【 နည်းပညာ 】ဥရောပကို ခြေဆန့်လာတဲ့ Oppo Reno

【  နည်းပညာ  】ဥရောပကို ခြေဆန့်လာတဲ့ Oppo Reno

Oppo မှ Reno လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းသစ် version သုံးမျိုးကို ဥရောပဘက်မှာ ဗုဒ္ဓဟူးနေ့က မိတ်ဆက်လိုက်ပါတယ်။

Standard version, 10x Zoom one နဲ့ 5G model တို့ကို သုံးစွဲသူတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တရုတ် စမတ်ဖုန်းကုမ္ပဏီကြီးဟာ အဆိုပါ flagship device's ရဲ့ နည်းပညာတွေကို ယခုလ အစောပိုင်းက ရှန်ဟိုင်းမှာ ထုတ်ဖော်ပြသခဲ့ပြီး ၎င်းရဲ့ 5G ပါတနာ ဖြစ်နိုင်တဲ့ UK carrier EE နဲ့ အတူ မိတ်ဆက်ခဲ့တာပါ။

Standard Reno မှာတော့ 6.4-inch OLED မျက်နှာပြင်၊ Snapdragon 710 processor, နောက်ဘက် ကင်မရာနှစ်လုံးတို့ ပါဝင်ပါတယ်။

အခြား version နှစ်မျိုးဖြစ်တဲ့ 10x Zoom နဲ့ 5G ကတော့ 6.6-inch မျက်နှာပြင် အသုံးပြုထားပြီး၊ Snapdragon 855 processor ကို တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

10x Zoom မှာတော့ 48-megapixel HD primary lens, 8-megapixel ultra wide angle lens နဲ့ 13-megapixel telephoto lens နောက်ဘက် ကင်မရာသုံးလုံး တပ်ဆင်ထားကာ သုံးစွဲသူတွေ အနေနဲ့ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။

မော်ဒယ်လ် သုံးမျိုးလုံးမှာ notch ပါဝင်နဲ့ ပြဿနာကို ဖြေရှင်းထားပြီး 16-megapixel forward-facing ကင်မရာကတော့ ဖုန်းရဲ့ ထိပ်ဘက်ကနေ တိုးထွက်လာမယ့် ဒီဇိုင်းဖြစ်ပါတယ်။

အရေင်အနေနဲ့ကတော့ teal, purple, pink နဲ့ dark blue ဆိုပြီး ခွဲခြားထုတ်လုပ်ထားကာ၊ သိမ်းဆည်းနိုင်မှုပမာဏ 128GB နဲ့ 256GB, RAM ပမာဏကတော့ 6GB ကနေ 8GB တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi  )

Oppo မွ Reno လို႔ အမည္ေပးထားတဲ့ စမတ္ဖုန္းသစ္ version သံုးမ်ိဳးကို ဥေရာပဘက္မွာ ဗုဒၶဟူးေန႔က မိတ္ဆက္လိုက္ပါတယ္။

Standard version, 10x Zoom one နဲ႔ 5G model တို႔ကို သံုးစြဲသူေတြအေနနဲ႔ ႀကိဳက္ႏွစ္သက္ရာ ေရြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

တ႐ုတ္ စမတ္ဖုန္းကုမၸဏီႀကီးဟာ အဆိုပါ flagship device's ရဲ႕ နည္းပညာေတြကို ယခုလ အေစာပိုင္းက ႐ွန္ဟိုင္းမွာ ထုတ္ေဖာ္ျပသခဲ့ၿပီး ၎ရဲ႕ 5G ပါတနာ ျဖစ္ႏိုင္တဲ့ UK carrier EE နဲ႔ အတူ မိတ္ဆက္ခဲ့တာပါ။

Standard Reno မွာေတာ့ 6.4-inch OLED မ်က္ႏွာျပင္၊ Snapdragon 710 processor, ေနာက္ဘက္ ကင္မရာႏွစ္လံုးတို႔ ပါဝင္ပါတယ္။

အျခား version ႏွစ္မ်ဳိးျဖစ္တဲ့ 10x Zoom နဲ႔ 5G ကေတာ့ 6.6-inch မ်က္ႏွာျပင္ အသံုးျပဳထားၿပီး၊ Snapdragon 855 processor ကို တပ္ဆင္ထားတာပဲ ျဖစ္ပါတယ္။

10x Zoom မွာေတာ့ 48-megapixel HD primary lens, 8-megapixel ultra wide angle lens နဲ႔ 13-megapixel telephoto lens ေနာက္ဘက္ ကင္မရာသံုးလံုး တပ္ဆင္ထားကာ သံုးစြဲသူေတြ အေနနဲ႔ အရည္အေသြးျမင့္မားတဲ့ ဓာတ္ပံုေတြကို ႐ိုက္ကူးႏိုင္မွာပဲ ျဖစ္ပါတယ္။

ေမာ္ဒယ္လ္ သံုးမ်ိဳးလံုးမွာ notch ပါဝင္နဲ႔ ျပႆနာကို ေျဖ႐ွင္းထားၿပီး 16-megapixel forward-facing ကင္မရာကေတာ့ ဖုန္းရဲ႕ ထိပ္ဘက္ကေန တိုးထြက္လာမယ့္ ဒီဇိုင္းျဖစ္ပါတယ္။

အေရင္အေနနဲ႔ကေတာ့ teal, purple, pink နဲ႔ dark blue ဆိုၿပီး ခြဲျခားထုတ္လုပ္ထားကာ၊ သိမ္းဆည္းႏိုင္မႈပမာဏ 128GB နဲ႔ 256GB, RAM ပမာဏကေတာ့ 6GB ကေန 8GB တပ္ဆင္ထားတယ္လို႔လည္း သိရပါတယ္။

Damien