အော်စကာဆုကို ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တဲ့ ဘရက်ပစ် Parasite ရုပ်ရှင်က အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆုလေးဆု ရရှိခဲ့

အော်စကာဆုကို ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တဲ့ ဘရက်ပစ် Parasite ရုပ်ရှင်က အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆုလေးဆု ရရှိခဲ့

ယခုနှစ် ၉၂ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ နာမည်ကျော် မင်းသား ဘရက်ပစ်က Once Upon a Time…in Hollywood ရုပ်ရှင်ဇာတ်ကားနဲ့ Best Supporting Actor (အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု) ကို ရရှိခဲ့ပါတယ်။ ဘရက်ပစ်အနေနဲ့  ၂၀၁၄ ခုနှစ်တုန်းက  ရုပ်ရှင် ထုတ်လုပ်သူ ပရိုဂျူဆာအနေနဲ့ အော်စကာဆု ရရှိခဲ့ဖူးပေမယ့် သရုပ်ဆောင်တစ်ယောက်အနေနဲ့တော့ ဒီနှစ်မှာ ရရှိခဲ့တဲ့ဆုက ပထမဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ဘရက်ပစ်က  အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို  Al Pacino (The Irishman)၊ Joe Pesci (The Irishman)၊ Anthony Hopkins (The Two Popes) နဲ့ Tom Hanks (A Beautiful Day in the Neighborhood) တို့ကို ကျော်ဖြတ်ပြီးရရှိခဲ့တာပဲဖြစ်ပါတယ်။

 ဘရက်ပစ်ကတော့ ဒီဆုက သူ့ရဲ့ သားသမီးတွေ အတွက်ပါ။ ကလေးတို့ကို သူအရမ်းချစ်ပါတယ်လို့ ဝမ်းသာစကားထဲမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Marriage Story ရုပ်ရှင်ရဲ့ မင်းသမီး Laura Dern ကလည်း Best Supporting Actress (အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု) ကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ တောင်ကိုရီးယား ရုပ်ရှင် Parasite က ယခုနှစ် ၉၂ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Best Original Screenplay (အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု)၊ Best Picture (အကောင်းဆုံး ဓာတ်ပုံဆု)၊ Best Foreign Language Film (အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်)၊  အပြင် ဖန်တီးသူ ဒါရိုက်တာ Bong Joon Ho ကတော့ Best Diretor (အကောင်းဆုံး ဒါရိုက်တာဆု) ကို ရရှိခဲ့ပါတယ်။ Parasite ရုပ်ရှင်က ပြီးခဲ့တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာလည်း Best Foreign Language Film (အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်) ဆုကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပထမကမ္ဘာစစ်အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ 1917 ရုပ်ရှင်က Best Visual Effects ၊ Best Cinematography နဲ့ Toy Story ရုပ်ရှင်က အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆု တွေကို အသီးသီးရရှိထားပြီးဖြစ်ပါတယ်။

ဖြိုးသီ
Ref : The New York TImes
နယူးယောက်၊ ဖေဖော်ဝါရီ ၁၀

(  Zawgyi  )

 ယခုႏွစ္ ၉၂ႀကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲမွာ နာမည္ေက်ာ္ မင္းသား ဘရက္ပစ္က Once Upon a Time…in Hollywood ႐ုပ္ရွင္ဇာတ္ကားနဲ႔ Best Supporting Actor (အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆု) ကို ရရွိခဲ့ပါတယ္။ ဘရက္ပစ္အေနနဲ႔  ၂၀၁၄ ခုႏွစ္တုန္းက  ႐ုပ္ရွင္ ထုတ္လုပ္သူ ပ႐ိုဂ်ဴဆာအေနနဲ႔ ေအာ္စကာဆု ရရွိခဲ့ဖူးေပမယ့္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ေတာ့ ဒီႏွစ္မွာ ရရွိခဲ့တဲ့ဆုက ပထမဆုံးလို႔ ဆိုရမွာျဖစ္ပါတယ္။ ဘရက္ပစ္က  အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို  Al Pacino (The Irishman)၊ Joe Pesci (The Irishman)၊ Anthony Hopkins (The Two Popes) နဲ႔ Tom Hanks (A Beautiful Day in the Neighborhood) တို႔ကို ေက်ာ္ျဖတ္ၿပီးရရွိခဲ့တာပဲျဖစ္ပါတယ္။

 ဘရက္ပစ္ကေတာ့ ဒီဆုက သူ႔ရဲ႕ သားသမီးေတြ အတြက္ပါ။ ကေလးတို႔ကို သူအရမ္းခ်စ္ပါတယ္လို႔ ဝမ္းသာစကားထဲမွာ ထည့္သြင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ Marriage Story ႐ုပ္ရွင္ရဲ႕ မင္းသမီး Laura Dern ကလည္း Best Supporting Actress (အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု) ကို ပထမဆုံးအႀကိမ္ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

႐ုပ္ရွင္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကတဲ့ ေတာင္ကိုရီးယား ႐ုပ္ရွင္ Parasite က ယခုႏွစ္ ၉၂ႀကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲမွာ Best Original Screenplay (အေကာင္းဆုံး ႐ုပ္ရွင္ဇာတ္ၫႊန္းဆု)၊ Best Picture (အေကာင္းဆုံး ဓာတ္ပုံဆု)၊ Best Foreign Language Film (အေကာင္းဆုံး ႏိုင္ငံျခားဘာသာစကားေျပာ ႐ုပ္ရွင္)၊  အျပင္ ဖန္တီးသူ ဒါ႐ိုက္တာ Bong Joon Ho ကေတာ့ Best Diretor (အေကာင္းဆုံး ဒါ႐ိုက္တာဆု) ကို ရရွိခဲ့ပါတယ္။ Parasite ႐ုပ္ရွင္က ၿပီးခဲ့တဲ့ ေ႐ႊကမာၻလုံး ဆုေပးပြဲမွာလည္း Best Foreign Language Film (အေကာင္းဆုံး ႏိုင္ငံျခားဘာသာစကားေျပာ ႐ုပ္ရွင္) ဆုကို ရရွိခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ပထမကမာၻစစ္အေၾကာင္း ႐ိုက္ကူးပုံေဖာ္ထားတဲ့ 1917 ႐ုပ္ရွင္က Best Visual Effects ၊ Best Cinematography နဲ႔ Toy Story ႐ုပ္ရွင္က အေကာင္းဆုံး အန္နီေမးရွင္း႐ုပ္ရွင္ဆု ေတြကို အသီးသီးရရွိထားၿပီးျဖစ္ပါတယ္။

ၿဖိဳးသီ
Ref : The New York TImes
နယူးေယာက္၊ ေဖေဖာ္ဝါရီ ၁၀