【 နည်းပညာ 】ပထမဆုံး လက်ပ်တော့ထုတ်ကုန်ကို မိတ်ဆက်တော့မယ့် Nokia

【  နည်းပညာ 】ပထမဆုံး လက်ပ်တော့ထုတ်ကုန်ကို မိတ်ဆက်တော့မယ့် Nokia

တစ်ချိန်တုန်းက စမတ်ဖုန်းလောကမှာ ပြိုင်ဘက်ကင်းခဲ့တဲ့ Nokia အမှတ်တံဆိပ်ဟာ လက်ရှိအချိန်မှာ ရုန်းကန်နေရတာကို သိကြမယ်ထင်ပါတယ်။
 
လတ်တလောမှာ‌တော့ Nokia အမှတ်တံဆိပ်အနေနဲ့ စမတ်ဖုန်းတွေကို ဆက်လက်ထုတ်လုပ်လျက်ရှိပြီးတဲ့အပြင် လက်ပ်တော့ကွန်ပျူတာ ဈေးကွက်ကိုပါ ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။
 
Nokia PureBook X14 အမည်ရ လက်ပ်တော့ကို အခြားသော လက်ပ်တော့ထုတ်ကုန်တွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ Flipkart မှ သတင်းအရ သိရပါတယ်။ပထမဆုံး မိတ်ဆက်သွားမယ့် Nokia လက်ပ်တော့သစ်မှာ ကြီးမားတဲ့ကီးဘုတ်နဲ့ Dolby အသံနည်းပညာတို့ ထည့်သွင်းပါဝင်မယ်လို့လည်း ဆိုပါတယ်။
 
သတင်းတွေထွက်ပေါ်နေတဲ့ Nokia PureBook X14 ရဲ့ စွမ်းဆောင်ရည်‌ကတော့ Intel Core i5 processor နဲ့ မောင်းနှင်ထားမှာဖြစ်ပြီး၊ USB 3.0 နဲ့ HDMI အပေါက်တွေကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။သတင်းတွေအရ လက်ပ်တော့သစ်ဟာ အလွန်ပေါ့ပါးမယ်လို့ သိရပြီး အလေးချိန် ၁.၁ ကီလိုဂရမ်သာ လေးမယ်လို့ ဆိုထားပါသေးတယ်။
 
Nokia မှ PureBook series လက်ပ်တော့တွေကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
Damien 
 
(  Zawgyi )
 
 တစ္ခ်ိန္တုန္းက စမတ္ဖုန္းေလာကမွာ ၿပိဳင္ဘက္ကင္းခဲ့တဲ့ Nokia အမွတ္တံဆိပ္ဟာ လက္ရွိအခ်ိန္မွာ ႐ုန္းကန္ေနရတာကို သိၾကမယ္ထင္ပါတယ္။
 
လတ္တေလာမွာ‌ေတာ့ Nokia အမွတ္တံဆိပ္အေနနဲ႔ စမတ္ဖုန္းေတြကို ဆက္လက္ထုတ္လုပ္လ်က္ရွိၿပီးတဲ့အျပင္ လက္ပ္ေတာ့ကြန္ပ်ဴတာ ေဈးကြက္ကိုပါ ဝင္ေရာက္လာေတာ့မယ္လို႔ သိရပါတယ္။
 
Nokia PureBook X14 အမည္ရ လက္ပ္ေတာ့ကို အျခားေသာ လက္ပ္ေတာ့ထုတ္ကုန္ေတြနဲ႔အတူ မိတ္ဆက္သြားမယ္လို႔ Flipkart မွ သတင္းအရ သိရပါတယ္။ပထမဆုံး မိတ္ဆက္သြားမယ့္ Nokia လက္ပ္ေတာ့သစ္မွာ ႀကီးမားတဲ့ကီးဘုတ္နဲ႔ Dolby အသံနည္းပညာတို႔ ထည့္သြင္းပါဝင္မယ္လို႔လည္း ဆိုပါတယ္။
 
သတင္းေတြထြက္ေပၚေနတဲ့ Nokia PureBook X14 ရဲ႕ စြမ္းေဆာင္ရည္‌ကေတာ့ Intel Core i5 processor နဲ႔ ေမာင္းႏွင္ထားမွာျဖစ္ၿပီး၊ USB 3.0 နဲ႔ HDMI အေပါက္ေတြကိုလည္း ထည့္သြင္းေပးထားမွာျဖစ္ပါတယ္။သတင္းေတြအရ လက္ပ္ေတာ့သစ္ဟာ အလြန္ေပါ့ပါးမယ္လို႔ သိရၿပီး အေလးခ်ိန္ ၁.၁ ကီလိုဂရမ္သာ ေလးမယ္လို႔ ဆိုထားပါေသးတယ္။
 
Nokia မွ PureBook series လက္ပ္ေတာ့ေတြကို အိႏၵိယႏိုင္ငံမွာ မိတ္ဆက္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
 
Damien