【နည်းပညာ】တွားသွားသတ္တဝါမျိုးစိတ်သစ် တရုတ်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့

【နည်းပညာ】တွားသွားသတ္တဝါမျိုးစိတ်သစ် တရုတ်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့

တရုတ်နိုင်ငံတွင် Iguana မျိုးစိတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှာ မျိုးစိတ်သစ်အဖြစ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သတ်မှတ်ခဲ့ပါတယ်။

သုတေသီတွေဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့ရာမှာ Calotes wangi လို့ သိပ္ပံအမည်ပေးထားတဲ့ တွားသွားသတ္တဝါမျိုးစိတ်သစ်ကို ဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“၂၀၀၉ ကနေ ၂၀၂၂ ခုနှစ်အထိ တရုတ်တောင်ပိုင်းမှာ ကျနော်တို့ ဆက်တိုက်ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး မျိုးစိတ်နမူနာပေါင်းများစွာကို ကောက်ယူခဲ့ကြတယ်၊ အဲဒီမှာနဲ့ ဗီယက်နမ်မြောက်ပိုင်းတို့မှာ ကျနော်တို့ မှတ်တမ်းတင်ထားခြင်းမရှိတဲ့ အိမ်မြှောင်မျိုးစိတ်သစ်ကို ဖော်ထုတ်တွေ့ရှိခဲ့တယ်” လို့ သုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yong Huang က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ အိမ်မြှောင်မျိုးစိတ်သစ်ဟာ အရှည် ၃ လက်မခန့်ရှိပြီး၊ တရုတ်တောင်ပိုင်း၊ ဗီယက်နမ်မြောက်ပိုင်းနဲ့ အပူပိုင်းဒေသ အမြဲစိမ်းတောတွေမှာ တွေ့ရှိရတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် “ကျနော်တို့ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ တွားသွားသတ္တဝါမျိုးစိတ်သစ်ဟာ လတ်တလောမှာ မျိုးသုဉ်းအန္တရာယ်ခြိမ်းခြောက်မှု မရှိနိုင်သေးပါဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်က ဆေးဖက်ဝင်တဲ့အတွက် လူသားတွေရဲ့ စားသုံးခံရနိုင်တဲ့ အန္တရာယ်တော့ရှိလာနိုင်တယ်” လို့ သုတေသီ Yong Huang က ဆိုပါတယ်။

ဒီအတွက် ဒေသန္တရအစိုးရတွေအနေနဲ့ အဆိုပါအိမ်မြှောင်မျိုးစိတ်သစ်တွေရဲ့ ဂေဟစနစ် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပြီး ၎င်းတို့ရဲ့ အကောင်ရေကို ဂရုပြုစောင့်ကြည့်သင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။

Damien

Ref - upi, jpost

ပေကျင်း၊ ဇန်နဝါရီ ၃