၂၀၁၈ ရုပ်ရှင်ထူးချွန်ဆုအတွက် ရုံတင်ဇာတ်ကား ၈၃ ကားအနက် ဒုတိယအဆင့် ၂၅ ကားကို ထပ်မံကြည့်ရှု အကဲဖြတ်မည်
၂၀၁၈ ရုပ်ရှင်ထူးချွန်ဆုအတွက် ရုံတင်ဇာတ်ကား ၈၃ ကားအနက် ဒုတိယအဆင့် ၂၅ ကားကို ထပ်မံကြည့်ရှု အကဲဖြတ်မည်
လာမယ့် မတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအတွက် ထူးချွန်ဆုချီးမြှင့်ရေး အကဲဖြတ်အဖွဲ့က ရုံတင်ဇာတ်ကား ၈၃ ကားကို ကြည့်ရှုခဲ့ရာ ဒုတိယအဆင့် ၂၅ ကားကို ထပ်မံကြည့်ရှုဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။
“အစတုန်းက ဇာတ်ကား ၈၃ ကားထဲကနေ အခု ၂၅ ကားကို အကဲဖြတ်အဖွဲ့ဝင်တွေဟာ ထပ်ကြည့်ပြီးတော့ အကောင်းဆုံးဇာတ်ကားကို ထပ်မံရွေးချယ် အကဲဖြတ်ကြမှာ ဖြစ်ပါတယ်” လို့ အကဲဖြတ်အဖွဲ့မှာ ပါဝင်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေး က ပြောပါတယ်။
အဲ့ဒီ ဇာတ်ကား ၂၅ ကားဟာ ဒါရိုက်တာ ကိုပေါက် ရဲ့ မိုးပန်းပွင့်ရဲ့သင်္ကေတ ဇာတ်ကား၊ ဒါရိုက်တာ ဝင်းထွန်းထွန်း ရဲ့ ဝိညာဉ်စိမ်း ဇာတ်ကား၊ ဒါရိုက်တာ အာကာ ရဲ့ ဒုဋ္ဌဝတီကိုကျော်လွန်၍ ဇာတ်ကား၊ ဒါရိုက်တာ အောင်ဇော်လင်း နဲ့ ဝင်းလွင်ထက် တို့ရဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကား၊ ဒါရိုက်တာ ဝင်းထွန်းထွန်း ရဲ့ ငယ်ကျွန် ဇာတ်ကား၊ ဒါရိုက်တာ ဗန်းကြီး ရဲ့ ဥပါဒါန် ဇာတ်ကား၊ ဒါရိုက်တာ သြရသ ရဲ့ မုန်းစွဲ ဇာတ်ကား၊ ဒါရိုက်တာ ဝိုင်း ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကား၊ သတို့သမီး ဇာတ်ကား၊ ရွှေကြာ ဇာတ်ကား နဲ့ သမ္မတကြီးထံပေးစာ ဇာတ်ကား၊ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) ရဲ့ ပြည်ထောင်စုသစ္စာ ဇာတ်ကား၊ ဒါရိုက်တာ ကြည်ဖြူသျှင် ရဲ့ ဇာတိမြေ ဇာတ်ကား၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ မှော်ဝင်သမန်းကျား ဇာတ်ကား၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရဲ့ လရောင်ဖြာတဲ့အင်းလေးမှာ ဇာတ်ကားနဲ့ ငဒူ ဇာတ်ကား၊ ဒါရိုက်တာ ခရစ္စတီးနားခီ ရဲ့ ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ မုဒြာရဲ့ခေါ်သံ ဇာတ်ကား၊ ဒါရိုက်တာ လူမင်း ရဲ့ ကြတ်ဂူ ဇာတ်ကား၊ ဒါရိုက်တာ မောင်ယဉ်အောင် ရဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ဇာတ်ကား၊ ဒါရိုက်တာ ဉာဏ်ထင် ရဲ့ မျက်နှာပြင်များ ဇာတ်ကား၊ ဒါရိုက်တာ ဏကြီး ရဲ့ မီ ဇာတ်ကား၊ ဒါရိုက်တာ သြရသ ရဲ့ တိမ်တိုက်တံတား ဇာတ်ကား၊ ဒါရိုက်တာ မီးပွား ရဲ့ ရန်သူ ဇာတ်ကား၊ ဒါရိုက်တာ ဝင်းလွင်ထက် ရဲ့ ကိုယ်စောင့်နတ် ဇာတ်ကားတို့ပဲ ဖြစ်ကြပါတယ်။
အဲ့ဒီလို အကဲဖြတ်ကြည့်ရှုတာကို လွန်ခဲ့တဲ့ ဒီဇင်ဘာပထမပတ်ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်သလို အဆင့်ဆင့် ဆက်လက်ကြည့်ရှုသွားဖို့လည်း စီစဉ်ထားကြတာ ဖြစ်ပါတယ်။၏လာမယ့် မတ်လထဲ ကျင်းပမယ့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့််ပွဲမှာ ဆုပေါင်း ၁၁ ဆုကို ချီးမြှင့်သွားမှာဖြစ်သလို အကဲဖြတ်အဖွဲ့တွေက ရုံတင်ဇာတ်ကားတွေကို ကြည့်ရှုကာ မဲစနစ်ဖြင့် အမှတ်ပေးလုပ်ဆောင်တာတွေလည်း ရှိခဲ့သလို ဖေဖော်ဝါရီ ၁၈ ရက်မှာ ဆက်လက်ကြည့်ဖို့ ၂၅ ကား ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၉
( Zawgyi )
မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၉