【 နည်းပညာ 】ရွေးချယ်ဝယ်ယူသင့်တဲ့ တန်ဖိုးသင့် Redmi AirDots

【  နည်းပညာ 】ရွေးချယ်ဝယ်ယူသင့်တဲ့ တန်ဖိုးသင့် Redmi AirDots

အခုနောက်ပိုင်း အတော်များများ နည်းပညာကုမ္ပဏီကြီးတွေဟာ ကြိုးမဲ့ bluetooth earbuds တွေကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြတာ မြင်တွေ့ခဲ့ပါတယ်။

Apple မှလည်း ၎င်းရဲ့ AirPods တွေကိုထုတ်လုပ်ခဲ့သလို Samsung မှလည်း Galaxy Buds ကို မိတ်ဆပ်ခဲ့ပါတယ်။ဒါပေမယ့် ၎င်းတို့ရဲ့ ထုတ်ကုန်တွေဟာ ဈေးနှုန်းအနေနဲ့ ကြီးမြင့်နေတာတော့ အမှန်ပါပဲ။

ယခုတစ်ခါမှာတော့ ဈေးနှုန်းသင့်တင့်တဲ့ Redmi AirDots အကြောင်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Redmi AirDots ကို ၂၀၁၉ မတ်လမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင်တော့ Xiaomi က Mi AirDots Youth Edition ကို မိတ်ဆက်ခဲ့ပါသေးတယ်။

Bluetooth 5.0 ကို ထောက်ပံ့ပေးထားပြီး၊ Realtek RTL8763BFR chip ကို အသုံးပြုထားတာ ဖြစ်ပါတယ်။အလေးချိန်ကတော့ 4.1g ရှိပြီး ထိတွေ့ခလုတ် ပါဝင်ပါတယ်။အဆိုပါခလုတ်နဲ့ သီချင်းတွေကို ဖွင့်ပိတ်တာတွေ၊ voice assistant ခေါ်ယူတာ ဥပမာ Apple Siri နဲ့ Google Assistant တို့ကို ခေါ်ယူတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ဘက်ထရီကတော့ 40mAh ဖြစ်ပြီး၊ အသုံးပြုနိုင်တဲ့ အချိန်ကတော့ ၄နာရီ ဖြစ်ပါ တယ်။အကယ်၍ ၎င်းမှာ ပါဝင်တဲ့ charging case ကို ယူသွားမယ်ဆိုရင်တော့ ၁၂နာရီ အသုံးခံမယ်လို့လည်း ဆိုပါတယ်။အားသွင်းချိန်ကတော့ ၁နာရီခွဲ ကြာမြင့်မှာဖြစ်ပြီး၊ 300mAh charging case ကို အားသွင်းရင်တော့ ၂နာရီကြာမြင့်မယ်လို့ ဆိုပါတယ်။အရောင်အနေနဲ့ကတော့ အဖြူ၊ အမည်း နှစ်ရောင်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်တွင်းမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၃သောင်းခွဲဝန်းကျင်ကနေ ၄သောင်းဝန်းကျင်ထိ ရောင်းချပေးနေ တယ်လို့ သိရပါတယ်။

Damien

(   Zawgyi  )

 အခုေနာက္ပိုင္း အေတာ္မ်ားမ်ား နည္းပညာကုမၸဏီႀကီးေတြဟာ ႀကိဳးမဲ့ bluetooth earbuds ေတြကို အၿပိဳင္အဆိုင္ ထုတ္လုပ္ခဲ့ၾကတာ ျမင္ေတြ႕ခဲ့ပါတယ္။

Apple မွလည္း ၎ရဲ႕ AirPods ေတြကိုထုတ္လုပ္ခဲ့သလို Samsung မွလည္း Galaxy Buds ကို မိတ္ဆပ္ခဲ့ပါတယ္။ဒါေပမယ့္ ၎တို႔ရဲ႕ ထုတ္ကုန္ေတြဟာ ေဈးႏႈန္းအေနနဲ႔ ႀကီးျမင့္ေနတာေတာ့ အမွန္ပါပဲ။

ယခုတစ္ခါမွာေတာ့ ေဈးႏႈန္းသင့္တင့္တဲ့ Redmi AirDots အေၾကာင္းကို မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

Redmi AirDots ကို ၂၀၁၉ မတ္လမွာ မိတ္ဆက္ခဲ့တာျဖစ္ၿပီး အဲ့ဒီမတိုင္ခင္ေတာ့ Xiaomi က Mi AirDots Youth Edition ကို မိတ္ဆက္ခဲ့ပါေသးတယ္။

Bluetooth 5.0 ကို ေထာက္ပံ့ေပးထားၿပီး၊ Realtek RTL8763BFR chip ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။အေလးခ်ိန္ကေတာ့ 4.1g ရွိၿပီး ထိေတြ႕ခလုတ္ ပါဝင္ပါတယ္။အဆိုပါခလုတ္နဲ႔ သီခ်င္းေတြကို ဖြင့္ပိတ္တာေတြ၊ voice assistant ေခၚယူတာ ဥပမာ Apple Siri နဲ႔ Google Assistant တို႔ကို ေခၚယူတာမ်ိဳး လုပ္ေဆာင္ႏိုင္ပါတယ္။ဘက္ထရီကေတာ့ 40mAh ျဖစ္ၿပီး၊ အသုံးျပဳႏိုင္တဲ့ အခ်ိန္ကေတာ့ ၄နာရီ ျဖစ္ပါ တယ္။အကယ္၍ ၎မွာ ပါဝင္တဲ့ charging case ကို ယူသြားမယ္ဆိုရင္ေတာ့ ၁၂နာရီ အသုံးခံမယ္လို႔လည္း ဆိုပါတယ္။အားသြင္းခ်ိန္ကေတာ့ ၁နာရီခြဲ ၾကာျမင့္မွာျဖစ္ၿပီး၊ 300mAh charging case ကို အားသြင္းရင္ေတာ့ ၂နာရီၾကာျမင့္မယ္လို႔ ဆိုပါတယ္။အေရာင္အေနနဲ႔ကေတာ့ အျဖဴ၊ အမည္း ႏွစ္ေရာင္ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ျမန္မာျပည္တြင္းမွာ ဝယ္ယူရရွိႏိုင္ၿပီျဖစ္ၿပီး ေဈးႏႈန္းအေနနဲ႔ ၃ေသာင္းခြဲဝန္းက်င္ကေန ၄ေသာင္းဝန္းက်င္ထိ ေရာင္းခ်ေပးေန တယ္လို႔ သိရပါတယ္။

Damien