အသက်ရှင်နေသရွေ့ ဘယ်နေရာကမဆို အနုပညာအလုပ်တွေသာ လုပ်သွားမယ် ညောင်ညောင်

အသက်ရှင်နေသရွေ့ ဘယ်နေရာကမဆို အနုပညာအလုပ်တွေသာ လုပ်သွားမယ် ညောင်ညောင်

မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေထဲမှာ ဇာတ်ပို့ဇာတ်ရန် နေရာကနေ သရုပ်ဆောင်နေတဲ့ ညောင်ညောင်ဟာ အနုပညာ အလုပ်တွေကို သူအသက်ရှင်နေသရွေ့ လုပ်ကိုင်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

"အခုခေါလောဆယ်မှာ ပရက်ဆန်တာ (အစီအစဉ် တင်ဆက်သူ) နေရာကနေ လုပ်ကိုင်နေရတာတွေ ရှိပါတယ်၊ ပွဲလေးတွေဖိတ်တာကြောင့် လုပ်ပေးပါဦးဆိုတော့ လုပ်ပေးရတာပါ၊ မကြာခင်မှာလည်း ဇာတ်ကားတစ်ကားထဲ သရုပ်ဆောင်ပေးဖို့တော့ ပြောထားတာ ရှိပါတယ်၊ မေလထဲ လောက်တော့ ဖြစ်ပါလိမ့်မယ်"လို့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင် ညောင်ညောင်က ပြောပြပါတယ်။ သူ့အနေနဲ့ အနုပညာအပေါ် ဝါသနာကို အရင်းခံကာ လုပ်ကိုင်နေတာကြောင့် ဘယ်ဇာတ်ရုပ်နေရာကမဆို လာကမ်းလှမ်းလာတိုင်း လုပ်ကိုင်ပေးနေတဲ့အပြင် သရုပ်ဆောင်သစ် တစ်ချို့ကိုလည်း သူတတ်ထားတဲ့ ပညာတွေကို ဝေမျှပေးလေ့ရှိပါတယ်။ "ဟုတ်တယ်ဗျာ၊ ဗီဒီယို လောက ပျက်သုဉ်းသွားပေမယ့် အခုနောက်ပိုင်း မှာ ရုပ်ရှင် ကားလေးတွေက များလာလို့ အလုပ်အနေနဲ့ သိပ်ပြီး အဆက်အသွယ်မပြတ်တော့တာပါ၊ အသက်ရှင်နေ သရွေ့တော့ သရုပ်ဆောင်နေ ဦးမှာပါ၊ ဘယ်နေရာက ဖြစ်ဖြစ်ပေါ့၊ ဗီလိန်ခန်းကနေ ပါဆိုလည်း ပါရမှာပဲလေ၊ ကိုယ်က သရုပ်ဆောင်အလုပ်ကို ဝါသနာပါနေတာကိုးဗျ၊ ဒါပေမဲ့ အခုတော့ အဖေအခန်းကနေ ရိုက်နေရပြီလေ"လို့လည်း သူက ရှင်းပြပါတယ်။

အနုပညာလောကမှာ ဝါရင့်သောဇာတ်ပို့ဇာတ်ရန် တစ်ဦးဖြစ်တဲ့ ၎င်းဟာ သူနဲ့ခင်မင်ရတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ကူညီ လုပ်ကိုင်ပေး တဲ့အနေနဲ့ ရှုတင်မန်နေဂျာ အဖြစ် လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ "ပရိသတ်တွေအနေနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေဗျာ၊ အနုပညာလောကထဲမှာ တစ်ထောင့်တစ်နေရာကနေ ရှိနေဦးမှာပါ၊ အသက်ရှင်ခွင့်ရတဲ့အချိန်အထိ ဘဝမှာ ဒီအလုပ်ပဲ စောင်းပေး လုပ်သွားမယ်လို့ ထပ်မံပြောကြားပါစေဗျာ" လို့လည်း သူက ဆက်ပြောပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၂၉

(  Zawgyi  )

 ျမန္မာ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြထဲမွာ ဇာတ္ပို႔ဇာတ္ရန္ ေနရာကေန သ႐ုပ္ေဆာင္ေနတဲ့ ေညာင္ေညာင္ဟာ အႏုပညာ အလုပ္ေတြကို သူအသက္ရွင္ေနသေ႐ြ႕ လုပ္ကိုင္သြားဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

"အခုေခါေလာဆယ္မွာ ပရက္ဆန္တာ (အစီအစဥ္ တင္ဆက္သူ) ေနရာကေန လုပ္ကိုင္ေနရတာေတြ ရွိပါတယ္၊ ပြဲေလးေတြဖိတ္တာေၾကာင့္ လုပ္ေပးပါဦးဆိုေတာ့ လုပ္ေပးရတာပါ၊ မၾကာခင္မွာလည္း ဇာတ္ကားတစ္ကားထဲ သ႐ုပ္ေဆာင္ေပးဖို႔ေတာ့ ေျပာထားတာ ရွိပါတယ္၊ ေမလထဲ ေလာက္ေတာ့ ျဖစ္ပါလိမ့္မယ္"လို႔ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္ ေညာင္ေညာင္က ေျပာျပပါတယ္။ သူ႔အေနနဲ႔ အႏုပညာအေပၚ ဝါသနာကို အရင္းခံကာ လုပ္ကိုင္ေနတာေၾကာင့္ ဘယ္ဇာတ္႐ုပ္ေနရာကမဆို လာကမ္းလွမ္းလာတိုင္း လုပ္ကိုင္ေပးေနတဲ့အျပင္ သ႐ုပ္ေဆာင္သစ္ တစ္ခ်ိဳ႕ကိုလည္း သူတတ္ထားတဲ့ ပညာေတြကို ေဝမွ်ေပးေလ့ရွိပါတယ္။ "ဟုတ္တယ္ဗ်ာ၊ ဗီဒီယို ေလာက ပ်က္သုဥ္းသြားေပမယ့္ အခုေနာက္ပိုင္း မွာ ႐ုပ္ရွင္ ကားေလးေတြက မ်ားလာလို႔ အလုပ္အေနနဲ႔ သိပ္ၿပီး အဆက္အသြယ္မျပတ္ေတာ့တာပါ၊ အသက္ရွင္ေန သေ႐ြ႕ေတာ့ သ႐ုပ္ေဆာင္ေန ဦးမွာပါ၊ ဘယ္ေနရာက ျဖစ္ျဖစ္ေပါ့၊ ဗီလိန္ခန္းကေန ပါဆိုလည္း ပါရမွာပဲေလ၊ ကိုယ္က သ႐ုပ္ေဆာင္အလုပ္ကို ဝါသနာပါေနတာကိုးဗ်၊ ဒါေပမဲ့ အခုေတာ့ အေဖအခန္းကေန ႐ိုက္ေနရၿပီေလ"လို႔လည္း သူက ရွင္းျပပါတယ္။

အႏုပညာေလာကမွာ ဝါရင့္ေသာဇာတ္ပို႔ဇာတ္ရန္ တစ္ဦးျဖစ္တဲ့ ၎ဟာ သူနဲ႔ခင္မင္ရတဲ့ ႐ုပ္ရွင္ထုတ္လုပ္ေရး လုပ္ငန္းေတြကို ကူညီ လုပ္ကိုင္ေပး တဲ့အေနနဲ႔ ရႈတင္မန္ေနဂ်ာ အျဖစ္ လုပ္ေဆာင္ေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။ "ပရိသတ္ေတြအေနနဲ႔ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာပါေစဗ်ာ၊ အႏုပညာေလာကထဲမွာ တစ္ေထာင့္တစ္ေနရာကေန ရွိေနဦးမွာပါ၊ အသက္ရွင္ခြင့္ရတဲ့အခ်ိန္အထိ ဘဝမွာ ဒီအလုပ္ပဲ ေစာင္းေပး လုပ္သြားမယ္လို႔ ထပ္မံေျပာၾကားပါေစဗ်ာ" လို႔လည္း သူက ဆက္ေျပာပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၂၉