【 နည်းပညာ 】 ဂြိုလ်သားရှာဖွေသူတွေ ဖော်ထုတ်မိခဲ့တဲ့ ထူးဆန်းတဲ့ အချက်ပြမှုများ

【 နည်းပညာ 】 ဂြိုလ်သားရှာဖွေသူတွေ ဖော်ထုတ်မိခဲ့တဲ့ ထူးဆန်းတဲ့ အချက်ပြမှုများ

ယခုလက်ရှိအချိန်ထိ ဂြိုလ်‌သားတွေဟာ အမှန်တကယ်တည်ရှိကြောင်းကို မည်သူကမျှ သက်သေမပြနိုင်ကြသေးပါဘူး။

ဒါပေမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ကတော့ ဗြိတိန်သတင်းစာ The Guardian ရဲ့ သတင်းအရ ထူးဆန်းတဲ့ အချက်ပြမှုတွေကို ထောက်လှမ်းရမိခဲ့တယ်လို့ သိရပါတယ်။

အာကာသထဲက ထူးဆန်းတဲ့ အချက်ပြမှုတွေဟာ ကျနော်တို့ ကမ္ဘာကြီးနဲ့ နီးကပ်တဲ့ ကြယ်တစ်လုံးဆီက ထွက်ပေါ်လာတာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။သိပ္ပံပညာရှင်တွေဘက်ကတော့ အဆိုပါထူးဆန်းတဲ့ အချက်ပြမှုတွေဟာ ဘာတွေပေးပို့လိုက်သလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

"အချက်ပြမှုတွေမှာ ထူးဆန်းတဲ့ဂုဏ်သတ္တိတွေ ပါဝင်နေတာကြောင့် ကျနော်တို့ရဲ့ စမ်းသပ် စစ်ဆေးမှုတွေကို ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ဒီအတွက်ကြောင့် အချက်ပြမှုတွေဟာ ဘာကိုဆိုလိုသလဲဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး" လို့ University of California, Berkeley မှ နက္ခတ္တဗေဒပညာရှင် Andrew Siemion က Scientific American သို့ ဖြေကြားပေးခဲ့ပါတယ်။

အဆိုပါထူးဆန်းတဲ့ အချက်ပြမှုတွေကို ‌အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံထားတဲ့ Breakthrough Listen အမည်ရ စီမံကိန်းကနေ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်တုန်းက စတင်ခဲ့တဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။

Damien

( Zawgyi )

ယခုလက္ရွိအခ်ိန္ထိ ၿဂိဳလ္‌သားေတြဟာ အမွန္တကယ္တည္ရွိေၾကာင္းကို မည္သူကမွ် သက္ေသမျပႏိုင္ၾကေသးပါဘူး။

ဒါေပမယ့္ ဒီဇင္ဘာ ၁၈ ရက္ေန႔ကေတာ့ ၿဗိတိန္သတင္းစာ The Guardian ရဲ႕ သတင္းအရ ထူးဆန္းတဲ့ အခ်က္ျပမႈေတြကို ေထာက္လွမ္းရမိခဲ့တယ္လို႔ သိရပါတယ္။

အာကာသထဲက ထူးဆန္းတဲ့ အခ်က္ျပမႈေတြဟာ က်ေနာ္တို႔ ကမာၻႀကီးနဲ႔ နီးကပ္တဲ့ ၾကယ္တစ္လုံးဆီက ထြက္ေပၚလာတာျဖစ္တယ္လို႔ သတင္းေတြအရ သိရပါတယ္။သိပၸံပညာရွင္ေတြဘက္ကေတာ့ အဆိုပါထူးဆန္းတဲ့ အခ်က္ျပမႈေတြဟာ ဘာေတြေပးပို႔လိုက္သလဲဆိုတာကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

"အခ်က္ျပမႈေတြမွာ ထူးဆန္းတဲ့ဂုဏ္သတၱိေတြ ပါဝင္ေနတာေၾကာင့္ က်ေနာ္တို႔ရဲ႕ စမ္းသပ္ စစ္ေဆးမႈေတြကို ျဖတ္ေက်ာ္သြားႏိုင္ခဲ့ပါတယ္။ဒီအတြက္ေၾကာင့္ အခ်က္ျပမႈေတြဟာ ဘာကိုဆိုလိုသလဲဆိုတာ မေဖာ္ထုတ္ႏိုင္ေသးပါဘူး" လို႔ University of California, Berkeley မွ နကၡတၱေဗဒပညာရွင္ Andrew Siemion က Scientific American သို႔ ေျဖၾကားေပးခဲ့ပါတယ္။

အဆိုပါထူးဆန္းတဲ့ အခ်က္ျပမႈေတြကို ‌အေမရိကန္ေဒၚလာ သန္း ၁၀၀ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ Breakthrough Listen အမည္ရ စီမံကိန္းကေန ေတြ႕ရွိခဲ့တာျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္တုန္းက စတင္ခဲ့တဲ့ စီမံကိန္းလည္းျဖစ္ပါတယ္။

Damien