【 နည်းပညာ 】ဆန်းပြားတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ Amazfit ရဲ့ စမတ်လက်ပတ်သစ်

【 နည်းပညာ  】ဆန်းပြားတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ Amazfit ရဲ့ စမတ်လက်ပတ်သစ်

စမတ်နာရီတွေ၊ စမတ်လက်ပတ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Amazfit မှ Amazfit X အမည်ရ စမတ်လက်ပတ်တစ်မျိုးကို လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက မိတ်ဆက်ပြသခဲ့ပါတယ်။

ဒါပေမယ့် ၎င်းစမတ်လက်ပတ်ရဲ့ စွမ်းဆောင်ရည်အသေးစိတ်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ယခုတော့ Amazfit စမတ်လက်ပတ်ရဲ့ စွမ်းဆောင်ရည်အသေးစိတ်ကို သိရပါပြီ။ဒါ့အပြင် ကြိုတင်အမှာစာလည်း တင်နိုင်တော့မှာ ဖြစ်ပါတယ်။ပထမဆုံး သတင်းထွက်ခဲ့တဲ့ ဈေးနှုန်း ကတော့ $149 လို့ ဆိုပေမယ့် အမှန်တကယ် ရောင်းချချိန်မှာ ကုမ္ပဏီဘက်က $329 ကျသင့် မယ်လို့ ဆိုထားပါတယ်။အရောင်တွေကတော့ Eclipse Black (အမည်းရောင်) နဲ့ New Moon Gold (ရွှေရောင်) တို့ ထွက်ရှိလာမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Amazfit X စမတ်လက်ပတ်ဟာ အခြားသော သာမန်စမတ်လက်ပတ်တွေနဲ့ တူညီမှာ မဟုတ် ပါဘူး။ ၎င်းစမတ်လက်ပတ်မှာ ၂.၀၇ လက်မ အရွယ်အစားရှိ ကွေးညွတ်ထားတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ကွေးညွတ်ထားတဲ့ မျက်နှာပြင်ဒီဇိုင်းက သာမန်စမတ်လက်ပတ်တွေနဲ့ ကွာခြားသွားတဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာရာမှာလည်း ပိုမိုအဆင့်မြှင့်တင်ထားပြီး သုံးစွဲသူရဲ့ နှလုံးခုန်နှုန်းကို ၂၄ နာရီပတ်လုံး စောင့်ကြည့်အကဲဖြတ်ပေးမှာလည်း ဖြစ်ပါတယ်။ infrared sensor ကလည်း သွေးတွင်းရှိ အောက်စီဂျင်ပမာဏကို တိုင်းတာပေးမှာဖြစ်သလို၊ သုံးစွဲသူရဲ့ စိတ်ဖိစီးမှု အဆင့် အလိုက် အိပ်စက်မှုကိုလည်း Amazfit X စမတ်လက်ပတ်ကနေ အကဲဖြတ်ပေးဦးမှာ ဖြစ်ပါတယ်။

ဘက်ထရီပမာဏကတော့ 205mAh ထည့်သွင်းပေးထားပြီး သံလိုက်အားသွင်းခေါင်းနဲ့ အားပြန်သွင်းနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ရေစိမ်လည်းခံပြီး ရေအောက်အနက် ၅၀ မီတာအထိ ယူဆောင်အသုံးပြုနိုင်မှာပါ။

Amazfit X စမတ်လက်ပတ်ကို စမတ်ဖုန်းမှာ ဆော့ဖ်ဝဲလ်နဲ့ ချိတ်ဆက်ပေးလိုက်တဲ့အခါ သုံးစွဲသူအတွက် လေ့ကျင့်ခန်း ၉ မျိုးကို ပေးအပ်သွားမယ့်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 စမတ္နာရီေတြ၊ စမတ္လက္ပတ္ေတြ ထုတ္လုပ္တဲ့ ကုမၸဏီႀကီး Amazfit မွ Amazfit X အမည္ရ စမတ္လက္ပတ္တစ္မ်ိဳးကို လြန္ခဲ့တဲ့ ဒီဇင္ဘာလတုန္းက မိတ္ဆက္ျပသခဲ့ပါတယ္။

ဒါေပမယ့္ ၎စမတ္လက္ပတ္ရဲ႕ စြမ္းေဆာင္ရည္အေသးစိတ္ကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။

ယခုေတာ့ Amazfit စမတ္လက္ပတ္ရဲ႕ စြမ္းေဆာင္ရည္အေသးစိတ္ကို သိရပါၿပီ။ဒါ့အျပင္ ႀကိဳတင္အမွာစာလည္း တင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ပထမဆုံး သတင္းထြက္ခဲ့တဲ့ ေဈးႏႈန္း ကေတာ့ $149 လို႔ ဆိုေပမယ့္ အမွန္တကယ္ ေရာင္းခ်ခ်ိန္မွာ ကုမၸဏီဘက္က $329 က်သင့္ မယ္လို႔ ဆိုထားပါတယ္။အေရာင္ေတြကေတာ့ Eclipse Black (အမည္းေရာင္) နဲ႔ New Moon Gold (ေ႐ႊေရာင္) တို႔ ထြက္ရွိလာမွာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဩဂုတ္လမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Amazfit X စမတ္လက္ပတ္ဟာ အျခားေသာ သာမန္စမတ္လက္ပတ္ေတြနဲ႔ တူညီမွာ မဟုတ္ ပါဘူး။ ၎စမတ္လက္ပတ္မွာ ၂.၀၇ လက္မ အ႐ြယ္အစားရွိ ေကြးၫြတ္ထားတဲ့ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ေကြးၫြတ္ထားတဲ့ မ်က္ႏွာျပင္ဒီဇိုင္းက သာမန္စမတ္လက္ပတ္ေတြနဲ႔ ကြာျခားသြားတဲ့ အဓိကအခ်က္လည္း ျဖစ္ပါတယ္။

ႏွလုံးခုန္ႏႈန္း တိုင္းတာရာမွာလည္း ပိုမိုအဆင့္ျမႇင့္တင္ထားၿပီး သုံးစြဲသူရဲ႕ ႏွလုံးခုန္ႏႈန္းကို ၂၄ နာရီပတ္လုံး ေစာင့္ၾကည့္အကဲျဖတ္ေပးမွာလည္း ျဖစ္ပါတယ္။ infrared sensor ကလည္း ေသြးတြင္းရွိ ေအာက္စီဂ်င္ပမာဏကို တိုင္းတာေပးမွာျဖစ္သလို၊ သုံးစြဲသူရဲ႕ စိတ္ဖိစီးမႈ အဆင့္ အလိုက္ အိပ္စက္မႈကိုလည္း Amazfit X စမတ္လက္ပတ္ကေန အကဲျဖတ္ေပးဦးမွာ ျဖစ္ပါတယ္။

ဘက္ထရီပမာဏကေတာ့ 205mAh ထည့္သြင္းေပးထားၿပီး သံလိုက္အားသြင္းေခါင္းနဲ႔ အားျပန္သြင္းႏိုင္မွာျဖစ္ပါတယ္။ဒါ့အျပင္ ေရစိမ္လည္းခံၿပီး ေရေအာက္အနက္ ၅၀ မီတာအထိ ယူေဆာင္အသုံးျပဳႏိုင္မွာပါ။

Amazfit X စမတ္လက္ပတ္ကို စမတ္ဖုန္းမွာ ေဆာ့ဖ္ဝဲလ္နဲ႔ ခ်ိတ္ဆက္ေပးလိုက္တဲ့အခါ သုံးစြဲသူအတြက္ ေလ့က်င့္ခန္း ၉ မ်ိဳးကို ေပးအပ္သြားမယ့္လို႔ သိရပါတယ္။

Damien