【 နည်းပညာ 】ဖေ့စ်ဘုတ် လူမှုကွန်ယက်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး သတင်းအမှားများကို ဖယ်ရှားသွားမည်

【 နည်းပညာ  】ဖေ့စ်ဘုတ် လူမှုကွန်ယက်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး သတင်းအမှားများကို ဖယ်ရှားသွားမည်

လာမယ့် ဗားရှင်းအသစ်မှာ ဖေ့စ်ဘုတ်လူမှုကွန်ယက်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေရဲ့ အချက်အလက်အမှား သတင်းအမှားတွေကို စိစစ်ဖယ်ရှားသွားမယ်လို့ သိရပါတယ်။

ဖေ့စ်ဘုတ်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ စီးဆင်းတာကို တုံ့ပြန်မှုအားနည်းတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ဆိုလာချိန်မှာ ယခုလိုသတင်းအမှားတွေ ကို ဖယ်ရှားဖို့ ပြင်ဆင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်လူမှုကွန်ယက်ပေါ်မှာ သတင်းအမှားတွေ ပြန့်ပွားတာဟာ အတော်လေးကို မြန်ဆန်လှပြီး ယခုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်း‌အမှားတွေဟာ ဆက်တိုက်ဆိုသလို ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

ကာကွယ်ဆေးမှာ မိုက်ခရိုချိစ်ပြားတွေပါဝင်ပြီး ထောက်လှမ်းဖို့လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းမှားတွေ၊ ကာကွယ်ဆေးမှာ ပါဝင်တဲ့ပစ္စည်းတွေနဲ့ အန္တရာယ်မကင်းဘူးဆိုတဲ့ သတင်းမှားတွေနဲ့ ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး သတင်းမှားတွေဟာ ဖေ့စ်ဘုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့စီးဆင်းနေတာကိုလည်း မြင်တွေ့ရပါတယ်။

ဒီအတွက် ဖေ့စ်ဘုတ်အနေနဲ့ အဆိုပါသတင်းမှား‌တွေကို အရေးယူတုံ့ပြန်သွားဖို့ ပြင်ဆင် လာခဲ့တာ လည်း ဖြစ်ပါတယ်။ဖေ့စ်ဘုတ်ဖက်ကတော့ "ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဖယ်ရှားသွားမှာပါ။မကြာခင်ထွက်ရှိမယ့် အဆင့်မြှင့်တင် ဗားရှင်းသစ်မှာ ထိထိရောက်ရောက် တုံ့ပြန်သွားမယ်" လို့ ဆိုခဲ့ပါတယ်။

လူမှုကွန်ယက်တွေဟာ အသုံးလည်းဝင်သလို ၊ အန္တရာယ်လည်း ကြီးမားပါတယ်။ဒီအတွက် လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေတိုင်းကို ချင့်ချိန်ပြီးမှ ယုံကြည်ကြရန် တိုက်တွန်းလိုက်ပါတယ်။

Damien

 

(  Zawgyi  )

 

 လာမယ့္ ဗားရွင္းအသစ္မွာ ေဖ့စ္ဘုတ္လူမႈကြန္ယက္အေနနဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးေတြရဲ႕ အခ်က္အလက္အမွား သတင္းအမွားေတြကို စိစစ္ဖယ္ရွားသြားမယ္လို႔ သိရပါတယ္။

ေဖ့စ္ဘုတ္အေနနဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ သတင္းအမွားေတြ စီးဆင္းတာကို တုံ႔ျပန္မႈအားနည္းတယ္ဆိုၿပီး ကြၽမ္းက်င္သူေတြက ဆိုလာခ်ိန္မွာ ယခုလိုသတင္းအမွားေတြ ကို ဖယ္ရွားဖို႔ ျပင္ဆင္လာခဲ့တာလည္း ျဖစ္ပါတယ္။

ေဖ့စ္ဘုတ္လူမႈကြန္ယက္ေပၚမွာ သတင္းအမွားေတြ ျပန႔္ပြားတာဟာ အေတာ္ေလးကို ျမန္ဆန္လွၿပီး ယခုလည္း ကိုဗစ္-၁၉ ကာကြယ္ေဆးနဲ႔ပတ္သက္တဲ့ သတင္း‌အမွားေတြဟာ ဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔ေနခဲ့တာျဖစ္ပါတယ္။

ကာကြယ္ေဆးမွာ မိုက္ခ႐ိုခ်ိစ္ျပားေတြပါဝင္ၿပီး ေထာက္လွမ္းဖို႔လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းမွားေတြ၊ ကာကြယ္ေဆးမွာ ပါဝင္တဲ့ပစၥည္းေတြနဲ႔ အႏၲရာယ္မကင္းဘူးဆိုတဲ့ သတင္းမွားေတြနဲ႔ ကာကြယ္ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳး သတင္းမွားေတြဟာ ေဖ့စ္ဘုတ္ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔စီးဆင္းေနတာကိုလည္း ျမင္ေတြ႕ရပါတယ္။

ဒီအတြက္ ေဖ့စ္ဘုတ္အေနနဲ႔ အဆိုပါသတင္းမွား‌ေတြကို အေရးယူတုံ႔ျပန္သြားဖို႔ ျပင္ဆင္ လာခဲ့တာ လည္း ျဖစ္ပါတယ္။ေဖ့စ္ဘုတ္ဖက္ကေတာ့ "ကိုဗစ္-၁၉ ကာကြယ္ေဆးနဲ႔ပတ္သက္တဲ့ သတင္းအမွားေတြကို ဖယ္ရွားသြားမွာပါ။မၾကာခင္ထြက္ရွိမယ့္ အဆင့္ျမႇင့္တင္ ဗားရွင္းသစ္မွာ ထိထိေရာက္ေရာက္ တုံ႔ျပန္သြားမယ္" လို႔ ဆိုခဲ့ပါတယ္။

လူမႈကြန္ယက္ေတြဟာ အသုံးလည္းဝင္သလို ၊ အႏၲရာယ္လည္း ႀကီးမားပါတယ္။ဒီအတြက္ လူမႈကြန္ယက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြတိုင္းကို ခ်င့္ခ်ိန္ၿပီးမွ ယုံၾကည္ၾကရန္ တိုက္တြန္းလိုက္ပါတယ္။

Damien