【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တု စက်ရုပ် ဟင်းသီးဟင်းရွက်စိုက်ခင်းကို တရုတ် တည်ဆောက် ဖွင့်လှစ်

【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တု စက်ရုပ် ဟင်းသီးဟင်းရွက်စိုက်ခင်းကို တရုတ် တည်ဆောက် ဖွင့်လှစ်

ပေကျင်း၊ ဒီဇင်ဘာ - ၄

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးသော ဉာဏ်ရည်တု စက်ရုပ် ဟင်းသီးဟင်းရွက်စိုက်ခင်း စက်ရုံကို တည်ဆောက်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုပ် စိုက်ခင်း စက်ရုံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်၊ မြို့တော် ချန်ဒူးမှာ ဖွင့်လှစ်ခဲ့တာပါ။

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ စက်ရုပ် ဟင်းသီးဟင်းရွက်စိုက်ခင်းမှာ ဒေါင်လိုက် စိုက်ပျိုးမှုနည်းစနစ်ကို အသုံးပြုခဲ့ပါတယ်။အဆိုပါဒေါင်လိုက် စိုက်ပျိုးမှုနည်းစနစ်ဟာ လူသားတွေအတွက် အဖိုးတန် မြေနေရာတွေကို ခြွေတာနိုင်တာကြောင့် စိုက်ပျိုးရေးကဏ္ဍအတွက် အနာဂတ်ဖြစ်လာဖွယ်ရှိနေပါတယ်။

စက်ရုပ် ဟင်းသီးဟင်းရွက်စိုက်ခင်းဟာ လူသားတွေရဲ့ လုပ်အား လိုအပ်မှာမဟုတ်ဘဲ ကမ္ဘာမှာ ခေတ်စားနေပြီဖြစ်တဲ့ မောင်းသူမဲ့ကားတွေလို ကိုယ်တိုင်စီမံခန့်ခွဲတဲ့ စိုက်ခင်းလို့ ဆိုရမှာလည်းဖြစ်ပါတယ်။အဆိုပါစိုက်ခင်းကြီးမှာ ရာနဲ့ချီတဲ့ LED မီးတွေ ခင်းကျင်းထားပြီး၊ အပင်များကိုတော့ အထပ် ၂၀ ရှိတဲ့ အကန့်တွေထဲမှာ စိုက်ပျိုးထားပါတယ်။ဒေါင်လိုက် စိုက်ခင်းတွေဟာ မြေယာအသုံးပြုမှုကို လျှော့ချပေးပေမယ့်လည်း နေရောင်ခြည်နဲ့ရေကို အလျားလိုက် စိုက်ခင်းတွေလို ညီမျှစွာရရှိဖို့အတွက်ကတော့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေပါသေးတယ်။

ဒါပေမဲ့ အဆိုပါပြဿနာကို မြို့ပြစိုက်ပျိုးရေးသိပ္ပံ (IUA)၊ တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ (CAAS) စတဲ့ အဖွဲ့အစည်းတွေက ဖြေရှင်းပေးခဲ့တယ်လို့ CMG သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ဉာဏ်ရည်တု (AI) နည်းပညာနဲ့ အပင်တွေအတွက် အလင်းရောင်နဲ့ ဓာတ်မြေသြဇာတွေကို ချိန်ညှိနိုင်ဖို့ ကောင်းစွာထိန်းချုပ်ပေးထားတာဖြစ်ပါတယ်။

ယခုဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုပ် စိုက်ခင်းဟာ စပါး၊ ဝါဂွမ်းနဲ့ ပဲပုပ်ပင်တွေရဲ့ မျိုးပွားချိန်ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး၊ အဆိုပါနည်းပညာသစ်ကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ အရင်းအမြစ်တွေကို ပိုမိုခြွေတာစေနိုင်မယ်လို့ သုတေသီတွေ ပြောပါတယ်။

Damien
Ref - CMG