ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့ကြိုးပမ်းရင်း နေရာတစ်နေရာ ရပ်တည်နိုင်ခဲ့တဲ့ ဒီဇိုင်နာ မထက်

ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့ကြိုးပမ်းရင်း နေရာတစ်နေရာ ရပ်တည်နိုင်ခဲ့တဲ့ ဒီဇိုင်နာ မထက်

ကိုယ်ယုံကြည်ရာ ဦးတည်ချက်ကို ရဲရဲဝံ့ဝံ့ဖြင့် ကြိုးပမ်းလုပ်ဆောင်ရင်းနဲ့ အခုဆိုရင် နေရာတစ်နေရာအဖြစ် ရပ်တည်လာနိုင်တဲ့ အခြေအနေမျိုးဖြစ်လာတယ်လု့ိ ဒီဇိုင်နာ မထက် က ပြောပါတယ်။

“အစ်မဆိုရင် တော်တော်လေး အခက်အခဲတွေကြုံရပါတယ်၊ အစ်မတို့ ဒီမှာက ဆံပင်မိတ်ကပ်လုပ်တဲ့အခါ လူတွေက တစ်ဆင့်နိမ့်ပြီးတော့ ဆက်ဆံတတ်ကြတယ်တယ်၊ အနီးစပ်ဆုံးဆိုရင် အိမ်ကစပြီးတော့ ချုပ်ချယ်ပါတယ်၊ အဒေါ်တွေဆိုရင်လည်း တအားရှက်ကြတယ်၊ ရှက်စရာကောင်းတဲ့အလုပ်လို့ထင်ကြတယ်၊ အဖေကဆိုရင် မကြိုက်ဘူး၊ ဒါပေမဲ့ မှန်တယ်မှားတယ်ဆိုတာ တစ်ချိန်ကျရင် ဖန်တီးတဲ့သူကပဲ သိရှိခံစားရမှာ လို့ ပြောတယ်လေ၊ အခက်အခဲတွေနဲ့ တော်တော်လေး ရင်ဆိုင်ခဲ့ရတာပါ” လို့ မထက် က ပြောပါတယ်။

သူ့အနေနဲ့ အသက် ၁၈ နှစ်အရွယ်ကတည်းက စတင်ကာ ဆံပင်မိတ်ကပ်ပညာတို့ကို ကြိုးပမ်းလေ့လာကာ လုပ်ကိုင်လာခဲ့ပြီး အသက် ၂၄ နှစ်ကို ရောက်တဲ့အခါမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ ရပ်တည်လာနိုင် ခဲ့သလို သူ့ရဲ့ဖခင်ကလည်း သူ့ကိုဆိုင်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ သူဟာ ခက်ခဲမှုတွေ ပြစ်တင်ဝေဖန် တိုက်ခိုက်ခံရမှုတွေကို အများအပြားကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကြံ့ခိုင်မှုမြင့်မားစေတဲ့ ဘာသာပြန် တက်ကျမ်းစာအုပ်တွေကိုလည်း ဖတ်ခဲ့ပြီး ကိုယ်ယုံကြည်ရာကို ရဲဝံ့စွာကြိုးပမ်းရင်း ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်ရှုံ့ချတာတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အစ်မ မကြိုက်ဆုံးက Gay လို့ခေါ်တာပဲ၊ ပတ်ဝန်းကျင်က ပြောလာတော့ အစ်မဒါကိုဘယ်လိုမှ လက်မခံနိုင်ဘူးလေ၊ ဒါပေမဲ့ အစ်မဖတ်ထားတဲ့စာအုပ်တွေ၊ စာပေအတွေ့အကြုံတွေအရ စိတ်ဓာတ်ရင့်ကျက်ပြီး တဖြေးဖြေးနဲ့ လက်ခံလာနိုင်ခဲ့ပါတယ်၊ Gay ဆိုတာ ရှက်စရာမဟုတ်ဘူးလို့ ခံယူတတ်လာတယ်၊ လူတွေထဲက လူတစ်မျိုး ပုံစံမတူအတွေးအခေါ်မတူဘဲ ကိုယ်ယုံကြည်ရာကို လုပ်ဆောင်နေသူလို့ ခံယူတတ်လာခဲ့ပါတယ်” လို့ သူက ရှင်းပြပါတယ်။

သူ့ရဲ့ ယုံကြည်ချက်အတိုင်း အသက် ၃၃ နှစ်အရွယ်မှာ ခန္ဓာကိုယ်ကိုခွဲစိတ်ပြီး ဆီလီကွန်များထည့်သွင်းလုပ်ဆောင်ခဲ့သလို အသက် ၃၅ နှစ်အရွယ်ကနေ စတင်ပြီးတော့ မိန်းမတစ်ဦးအဖြစ် ရုပ်ပိုင်းဆိုင်ရာမှာ လုံးဝပြောင်းလဲကာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

“အစ်မ ပြောချင်တာတစ်ခုက ကိုယ်ဘာပဲလုပ်လုပ် ကိုယ်ယုံကြည်ရာကို စိတ်မလျှော့ဘဲ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဖို့လိုပါတယ်၊ ကိုယ့်ရဲ့ကြိုးပမ်းမှုတွေဟာ အနာဂတ်မှာ ပန်းတိုင်ဆိုတဲ့ အသီးအပွင့်ကောင်းတွေကို ခံစားရမှာပါ”လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၁

( Zawgyi )

ကိုယ္ယုံၾကည္ရာ ဦးတည္ခ်က္ကို ရဲရဲဝံ့ဝံ့ျဖင့္ ႀကိဳးပမ္းလုပ္ေဆာင္ရင္းနဲ႔ အခုဆိုရင္ ေနရာတစ္ေနရာအျဖစ္ ရပ္တည္လာႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္လာတယ္လု႔ိ ဒီဇိုင္နာ မထက္ က ေျပာပါတယ္။

“အစ္မဆိုရင္ ေတာ္ေတာ္ေလး အခက္အခဲေတြႀကဳံရပါတယ္၊ အစ္မတို႔ ဒီမွာက ဆံပင္မိတ္ကပ္လုပ္တဲ့အခါ လူေတြက တစ္ဆင့္နိမ့္ၿပီးေတာ့ ဆက္ဆံတတ္ၾကတယ္တယ္၊ အနီးစပ္ဆုံးဆိုရင္ အိမ္ကစၿပီးေတာ့ ခ်ဳပ္ခ်ယ္ပါတယ္၊ အေဒၚေတြဆိုရင္လည္း တအားရွက္ၾကတယ္၊ ရွက္စရာေကာင္းတဲ့အလုပ္လို႔ထင္ၾကတယ္၊ အေဖကဆိုရင္ မႀကိဳက္ဘူး၊ ဒါေပမဲ့ မွန္တယ္မွားတယ္ဆိုတာ တစ္ခ်ိန္က်ရင္ ဖန္တီးတဲ့သူကပဲ သိရွိခံစားရမွာ လို႔ ေျပာတယ္ေလ၊ အခက္အခဲေတြနဲ႔ ေတာ္ေတာ္ေလး ရင္ဆိုင္ခဲ့ရတာပါ” လို႔ မထက္ က ေျပာပါတယ္။

သူ႔အေနနဲ႔ အသက္ ၁၈ ႏွစ္အ႐ြယ္ကတည္းက စတင္ကာ ဆံပင္မိတ္ကပ္ပညာတို႔ကို ႀကိဳးပမ္းေလ့လာကာ လုပ္ကိုင္လာခဲ့ၿပီး အသက္ ၂၄ ႏွစ္ကို ေရာက္တဲ့အခါမွာေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြနဲ႔ ရပ္တည္လာႏိုင္ ခဲ့သလို သူ႔ရဲ႕ဖခင္ကလည္း သူ႔ကိုဆိုင္ဖြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။ သူဟာ ခက္ခဲမႈေတြ ျပစ္တင္ေဝဖန္ တိုက္ခိုက္ခံရမႈေတြကို အမ်ားအျပားႀကဳံခဲ့ရေပမယ့္ စိတ္ဓာတ္ႀကံ့ခိုင္မႈျမင့္မားေစတဲ့ ဘာသာျပန္ တက္က်မ္းစာအုပ္ေတြကိုလည္း ဖတ္ခဲ့ၿပီး ကိုယ္ယုံၾကည္ရာကို ရဲဝံ့စြာႀကိဳးပမ္းရင္း ပတ္ဝန္းက်င္ရဲ႕ တိုက္ခိုက္ရႈံ႕ခ်တာေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

“အစ္မ မႀကိဳက္ဆုံးက Gay လို႔ေခၚတာပဲ၊ ပတ္ဝန္းက်င္က ေျပာလာေတာ့ အစ္မဒါကိုဘယ္လိုမွ လက္မခံႏိုင္ဘူးေလ၊ ဒါေပမဲ့ အစ္မဖတ္ထားတဲ့စာအုပ္ေတြ၊ စာေပအေတြ႕အႀကဳံေတြအရ စိတ္ဓာတ္ရင့္က်က္ၿပီး တေျဖးေျဖးနဲ႔ လက္ခံလာႏိုင္ခဲ့ပါတယ္၊ Gay ဆိုတာ ရွက္စရာမဟုတ္ဘူးလို႔ ခံယူတတ္လာတယ္၊ လူေတြထဲက လူတစ္မ်ိဳး ပုံစံမတူအေတြးအေခၚမတူဘဲ ကိုယ္ယုံၾကည္ရာကို လုပ္ေဆာင္ေနသူလို႔ ခံယူတတ္လာခဲ့ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

သူ႔ရဲ႕ ယုံၾကည္ခ်က္အတိုင္း အသက္ ၃၃ ႏွစ္အ႐ြယ္မွာ ခႏၶာကိုယ္ကိုခြဲစိတ္ၿပီး ဆီလီကြန္မ်ားထည့္သြင္းလုပ္ေဆာင္ခဲ့သလို အသက္ ၃၅ ႏွစ္အ႐ြယ္ကေန စတင္ၿပီးေတာ့ မိန္းမတစ္ဦးအျဖစ္ ႐ုပ္ပိုင္းဆိုင္ရာမွာ လုံးဝေျပာင္းလဲကာ ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။

“အစ္မ ေျပာခ်င္တာတစ္ခုက ကိုယ္ဘာပဲလုပ္လုပ္ ကိုယ္ယုံၾကည္ရာကို စိတ္မေလွ်ာ့ဘဲ ရဲရဲဝံ့ဝံ့နဲ႔ လုပ္ဖို႔လိုပါတယ္၊ ကိုယ့္ရဲ႕ႀကိဳးပမ္းမႈေတြဟာ အနာဂတ္မွာ ပန္းတိုင္ဆိုတဲ့ အသီးအပြင့္ေကာင္းေတြကို ခံစားရမွာပါ”လို႔လည္း သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၁