【 နည်းပညာ 】 ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကင်မရာဆင်ဆာကို တီထွင်နေတဲ့ Samsung

【 နည်းပညာ 】 ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကင်မရာဆင်ဆာကို တီထွင်နေတဲ့ Samsung

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ကတော့ ၄င်းတို့အနေနဲ့ 600MP အရည်အသွေးရှိ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကင်မရာအာရုံခံကိရိယာကို တီထွင်နေတယ်လို့ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

လက်ရှိစမတ်ဖုန်းစျေးကွက်ထဲမှာ အကြီးဆုံး စမတ်ဖုန်းကင်မရာအာရုံခံကိရိယာအနေနဲ့ 108MP အရည်အသွေးကို Samsung နဲ့ Xiaomi စမတ်ဖုန်းတွေမှာ မြင်တွေ့ထားခဲ့တာလည်း ဖြစ်ပါတယ်။

ကင်မရာအာရုံခံကိရိယာတွေ ကြီးမားလာတာနဲ့အမျှ စမတ်ဖုန်းတွေကို ကင်မရာတွေ တပ်ဆင်ထားရာမှာ ဘောင်တွေအရမ်းထူပြီး ကင်မရာတွေအပြင်ဘက်ကို တိုးထွက်နေတာကို ကင်မရာအာရုံခံကိရိယာတွေ ကြီးမားတဲ့ စမတ်ဖုန်းတွေမှာ မြင်တွေ့ရပါတယ်။ယခု Samsung တီထွင်နေတဲ့ ကင်မရာအာရုံခံကိရိယာဟာ 600MP တောင် ရှိတယ်ဆိုတဲ့အတွက် စမတ်ဖုန်းမှာ တပ်ဆင်မယ်ဆိုရင် ကြီးမားလှတဲ့ ကင်မရာအာရုံခံကိရိယာကြောင့် ဘောင်တွေအရမ်းထူတာကို စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ ဘယ်လိုဖြေရှင်းလာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Samsung တီထွင်နေတဲ့ 600MP ကင်မရာအာရုံခံကိရိယာဟာ 4K, 8K ဗီဒီယိုတွေနဲ့ကို အရည်အသွေးမြင့်မြင့်ရိုက်ကူးနိုင်မယ်လို့ သိရပြီး၊ အနီးကပ်ဆွဲရိုက်ကူးတဲ့အပိုင်းမှာ အရည်အသွေးကောင်းမွန်အောင် သေသေချာချာ ဂရုစိုက်ထားတယ် ဆိုပါတယ်။

Samsung ဘက်က ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကင်မရာဆင်ဆာကို ဆက်လက်တီထွင်နေဆဲသာဖြစ်ပြီး၊ မည်သည့်အချိန်မှာ စမတ်ဖုန်းစျေးကွက်ထဲကို ရောက်လာမလဲကတော့ သိရှိရခြင်းမရှိသေးပါဘူး။

Damien

( Zawgyi )

ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung ကေတာ့ ၄င္းတို႔အေနနဲ႔ 600MP အရည္အေသြးရွိ ကမာၻ႔အႀကီးမားဆုံး စမတ္ဖုန္းကင္မရာအာ႐ုံခံကိရိယာကို တီထြင္ေနတယ္လို႔ အတည္ျပဳလိုက္ေၾကာင္း သိရပါတယ္။

လက္ရွိစမတ္ဖုန္းေစ်းကြက္ထဲမွာ အႀကီးဆုံး စမတ္ဖုန္းကင္မရာအာ႐ုံခံကိရိယာအေနနဲ႔ 108MP အရည္အေသြးကို Samsung နဲ႔ Xiaomi စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ထားခဲ့တာလည္း ျဖစ္ပါတယ္။

ကင္မရာအာ႐ုံခံကိရိယာေတြ ႀကီးမားလာတာနဲ႔အမွ် စမတ္ဖုန္းေတြကို ကင္မရာေတြ တပ္ဆင္ထားရာမွာ ေဘာင္ေတြအရမ္းထူၿပီး ကင္မရာေတြအျပင္ဘက္ကို တိုးထြက္ေနတာကို ကင္မရာအာ႐ုံခံကိရိယာေတြ ႀကီးမားတဲ့ စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ရပါတယ္။ယခု Samsung တီထြင္ေနတဲ့ ကင္မရာအာ႐ုံခံကိရိယာဟာ 600MP ေတာင္ ရွိတယ္ဆိုတဲ့အတြက္ စမတ္ဖုန္းမွာ တပ္ဆင္မယ္ဆိုရင္ ႀကီးမားလွတဲ့ ကင္မရာအာ႐ုံခံကိရိယာေၾကာင့္ ေဘာင္ေတြအရမ္းထူတာကို စမတ္ဖုန္းကုမၸဏီေတြအေနနဲ႔ ဘယ္လိုေျဖရွင္းလာမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

Samsung တီထြင္ေနတဲ့ 600MP ကင္မရာအာ႐ုံခံကိရိယာဟာ 4K, 8K ဗီဒီယိုေတြနဲ႔ကို အရည္အေသြးျမင့္ျမင့္႐ိုက္ကူးႏိုင္မယ္လို႔ သိရၿပီး၊ အနီးကပ္ဆြဲ႐ိုက္ကူးတဲ့အပိုင္းမွာ အရည္အေသြးေကာင္းမြန္ေအာင္ ေသေသခ်ာခ်ာ ဂ႐ုစိုက္ထားတယ္ ဆိုပါတယ္။

Samsung ဘက္က ကမာၻ႔အႀကီးမားဆုံး စမတ္ဖုန္းကင္မရာဆင္ဆာကို ဆက္လက္တီထြင္ေနဆဲသာျဖစ္ၿပီး၊ မည္သည့္အခ်ိန္မွာ စမတ္ဖုန္းေစ်းကြက္ထဲကို ေရာက္လာမလဲကေတာ့ သိရွိရျခင္းမရွိေသးပါဘူး။

Damien