အွန်လိုင်းဖျော်ဖြေပွဲအတွက် ပြင်ဆင်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်း

အွန်လိုင်းဖျော်ဖြေပွဲအတွက် ပြင်ဆင်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်း

မိုးရာသီကာလအတွက် အွန်လိုင်းကနေဖျော်ဖြေခဲ့သလို ယခုဆောင်းကာလ အွန်လိုင်းဖျော်ဖြေပွဲတစ်ရပ် ကျင်းပဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ မျိုးဆက်သစ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေတ္တာမြင့်မြတ်ဟိန်း က ပြောကြားခဲ့ပါတယ်။

သူဟာ ဝါရင့်လူရွှင်တော်ကြီးတစ်ဦးဖြစ်တဲ့ ဦးမေတ္တာရဲ့ သားလည်းဖြစ်သလို ဦးမေတ္တာမှ ဦးစီးတည်ထောင်ထားတဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့မှာလည်း ပါဝင်သူတစ်ဦးဖြစ်ခဲ့သလို ယခုလို COVID ကာလမှာ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။လက်ရှိမှာလည်း ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေသလို တစ်ဖက်ကလည်း ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

“အခုက ဟေမာန်ရာသီအတွက် ကပြဖျော်ဖြေဖို့ စီစဉ်နေပါတယ်၊ အလုပ်ကိုတော့ ခွဲခြားပြီးလုပ်နေရတာပေါ့၊ ပရဟိတလုပ်တဲ့အချိန်မှာကလည်း ပရဟိတစိတ်ပေါ့၊ ဒီမှာလုပ်နေရင်းနဲ့ ဒီဘက်က အလုပ်ပြီးရင် ပရဟိတအလုပ်လုပ်တယ်၊ ဒီဘက်ကအလုပ်ကဒီဘက် ပါမသွားဘူး၊ မျှအောင်နေတယ်၊ ရောမရောက်ရင် ရောမလိုကျင့်တာပေါ့နော်၊ ကျွန်တော်က အခု ကိုအောင်သော်ရဲ့အနားမှာနေတာ တစ်နှစ်နီးပါးပြည့်တော့မယ်၊ COVID ကာလမှာ အနီးကပ်သွားလာနေတယ်၊ ဖျော်ဖြေရေးအတွက် ဇာတ်တိုက်တော့လည်း အတူတူ ကျွန်တော့်ကို ပါခွင့်ပေးတယ်၊ ကျွန်တော်နဲ့အတူ မေတ္တာရွှေစင်အဖွဲ့ကိုလည်း ပါဝင်ခွင့်ပေးတယ်၊ လက်ရှိမှာ ကျွန်တော်တို့က ဖျော်ဖြေရေးအတွက် ပြင်ဆင်နေတဲ့အနေအထားမှာရှိပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူဟာ လူရွှင်တော် အောင်သော် တည်ထောင်ထားတဲ့ GMW အဖွဲ့မှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာ COVID 19 စတင်ကူးစက်ဖြစ်ပွားချိန်ကတည်းက ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ပရဟိတအလုပ်တွေကို ပြေးပြီးလုပ်လိုက်၊ ဖျော်ဖြေပွဲအတွက်ပြင်ဆင်လိုက်နဲ့ အချိန်ရရင်ရသလို ကြိုးပမ်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားနဲ့ ပတ်သက်လို့လည်း ၎င်းက “အနုပညာပိုင်းအတွက်လည်း ကျွန်တော်အများကြီးလုပ်သွားဖို့ရှိပါသေးတယ်၊ မကြာခင်မှာလည်း ဒီရောဂါကြီးက နိဂုံးချုပ်ခါနီးပါပြီ၊ မိသားစုအားလုံး စိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်မှာလည်း ပျော်ရွှင်ကြပါစေ ကံကောင်းခြင်းများ အမြဲရောက်ရှိလာပါစေ၊ အရာအားလုံးအဆင်ပြေပါစေ၊ COVID ရောဂါပိုးတွေ အမြန်ဆုံးကင်းရှင်းသွားပြီးတော့ ပုံမှန်လှုပ်ရှားသည်ထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်မြန်မာနိုင်ငံကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ” လို့ ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - မေတ္တာမြင့်မြတ်ဟိန်း)
ရန်ကုန်၊ ဇန်နဝါရီ - ၆

( Zawgyi )

မိုးရာသီကာလအတြက္ အြန္လိုင္းကေနေဖ်ာ္ေျဖခဲ့သလို ယခုေဆာင္းကာလ အြန္လိုင္းေဖ်ာ္ေျဖပြဲတစ္ရပ္ က်င္းပဖို႔အတြက္ လိုအပ္တဲ့ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ မ်ိဳးဆက္သစ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ေမတၱာျမင့္ျမတ္ဟိန္း က ေျပာၾကားခဲ့ပါတယ္။

သူဟာ ဝါရင့္လူ႐ႊင္ေတာ္ႀကီးတစ္ဦးျဖစ္တဲ့ ဦးေမတၱာရဲ႕ သားလည္းျဖစ္သလို ဦးေမတၱာမွ ဦးစီးတည္ေထာင္ထားတဲ့ ေမတၱာေ႐ႊစင္အၿငိမ့္အဖြဲ႕မွာလည္း ပါဝင္သူတစ္ဦးျဖစ္ခဲ့သလို ယခုလို COVID ကာလမွာ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။လက္ရွိမွာလည္း ေဖ်ာ္ေျဖပြဲအတြက္ ျပင္ဆင္ေနသလို တစ္ဖက္ကလည္း ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနသူျဖစ္ပါတယ္။

“အခုက ေဟမာန္ရာသီအတြက္ ကျပေဖ်ာ္ေျဖဖို႔ စီစဥ္ေနပါတယ္၊ အလုပ္ကိုေတာ့ ခြဲျခားၿပီးလုပ္ေနရတာေပါ့၊ ပရဟိတလုပ္တဲ့အခ်ိန္မွာကလည္း ပရဟိတစိတ္ေပါ့၊ ဒီမွာလုပ္ေနရင္းနဲ႔ ဒီဘက္က အလုပ္ၿပီးရင္ ပရဟိတအလုပ္လုပ္တယ္၊ ဒီဘက္ကအလုပ္ကဒီဘက္ ပါမသြားဘူး၊ မွ်ေအာင္ေနတယ္၊ ေရာမေရာက္ရင္ ေရာမလိုက်င့္တာေပါ့ေနာ္၊ ကြၽန္ေတာ္က အခု ကိုေအာင္ေသာ္ရဲ႕အနားမွာေနတာ တစ္ႏွစ္နီးပါးျပည့္ေတာ့မယ္၊ COVID ကာလမွာ အနီးကပ္သြားလာေနတယ္၊ ေဖ်ာ္ေျဖေရးအတြက္ ဇာတ္တိုက္ေတာ့လည္း အတူတူ ကြၽန္ေတာ့္ကို ပါခြင့္ေပးတယ္၊ ကြၽန္ေတာ္နဲ႔အတူ ေမတၱာေ႐ႊစင္အဖြဲ႕ကိုလည္း ပါဝင္ခြင့္ေပးတယ္၊ လက္ရွိမွာ ကြၽန္ေတာ္တို႔က ေဖ်ာ္ေျဖေရးအတြက္ ျပင္ဆင္ေနတဲ့အေနအထားမွာရွိပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူဟာ လူ႐ႊင္ေတာ္ ေအာင္ေသာ္ တည္ေထာင္ထားတဲ့ GMW အဖြဲ႕မွာ အတြင္းေရးမႉးအျဖစ္ လုပ္ကိုင္ေနၿပီး ျမန္မာႏိုင္ငံမွာ COVID 19 စတင္ကူးစက္ျဖစ္ပြားခ်ိန္ကတည္းက ပရဟိတအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ကိုင္ေနသူျဖစ္ပါတယ္။ပရဟိတအလုပ္ေတြကို ေျပးၿပီးလုပ္လိုက္၊ ေဖ်ာ္ေျဖပြဲအတြက္ျပင္ဆင္လိုက္နဲ႔ အခ်ိန္ရရင္ရသလို ႀကိဳးပမ္းလုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

ပရိသတ္ေတြအတြက္ ႏွစ္သစ္ဆုေတာင္းစကားနဲ႔ ပတ္သက္လို႔လည္း ၎က “အႏုပညာပိုင္းအတြက္လည္း ကြၽန္ေတာ္အမ်ားႀကီးလုပ္သြားဖို႔ရွိပါေသးတယ္၊ မၾကာခင္မွာလည္း ဒီေရာဂါႀကီးက နိဂုံးခ်ဳပ္ခါနီးပါၿပီ၊ မိသားစုအားလုံး စိတ္သစ္ကိုယ္သစ္နဲ႔ ႏွစ္သစ္မွာလည္း ေပ်ာ္႐ႊင္ၾကပါေစ ကံေကာင္းျခင္းမ်ား အၿမဲေရာက္ရွိလာပါေစ၊ အရာအားလုံးအဆင္ေျပပါေစ၊ COVID ေရာဂါပိုးေတြ အျမန္ဆုံးကင္းရွင္းသြားၿပီးေတာ့ ပုံမွန္လႈပ္ရွားသည္ထက္ ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ျမန္မာႏိုင္ငံႀကီးျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ခင္ဗ်ာ” လို႔ ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ေမတၱာျမင့္ျမတ္ဟိန္း)
ရန္ကုန္၊ ဇန္နဝါရီ - ၆