“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား နှစ်လကျော်ကြာ အချိန်ယူရိုက်ကူးမည်

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား နှစ်လကျော်ကြာ အချိန်ယူရိုက်ကူးမည်

“အခမ်းနားဆုံးမေတ္တာ” လို့ နာမည်ရတဲ့ အချစ်ရုပ်ရှင်ဇာတ်ကားတစ်ကားကို ယခုလကုန်ပိုင်းမှ စတင်ကာ ရိုက်ကူးဖို့ စီစဉ်ထားပြီး ရိုက်ကူးချိန် နှစ်လကျော်လောက် အချိန်ယူလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီကားလေးကို အချိန်ယူပြီးတော့ အကောင်းဆုံးဖန်တီးသွားမှာ ဖြစ်ပါတယ်၊ အရည်အသွေးကောင်းကောင်းလေးနဲ့ လုပ်ချင်တာတွေကြောင့်လည်း ဒီလိုမျိုး အချိန်ယူပြီးတော့ရိုက်ဖို့ စနစ်တကျစီစဉ်ထားတာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် က ဆိုပါတယ်။

ထိုဇာတ်ကားကို ဇာတ်လမ်း/ဇာတ်ညွှန်း မိုးနီလွင် ရေးသားကာ သရုပ်ဆောင်တွေအဖြစ် နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး၊ မေဘရဏီသော် နဲ့ အခြားသော အနုပညာရှင်များစွာတို့က ပါဝင်မှာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော် က ရိုက်ကူးကာ 7th Sense Film Production က ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

 

“ဒီဇာတ်ကားကြီးထဲမှာ ကျွန်တော်က အရမ်းချမ်းသားတဲ့ သူဌေးသားတစ်ဦးရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ အမေအဖြစ် မကြီး (စိုးမြတ်သူဇာ) နဲ့  ကျွန်တော်ရဲ့ ညီအဖြစ် တိုင်ရွန် တို့က ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်၊ နေခြည်ဦး နဲ့လည်း ပထမဆုံးရိုက်ဖြစ်တဲ့ ဇာတ်ကားလေးပါ” လို့ သရုပ်ဆောင် နေတိုး က ပြောပါတယ်။

“အခမ်းနားဆုံးမေတ္တာ” လို့ နာမည်ပေးထားတဲ့ အဆိုပါဇာတ်ကားကို မေလ ၂၅ ရက်ကနေ စတင်ရိုက်ကူးသွားဖို့ စီစဉ်ထားတာဖြစ်သလို သရုပ်ဆောင် နေခြည်ဦး အနေနဲ့ ဆဋ္ဌမမြောက်အဖြစ် ရိုက်ကူးခွင့်ရတဲ့ ဇာတ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုဇာတ်ကားဟာ စစ်မှန်တဲ့ ချစ်ခြင်းတရားကို ပုံဖော်ကာ ဖန်တီးသွားမှာဖြစ်သလို ပရိသတ်စိတ်ဝင်စားမယ့် ဒရမ်မာဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရွှေတိဂုံရင်ပြင် အောင်မြေမှာ ကန်တော့ပွဲပေးတာတွေနဲ့ M 3 စားသောက်ဆိုင်မှာ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပတာတွေကိုတော့ မေလ ၂ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ - ၃

( Zawgyi )

“အခမ္းနားဆုံးေမတၱာ” လို႔ နာမည္ရတဲ့ အခ်စ္႐ုပ္ရွင္ဇာတ္ကားတစ္ကားကို ယခုလကုန္ပိုင္းမွ စတင္ကာ ႐ိုက္ကူးဖို႔ စီစဥ္ထားၿပီး ႐ိုက္ကူးခ်ိန္ ႏွစ္လေက်ာ္ေလာက္ အခ်ိန္ယူလုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ဒီကားေလးကို အခ်ိန္ယူၿပီးေတာ့ အေကာင္းဆုံးဖန္တီးသြားမွာ ျဖစ္ပါတယ္၊ အရည္အေသြးေကာင္းေကာင္းေလးနဲ႔ လုပ္ခ်င္တာေတြေၾကာင့္လည္း ဒီလိုမ်ိဳး အခ်ိန္ယူၿပီးေတာ့႐ိုက္ဖို႔ စနစ္တက်စီစဥ္ထားတာ ျဖစ္ပါတယ္” လို႔ ဒါ႐ိုက္တာ ပြင့္သိဂႌေဇာ္ က ဆိုပါတယ္။

ထိုဇာတ္ကားကို ဇာတ္လမ္း/ဇာတ္ၫႊန္း မိုးနီလြင္ ေရးသားကာ သ႐ုပ္ေဆာင္ေတြအျဖစ္ ေနတိုး၊ ရဲေအာင္၊ သူရိယ၊ တိုင္႐ြန္၊ စိုးျမတ္သူဇာ၊ ေနျခည္ဦး၊ ေမဘရဏီေသာ္ နဲ႔ အျခားေသာ အႏုပညာရွင္မ်ားစြာတို႔က ပါဝင္မွာျဖစ္ၿပီး ဒါ႐ိုက္တာ ပြင့္သိဂႌေဇာ္ က ႐ိုက္ကူးကာ 7th Sense Film Production က ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။

“ဒီဇာတ္ကားႀကီးထဲမွာ ကြၽန္ေတာ္က အရမ္းခ်မ္းသားတဲ့ သူေဌးသားတစ္ဦးရဲ႕ ကာ႐ိုက္တာနဲ႔ ပါဝင္သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္၊ ကြၽန္ေတာ္ရဲ႕ အေမအျဖစ္ မႀကီး (စိုးျမတ္သူဇာ) နဲ႔  ကြၽန္ေတာ္ရဲ႕ ညီအျဖစ္ တိုင္႐ြန္ တို႔က ပါဝင္ သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္၊ ေနျခည္ဦး နဲ႔လည္း ပထမဆုံး႐ိုက္ျဖစ္တဲ့ ဇာတ္ကားေလးပါ” လို႔ သ႐ုပ္ေဆာင္ ေနတိုး က ေျပာပါတယ္။

“အခမ္းနားဆုံးေမတၱာ” လို႔ နာမည္ေပးထားတဲ့ အဆိုပါဇာတ္ကားကို ေမလ ၂၅ ရက္ကေန စတင္႐ိုက္ကူးသြားဖို႔ စီစဥ္ထားတာျဖစ္သလို သ႐ုပ္ေဆာင္ ေနျခည္ဦး အေနနဲ႔ ဆ႒မေျမာက္အျဖစ္ ႐ိုက္ကူးခြင့္ရတဲ့ ဇာတ္ကားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ထိုဇာတ္ကားဟာ စစ္မွန္တဲ့ ခ်စ္ျခင္းတရားကို ပုံေဖာ္ကာ ဖန္တီးသြားမွာျဖစ္သလို ပရိသတ္စိတ္ဝင္စားမယ့္ ဒရမ္မာဇာတ္ကား တစ္ကားလည္း ျဖစ္ပါတယ္။

ဇာတ္ကား႐ိုက္ကူးမယ့္ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ေ႐ႊတိဂုံရင္ျပင္ ေအာင္ေျမမွာ ကန္ေတာ့ပြဲေပးတာေတြနဲ႔ M 3 စားေသာက္ဆိုင္မွာ စာနယ္ဇင္းရွင္းလင္းပြဲ က်င္းပတာေတြကိုေတာ့ ေမလ ၂ ရက္မွာ ျပဳလုပ္ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ - ၃