【 နည်းပညာ 】 ကွဲပြားခြားနားသော Game Console များပေါ်တွင် Fortnite ကစားသူများ ချိတ်ဆက်ကစားနိုင်ပြီ

【 နည်းပညာ 】 ကွဲပြားခြားနားသော Game Console များပေါ်တွင် Fortnite ကစားသူများ ချိတ်ဆက်ကစားနိုင်ပြီ

Fortnite ကစားသူတွေဘက်က မတူညီတဲ့ Game Console တွေကို ချိတ်ဆက်ကစားနိုင်အောင် ပြုလုပ်ပေးဖို့ မေးမြန်းနေခဲ့ကြတာလည်း လအနည်းငယ် ကြာနေခဲ့ပါပြီ။

အခုတော့ Sony ဘက်က သတင်းထုတ်ပြန်လိုက်ပါပြီ အဲ့တာကတော့ ကစားသူတွေကို မတူညီတဲ့ Console တွေမှာ ချိတ်ဆက်ကစားနိုင်တော့မှာပါ။

ယခုအချိန်ထိတော့ Sony ဟာ PS4 မှ Fortnite ကစားသူတွေကို Xbox One သို့မဟုတ် Nintendo မှာ ကစားနေသူတွေနဲ့ ချိတ်ဆက်ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။သို့ပေမယ့်လည်း Fortnite ကစားသူတွေရဲ့ စိတ်အားထက်သန်စွာ တောင်းဆိုဖိအားပေးမှုကိုတော့ နည်းပညာဘီလူးကြီးဘက်က လိုက်လျောပေးခဲ့ဟန် တူပါတယ်။

အဆိုပါ နာမည်ကြီး survival game မှ မတူညီတဲ့ Console တွေနဲ့ ကစားသူတွေများစွာဟာ restored လုပ်ပြီးသားဖြစ်တဲ့ ဒုတိယအကောင့်တစ်ခုကို PlayStation 4 ပေါ်မှာ ဖန်တီးရမှာဖြစ်ပြီး၊ Virtual Currency V-bucks တွေကိုလည်း အကောင့်နှစ်ခုကြား ခွဲထုတ်ဝယ်ယူနိုင်မယ်လို့လည်း ဆိုထားပါတယ်။

ကစားသူတွေကို ပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် Fortnite ကို ဖန်တီးသူ Epic Games မှ အကောင့်ချိတ်ဆက်တဲ့ feature တစ်ခုကိုလည်း ထုတ်ပေးခဲ့ပြီး၊ ထို့ကြောင့် ကစားသူတွေဟာ အကောင့်နှစ်ခုကြားမှာ မတူညီတဲ့ Console တွေနဲ့ အချိန်တိုင်း ပြောင်းလဲကစားနေနိုင်မှာပါ။

ကစားသူတွေဟာ အကောင့်နှစ်ခုလုံးကို sign လုပ်ထားရမှာဖြစ်ပြီး မူလအကောင့်တစ်ခုကိုလည်း သတ်မှတ်ပေးရမှာပါ။ဒါ့အပြင် နှစ်ပတ်ကြာပြီးနောက်မှာ မူလအကောင့်မဟုတ်သော အကောင့်ထဲမှ Fortnite ရဲ့ cosmetic items နဲ့ V-Bucks တွေကို ပိတ်မသိမ်းခင် ရွှေ့ပြောင်းထားဖို့တော့ လိုပါလိမ့်မယ်။

အကောင့်ချိတ်ဆက်တာကို အသုံးပြုဖို့အတွက် အနည်းဆုံး အကောင့်တစ်ခုဟာ Xbox One သို့မဟုတ် Switch မှာ ကစားထားရမှာဖြစ်ပြီး၊ စက်တင်ဘာ ၂၈ မတိုင်မီထိတော့ အခြားတစ်ခုကို PlayStation 4 ပေါ်မှာ ကစားထားရမှာပါ။

ယခင်ကတော့ Sony က မတူညီတဲ့ Console တွေ ချိတ်ဆက်ကစားတာဟာ မလိုအပ်ပဲ ၎င်းရဲ့ ကိုယ်ပိုင် Console ပေါ်မှာသာ ကစားတာမှ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အကြံပြုထားပါတယ်။

Sony ရဲ့ အမှုဆောင်ချုပ် ကန်အီချီရို ယိုရှီဒါ (Kenichiro Yoshida) ကတော့  "မတူညီတဲ့ Console တွေ ချိတ်ဆက်ကစားတဲ့အပေါ် ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်ကတော့ PlayStation ဟာ Fortnite ကစားဖို့ အကောင်းဆုံးသောနေရာပါ၊ PlayStation 4 နဲ့အတူ ပူးပေါင်းကစားချင်ကသာ ကစားသူတွေအတွက် အကောင်းဆုံးအတွေ့အကြုံတွေ ရရှိစေပါလိမ့်မယ်လို့ အကြုံပြုပါတယ်" ဟု ပြောကြားခဲ့ပါတယ်။

Damien
Ref - mirror
ဖေဖော်ဝါရီ - ၁၁

( Zawgyi )

Fortnite ကစားသူေတြဘက္က မတူညီတဲ့ Game Console ေတြကို ခ်ိတ္ဆက္ကစားႏိုင္ေအာင္ ျပဳလုပ္ေပးဖို႔ ေမးျမန္းေနခဲ့ၾကတာလည္း လအနည္းငယ္ ၾကာေနခဲ့ပါၿပီ။

အခုေတာ့ Sony ဘက္က သတင္းထုတ္ျပန္လိုက္ပါၿပီ အဲ့တာကေတာ့ ကစားသူေတြကို မတူညီတဲ့ Console ေတြမွာ ခ်ိတ္ဆက္ကစားႏိုင္ေတာ့မွာပါ။

ယခုအခ်ိန္ထိေတာ့ Sony ဟာ PS4 မွ Fortnite ကစားသူေတြကို Xbox One သို႔မဟုတ္ Nintendo မွာ ကစားေနသူေတြနဲ႔ ခ်ိတ္ဆက္ေပးဖို႔ တြန႔္ဆုတ္ေနခဲ့ပါတယ္။သို႔ေပမယ့္လည္း Fortnite ကစားသူေတြရဲ႕ စိတ္အားထက္သန္စြာ ေတာင္းဆိုဖိအားေပးမႈကိုေတာ့ နည္းပညာဘီလူးႀကီးဘက္က လိုက္ေလ်ာေပးခဲ့ဟန္ တူပါတယ္။

အဆိုပါ နာမည္ႀကီး survival game မွ မတူညီတဲ့ Console ေတြနဲ႔ ကစားသူေတြမ်ားစြာဟာ restored လုပ္ၿပီးသားျဖစ္တဲ့ ဒုတိယအေကာင့္တစ္ခုကို PlayStation 4 ေပၚမွာ ဖန္တီးရမွာျဖစ္ၿပီး၊ Virtual Currency V-bucks ေတြကိုလည္း အေကာင့္ႏွစ္ခုၾကား ခြဲထုတ္ဝယ္ယူႏိုင္မယ္လို႔လည္း ဆိုထားပါတယ္။

ကစားသူေတြကို ျပႆနာေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ Fortnite ကို ဖန္တီးသူ Epic Games မွ အေကာင့္ခ်ိတ္ဆက္တဲ့ feature တစ္ခုကိုလည္း ထုတ္ေပးခဲ့ၿပီး၊ ထို႔ေၾကာင့္ ကစားသူေတြဟာ အေကာင့္ႏွစ္ခုၾကားမွာ မတူညီတဲ့ Console ေတြနဲ႔ အခ်ိန္တိုင္း ေျပာင္းလဲကစားေနႏိုင္မွာပါ။

ကစားသူေတြဟာ အေကာင့္ႏွစ္ခုလုံးကို sign လုပ္ထားရမွာျဖစ္ၿပီး မူလအေကာင့္တစ္ခုကိုလည္း သတ္မွတ္ေပးရမွာပါ။ဒါ့အျပင္ ႏွစ္ပတ္ၾကာၿပီးေနာက္မွာ မူလအေကာင့္မဟုတ္ေသာ အေကာင့္ထဲမွ Fortnite ရဲ႕ cosmetic items နဲ႔ V-Bucks ေတြကို ပိတ္မသိမ္းခင္ ေ႐ႊ႕ေျပာင္းထားဖို႔ေတာ့ လိုပါလိမ့္မယ္။

အေကာင့္ခ်ိတ္ဆက္တာကို အသုံးျပဳဖို႔အတြက္ အနည္းဆုံး အေကာင့္တစ္ခုဟာ Xbox One သို႔မဟုတ္ Switch မွာ ကစားထားရမွာျဖစ္ၿပီး၊ စက္တင္ဘာ ၂၈ မတိုင္မီထိေတာ့ အျခားတစ္ခုကို PlayStation 4 ေပၚမွာ ကစားထားရမွာပါ။

ယခင္ကေတာ့ Sony က မတူညီတဲ့ Console ေတြ ခ်ိတ္ဆက္ကစားတာဟာ မလိုအပ္ပဲ ၎ရဲ႕ ကိုယ္ပိုင္ Console ေပၚမွာသာ ကစားတာမွ အေကာင္းဆုံးနည္းလမ္းျဖစ္တယ္လို႔ အႀကံျပဳထားပါတယ္။

Sony ရဲ႕ အမႈေဆာင္ခ်ဳပ္ ကန္အီခ်ီ႐ို ယိုရွီဒါ (Kenichiro Yoshida) ကေတာ့  "မတူညီတဲ့ Console ေတြ ခ်ိတ္ဆက္ကစားတဲ့အေပၚ ကြၽန္ေတာ္တို႔ရဲ႕ ထင္ျမင္ယူဆခ်က္ကေတာ့ PlayStation ဟာ Fortnite ကစားဖို႔ အေကာင္းဆုံးေသာေနရာပါ၊ PlayStation 4 နဲ႔အတူ ပူးေပါင္းကစားခ်င္ကသာ ကစားသူေတြအတြက္ အေကာင္းဆုံးအေတြ႕အႀကဳံေတြ ရရွိေစပါလိမ့္မယ္လို႔ အႀကဳံျပဳပါတယ္" ဟု ေျပာၾကားခဲ့ပါတယ္။

Damien
Ref - mirror
ေဖေဖာ္ဝါရီ - ၁၁