【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး Snapdragon 865 စမတ်ဖုန်းကို ZTE မိတ်ဆက်

【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး Snapdragon 865 စမတ်ဖုန်းကို ZTE မိတ်ဆက်

ကမ္ဘာ့ပထမဆုံး Snapdragon 865 chipset နဲ့ မောင်းနှင်ထားတဲ့ စမတ်ဖုန်းကို Xiaomi မှ မိတ်ဆက်သွားနိုင်မလား Oppo မှ မိတ်ဆက်သွားနိုင်မလား စောင့်ကြည့်နေတဲ့အချိန်မှာပဲ တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ZTE မှ လက်ဦးမှု ရယူသွားနိုင်ခဲ့ပါပြီ။

ZTE မှ မိတ်ဆက်လိုက်တဲ့ Axon 10s Pro 5G အမည်ရ စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး Qualcomm ရဲ့ Snapdragon 865 chipset ကို အသုံးပြုမောင်းနှင်ထားတဲ့ စမတ်ဖုန်းအဖြစ် ဝံ့ကြွားစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ZTE Axon 10s Pro 5G ဟာ ၆.၄၇ လက်မရှိ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ နောက်ဆုံးထွက် Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားတာ ဖြစ်ပါတယ်။မမ်မိုရီနဲ့ သိမ်းဆည်းနိုင်မှုပမာဏကတော့ 6/128 GB နဲ့ 12/256 GB နှစ်မျိုးထွက်ရှိလာမှာပါ။နောက်ဆုံးပေါ် စမတ်ဖုန်းနည်းတူ Universal Flash Storage (UFS 3.0) နည်းပညာကို အသုံးပြုထားတာ မြင်တွေ့ရပါတယ်။ဘက်ထရီပမာဏ 4,000mAh နဲ့အတူ 18W မြန်နှုန်းမြှင့် အားသွင်းစနစ်ကို ထည့်သွင်းပေးထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ 48MP (wide) အဓိက ကင်မရာနဲ့အတူ၊ 8MP (telephoto) နဲ့ 20MP (ultrawide) ကင်မရာနှစ်လုံးကိုလည်း ပူးတွဲတပ်ဆင်ပေးထားပါတယ်။ရှေ့ဘက် ကင်မရာကိုတော့ waterdrop-notch ရေစက်ပုံစံအကွက်ငယ်ထဲမှာ တပ်ဆင်ပေးထားပြီး 20MP အရည်အသွေး ဖြစ်ပါတယ်။

ZTE Axon 10s Pro 5G ဟာ ကမ္ဘာ့ပထမဆုံး Snapdragon 865 အသုံးပြု စမတ်ဖုန်းဖြစ်ပေမယ့် အားနည်းချက်လေးတွေတော့ ရှိနေသေးပြီး ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ မှာ မိတ်ဆက်သွားမယ် Oppo Find X2 နဲ့ Xiaomi Mi 10 series တို့လို အခြား Snapdragon 865 အသုံးပြု စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်ပါ့မလား စဉ်းစားစရာပါပဲ။အထူးသဖြင့် ယခင်ထွက်ရှိထားတဲ့ Axon 10 Pro နဲ့ ဒီဇိုင်းပိုင်းမှာ ကွာဟမှုကြီးကြီးမားမား မရှိတာက ပြဿနာဖြစ်နေပါတယ်။ဒီအချက်ကြောင့်ပဲ အခြားစမတ်ဖုန်းအမှတ်တံဆိပ်တွေကို ရင်ဘောင်တန်းနိုင်ဖို့တော့ အခွင့်အလမ်းနည်းပါးနေသေးတာ မြင်တွေ့ရပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ ZTE Axon 10 s Pro 5G basic version ကို မြန်မာငွေ ၇၀၀,၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

ကမာၻ႔ပထမဆုံး Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ထားတဲ့ စမတ္ဖုန္းကို Xiaomi မွ မိတ္ဆက္သြားႏိုင္မလား Oppo မွ မိတ္ဆက္သြားႏိုင္မလား ေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာပဲ တ႐ုတ္နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ ZTE မွ လက္ဦးမႈ ရယူသြားႏိုင္ခဲ့ပါၿပီ။

ZTE မွ မိတ္ဆက္လိုက္တဲ့ Axon 10s Pro 5G အမည္ရ စမတ္ဖုန္းဟာ ကမာၻ႔ပထမဆုံး Qualcomm ရဲ႕ Snapdragon 865 chipset ကို အသုံးျပဳေမာင္းႏွင္ထားတဲ့ စမတ္ဖုန္းအျဖစ္ ဝံ့ႂကြားစြာ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

ZTE Axon 10s Pro 5G ဟာ ၆.၄၇ လက္မရွိ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ ေနာက္ဆုံးထြက္ Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားတာ ျဖစ္ပါတယ္။မမ္မိုရီနဲ႔ သိမ္းဆည္းႏိုင္မႈပမာဏကေတာ့ 6/128 GB နဲ႔ 12/256 GB ႏွစ္မ်ိဳးထြက္ရွိလာမွာပါ။ေနာက္ဆုံးေပၚ စမတ္ဖုန္းနည္းတူ Universal Flash Storage (UFS 3.0) နည္းပညာကို အသုံးျပဳထားတာ ျမင္ေတြ႕ရပါတယ္။ဘက္ထရီပမာဏ 4,000mAh နဲ႔အတူ 18W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ကို ထည့္သြင္းေပးထားပါတယ္။

ကင္မရာပိုင္းအေနနဲ႔ 48MP (wide) အဓိက ကင္မရာနဲ႔အတူ၊ 8MP (telephoto) နဲ႔ 20MP (ultrawide) ကင္မရာႏွစ္လုံးကိုလည္း ပူးတြဲတပ္ဆင္ေပးထားပါတယ္။ေရွ႕ဘက္ ကင္မရာကိုေတာ့ waterdrop-notch ေရစက္ပုံစံအကြက္ငယ္ထဲမွာ တပ္ဆင္ေပးထားၿပီး 20MP အရည္အေသြး ျဖစ္ပါတယ္။

ZTE Axon 10s Pro 5G ဟာ ကမာၻ႔ပထမဆုံး Snapdragon 865 အသုံးျပဳ စမတ္ဖုန္းျဖစ္ေပမယ့္ အားနည္းခ်က္ေလးေတြေတာ့ ရွိေနေသးၿပီး ေဖေဖာ္ဝါရီ ၂၂ နဲ႔ ၂၃ မွာ မိတ္ဆက္သြားမယ္ Oppo Find X2 နဲ႔ Xiaomi Mi 10 series တို႔လို အျခား Snapdragon 865 အသုံးျပဳ စမတ္ဖုန္းေတြကို ယွဥ္ၿပိဳင္ႏိုင္ပါ့မလား စဥ္းစားစရာပါပဲ။အထူးသျဖင့္ ယခင္ထြက္ရွိထားတဲ့ Axon 10 Pro နဲ႔ ဒီဇိုင္းပိုင္းမွာ ကြာဟမႈႀကီးႀကီးမားမား မရွိတာက ျပႆနာျဖစ္ေနပါတယ္။ဒီအခ်က္ေၾကာင့္ပဲ အျခားစမတ္ဖုန္းအမွတ္တံဆိပ္ေတြကို ရင္ေဘာင္တန္းႏိုင္ဖို႔ေတာ့ အခြင့္အလမ္းနည္းပါးေနေသးတာ ျမင္ေတြ႕ရပါတယ္။

ေဈးႏႈန္းအေနနဲ႔ကေတာ့ ZTE Axon 10 s Pro 5G basic version ကို ျမန္မာေငြ ၇၀၀,၀၀၀ ၀န္းက်င္ က်သင့္မွာ ျဖစ္ပါတယ္။

Damien