့ဘူးလို႔ အလွမယ္ သင္းသင္းကေျပာၾကား ခဲ့ပါတယ္။ “ဘယ္လိုမွ မခံစားပါဘူး။ဘာလို႔လဲဆိုေတာ့ စကားဆိုတာအမ်ိဳးမ်ိဳးေျပာထားတာ ျဖစ္သည့္အတြက္ အမအတြက္ဘာခံစားမႈမွ မရွိေတာ့ပါဘူး” လို႔ေျပာၾကားခဲ့ပါတယ္။
 
ကိုေဝဠဳေက်ာ္က အသံဖိုင္တြင္ ပါဝင္သည့္ အားေပးစကားမ်ားသည္ လူတိုင္းအေပၚတြင္ ကူညီခဲ့သည့္အတိုင္း စိတ္ဓာတ္ခြန္အား ရရွိလာေစရန္ ပံ့ပိုးခဲ့ျခင္းသာျဖစ္ၿပီး ယခုအခ်ိန္အထိ မည္သူ႔ကို မွ် နစ္နာလိုသည့္ ဆႏၵမရွိ ဘူးလို႔ ဆိုပါတယ္။“ခုခ်ိန္ထိလည္းဘယ္သူ႔ကို မွ နစ္နာေစလိုတဲ့ ဆႏၵဘယ္သူ႔ကိုေပၚမွာမွ မရွိေသးပါဘူး။ကြၽန္ေတာ္ လူတိုင္းေပၚ မွာ အတက္ႏိုင္ဆုံးကူညီတယ္။လူေတြကို စိတ္ဓာတ္ခြန္အားရွိ လာေစခ်င္ တယ္ေပါ့။ စိတ္ညစ္ေနတဲ့သူကို စိတ္ ေျပသြားေအာင္ဘယ္လိုလုပ္မလဲ။သူတို႔ ဘဝအတြက္ အားငယ္ေနတဲ့သူ တစ္ေယာက္ ကို ပိုၿပီးေတာ့ ခြန္အား ျဖစ္လာေအာင္ ကြၽန္ေတာ္တို႔ ဘယ္လိုပံ့ပိုးမလဲေပါ့။ႏႈတ္၏ ျဖစ္ျဖစ္ လက္၏ ျဖစ္ျဖစ္ တခုခုပံ့ပိုးတာအတြက္ ကြၽန္ေတာ္ေျပာခဲ့တာပါ ။က်န္တာဘာမွ မရွိပါဘူး” လို႔ ၎ကတရား႐ုံးစစ္ေဆးမႈအၿပီး သတင္းသမားမ်ားကို ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အမႈသည္ အလွမယ္ သင္းသင္းက သ႐ုပ္ေဆာင္ေဝဠဳေက်ာ္အား ကာမလိမ္လည္မူျဖင့္ သဃၤန္း ကြၽန္းၿမိဳ႕နယ္တရား႐ုံးတြင္ ဇန္နဝါရီလ ၈ရက္ က တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ဇန္နဝါရီ ၂၂ ရက္ေန႔တြင္ ကိုေဝဠဳ ေက်ာ္အား တရား႐ုံးမွ အာမခံ ခြင့္ျပဳေပးခဲ့သည့္အတြက္ အာမခံျဖင့္ တရားရင္ဆိုင္ေနရျခင္းျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ မတ္ ၈