【 နည်းပညာ 】 ကိုရိုနာဗိုင်းရပ်စ်ကြောင့် အွန်လိုင်းကနေသာ ကျင်းပသွား‌တော့မယ့် EVO 2020 ဂိမ်းပြိုင်ပွဲ

【  နည်းပညာ  】 ကိုရိုနာဗိုင်းရပ်စ်ကြောင့် အွန်လိုင်းကနေသာ ကျင်းပသွား‌တော့မယ့် EVO 2020 ဂိမ်းပြိုင်ပွဲ

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့်  ကမ္ဘာအနှံ့ ဘောလုံးပွဲလို အားကစားပြိုင်ပွဲ တွေ အပြင်၊ ဂိမ်းပြိုင်ပွဲတွေပါ ဆက်တိုက်လိုလို ပိတ်သိမ်းနေရတာ မြင်တွေ့ရပါတယ်။

နာမည်ကျော် တိုက်ခိုက်ရေးဂိမ်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ Evolution Championship Series (EVO) ကတော့ ဖျက်သိမ်းခြင်းမရှိပဲ အွန်လိုင်းကနေ ကျင်းပသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကနေ၊ ဩဂုတ်လ ၂ ရက်နေ့အထိ လာ့စ်ဗီးဂတ်စ်မြို့ရဲ့ နာမည်ကျော် Mandalay Bay မှာ ကျင်းပသွားဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ရောင်းချပြီးသား လက်မှတ်တွေ ကတော့ ငွေပြန်အမ်းပြီး သွားပါပြီ။ ဒါပေမယ့် ပွဲစီစဉ်သူကတော့ ပြိုင်ပွဲကို အပြီးဖျက်သိမ်းတာမျိုးမလုပ်ပဲ လာမယ့်နွေရာသီမှာပဲ အွန်လိုင်း ကနေ ဆက်လက်ကျင်းပသွားမယ်လို့ ကြေညာလိုက်ကြောင်း သိရပါတယ်။

ယခုနှစ် EVO 2020 တိုက်ခိုက်ရေးဂိမ်းပြိုင်ပွဲမှာ Street Fighter 5: Champion Edition, Super Smash Bros. Ultimate, Dragon Ball FighterZ နဲ့ Marvel vs. Capcom 2 တိုက်ခိုက်ရေးဂိမ်းတွေကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေသာ ကျင်းပသွားမယ်ဆိုတဲ့အတွက် ယခင်ကြေညာ ထားတဲ့ ဂိမ်းတွေအတိုင်းပဲ ယှဉ်ပြိုင်ရမလား၊ ဒါမှမဟုတ် အပြောင်းအလဲတွေ ရှိမလားဆိုတာတော့ မသိရှိရသေးပါဘူး။

အခြားသော နာမည်ကျော်ဂိမ်းပြိုင်ပွဲတွေဖြစ်တဲ့ E3, the Game Developers Conference နဲ့ Gamescom တို့ဟာလည်း Covid-19 ကြောင့် အွန်လိုင်းကသာကျင်းပဖို့ ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်ကြောင်း လည်း သိရပါတယ်။

Damien

(  Zawgyi  )

 ကမာၻ႔ကပ္ေရာဂါ Covid-19 ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္  ကမာၻအႏွံ႔ ေဘာလုံးပြဲလို အားကစားၿပိဳင္ပြဲ ေတြ အျပင္၊ ဂိမ္းၿပိဳင္ပြဲေတြပါ ဆက္တိုက္လိုလို ပိတ္သိမ္းေနရတာ ျမင္ေတြ႕ရပါတယ္။

နာမည္ေက်ာ္ တိုက္ခိုက္ေရးဂိမ္းၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Evolution Championship Series (EVO) ကေတာ့ ဖ်က္သိမ္းျခင္းမရွိပဲ အြန္လိုင္းကေန က်င္းပသြားမယ္လို႔ ေၾကျငာလိုက္ပါတယ္။

၂၀၂၀ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္ေန႔ကေန၊ ဩဂုတ္လ ၂ ရက္ေန႔အထိ လာ့စ္ဗီးဂတ္စ္ၿမိဳ႕ရဲ႕ နာမည္ေက်ာ္ Mandalay Bay မွာ က်င္းပသြားဖို႔ ရည္႐ြယ္ခဲ့ေပမယ့္လည္း Covid-19 ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔မႈေၾကာင့္ ဖ်က္သိမ္းလိုက္ရတာ ျဖစ္ပါတယ္။ေရာင္းခ်ၿပီးသား လက္မွတ္ေတြ ကေတာ့ ေငြျပန္အမ္းၿပီး သြားပါၿပီ။ ဒါေပမယ့္ ပြဲစီစဥ္သူကေတာ့ ၿပိဳင္ပြဲကို အၿပီးဖ်က္သိမ္းတာမ်ိဳးမလုပ္ပဲ လာမယ့္ေႏြရာသီမွာပဲ အြန္လိုင္း ကေန ဆက္လက္က်င္းပသြားမယ္လို႔ ေၾကညာလိုက္ေၾကာင္း သိရပါတယ္။

ယခုႏွစ္ EVO 2020 တိုက္ခိုက္ေရးဂိမ္းၿပိဳင္ပြဲမွာ Street Fighter 5: Champion Edition, Super Smash Bros. Ultimate, Dragon Ball FighterZ နဲ႔ Marvel vs. Capcom 2 တိုက္ခိုက္ေရးဂိမ္းေတြကို ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ အြန္လိုင္းကေနသာ က်င္းပသြားမယ္ဆိုတဲ့အတြက္ ယခင္ေၾကညာ ထားတဲ့ ဂိမ္းေတြအတိုင္းပဲ ယွဥ္ၿပိဳင္ရမလား၊ ဒါမွမဟုတ္ အေျပာင္းအလဲေတြ ရွိမလားဆိုတာေတာ့ မသိရွိရေသးပါဘူး။

အျခားေသာ နာမည္ေက်ာ္ဂိမ္းၿပိဳင္ပြဲေတြျဖစ္တဲ့ E3, the Game Developers Conference နဲ႔ Gamescom တို႔ဟာလည္း Covid-19 ေၾကာင့္ အြန္လိုင္းကသာက်င္းပဖို႔ ေ႐ႊ႕ဆိုင္းခဲ့ၿပီး ျဖစ္ေၾကာင္း လည္း သိရပါတယ္။

Damien