【 နည်းပညာ 】 စကြဝဠာကြီး စတင်ဖြစ်တည်မှုကို လေ့လာသွားမယ့် နာဆာရဲ့ SPHEREx စီမံကိန်း

【 နည်းပညာ 】 စကြဝဠာကြီး စတင်ဖြစ်တည်မှုကို လေ့လာသွားမယ့် နာဆာရဲ့ SPHEREx စီမံကိန်း

နာဆာမှ သက်ရှိများနှင့် စကြဝဠာကြီးရဲ့ စတင်ဖြစ်တည်လာမှုကို နားလည်သဘောပေါက်အောင် လေ့လာသွားမယ်လို့ ကြေညာလိုက်ပါတယ်။

အဆိုပါ လေ့လာသွားမယ့် စီမံကိန်းကို the Spectro-Photometer for the History of the Universe, Epoch of Reionization and Ices Explorer လို့ အမည်ပေးထားပြီး အတိုကောက်အနေနဲ့ SPHEREx လို့ ခေါ်တွင်တယ်လို့လည်း ဆိုပါတယ်။

အာကာသအေဂျင်စီကြီးမှ 2023 ခုနှစ်တွင် လုပ်ငန်းများ စတင်မယ်လို့ မျှော်မှန်းထားပြီး အဆိုပါ စီမံကိန်းအတွက် လွှတ်တင်မှုစရိတ် မပါဝင်သေးပဲ ဒေါ်လာ ၂၄၂ သန်းခန့် ကြိုတင်လျာထားပြီး၊ အချိန်ကာလ အနည်းဆုံး နှစ်နှစ်ခန့် ကြာမြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

SPHEREx ဟာ ဂြိုလ်ပတ်လမ်းထဲမှာ ရောက်ရှိနေပြီး ဖြစ်ပြီး နဂါးငွေ့တန်း သန်း ၃၀၀ အပေါ်မှာ အချက်အလက်များ စုဆောင်းရယူသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ကမ္ဘာနှင့် အလင်းနှစ်ပေါင်း ၁၀ ဘီလီယံ အကွာ နဂါးငွေ့တန်းများထဲမှ ကြယ်စင်စုပေါင်း သန်း ၁၀၀ ကိုလည်း နှစ်စဉ် ခြောက်လရောက်တိုင်းမှာ လေ့လာစစ်ဆေးသွားမှာပါ။ကောင်းကင်မြင်ကွင်းတွေကို စစ်တမ်းကောက်ယူရန်နှင့် အနီအောက်ရောင်ခြည်ကို နီးနီးကပ်ကပ် လေ့လာနိုင်ရန်အတွက် နည်းပညာတွေကို ကမ္ဘာ့ဂြိုလ်တုများနဲ့ mars အာကာသယာဉ်မှ အခြေခံရယူကာ ပိုမိုအဆင်ပြေ လိုက်ဖက်အောင် ပြင်ဆင်ထားပါတယ်။ထို့နောက် ၉၆ လှိုင်းအလျားကို အသုံးပြုလိုက်တာနဲ့ တပြိုင်နက် နာဆာမှ ယခင်ထက် အလွန်အသေးစိတ်ကျသော ကောင်းကင်မြေပုံတစ်ခု ဖန်တီးပေးလိုက်မှာဖြစ်ပါတယ်။

အာကာသအဝေးကြည့်မှန်ပြောင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နဂါးငွေ့တန်းအတွင်းမှ ရေနဲ့ organic molecules တွေကို ရှာဖွေသွားဖို့အပြင်၊ အဆိုပါနေရာမှ သက်ရှိတွေရဲ့ စာရင်းတွေနဲ့ ကြယ်တွေ မည်သည့်နေရာမှ ဖြစ်တည်လာပုံတွေ၊ ကြယ်တွေ ဝန်းရံပြီး ဂြိုလ်တစ်ခု ဖြစ်ပေါ်လာပုံတွေကို လေ့လာကြည့်ရှုသွားမှာပါ။ကျနော်တို့ နဂါးငွေ့တန်းကို ကျော်လွန်ပြီး အဝေးကြည့်မှန်ပြောင်း မျက်စိကို ကြည့်ရှုလေ့ကျင့်ခြင်းအားဖြင့်၊ ကျနော်တို့ရဲ့ စကြဝဠာကြီး ဘယ်လိုဖြစ်တည်လာတယ် ဘယ်လိုဖွံ့ဖြိုးလာတယ်ကို ပိုမိုသိရှိစေဖို့ သဲလွန်စအများကြီး ရစေနိုင်တယ်လို့လည်း နာဆာမှ ယုံကြည်ထားပါတယ်။

 

သောမတ်စ် ဇာဘူချန် (Thomas Zurbuchan) NASA ရဲ့ သိပ္ပံမစ်ရှင်ညွှန်ကြားမှုများ တွဲဖက်စီမံခန့်ခွဲသူကတော့ "ဒီအံ့သြဖွယ် စီမံကိန်းဟာ နက္ခတ္တဗေဒပညာရှင်များအတွက် တမူထူခြားတဲ့ အချက်အလက် ရတနာသိုက် ဖြစ်လာပါလိမ့်မယ်။နောက်ပြီး စကြဝဠာသမိုင်းထဲမှ ပထမဆုံးလှုပ်ရှားမှုရဲ့ လက်ဗွေရာတွေပါဝင်တဲ့ ကြယ်စင်စုမြေပုံတွေ ပေးပို့ပါလိမ့်မယ်။ပြီးတော့ ကျနော်တို့အားလုံးမှာ ကြီးမြတ်နက်နဲတဲ့ သိပ္ပံပညာအတွက် သဲလွန်စအသစ်တွေလည်း ရှိနေပါပြီ။ဒါ့အပြင် မည်သည့်အရာက စကြဝဠာကြီးကို nanosecond ထက် လျော့နည်းတဲ့အချိန်နဲ့ လျင်လျင်မြန်မြန် တိုးချဲ့ဖန်တီးလာခဲ့သလဲ ဆိုတာကိုရောပေါ့" လို့ ပြောကြားခဲ့ပါတယ်။

Damien
Ref - engadget
ဖေဖော်ဝါရီ - ၁၅

( Zawgyi )

နာဆာမွ သက္ရွိမ်ားႏွင့္ စၾကဝဠာႀကီးရဲ႕ စတင္ျဖစ္တည္လာမႈကို နားလည္သေဘာေပါက္ေအာင္ ေလ့လာသြားမယ္လို႔ ေၾကညာလိုက္ပါတယ္။

အဆိုပါ ေလ့လာသြားမယ့္ စီမံကိန္းကို the Spectro-Photometer for the History of the Universe, Epoch of Reionization and Ices Explorer လို႔ အမည္ေပးထားၿပီး အတိုေကာက္အေနနဲ႔ SPHEREx လို႔ ေခၚတြင္တယ္လို႔လည္း ဆိုပါတယ္။

အာကာသေအဂ်င္စီႀကီးမွ 2023 ခုႏွစ္တြင္ လုပ္ငန္းမ်ား စတင္မယ္လို႔ ေမွ်ာ္မွန္းထားၿပီး အဆိုပါ စီမံကိန္းအတြက္ လႊတ္တင္မႈစရိတ္ မပါဝင္ေသးပဲ ေဒၚလာ ၂၄၂ သန္းခန႔္ ႀကိဳတင္လ်ာထားၿပီး၊ အခ်ိန္ကာလ အနည္းဆုံး ႏွစ္ႏွစ္ခန႔္ ၾကာျမင့္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။

SPHEREx ဟာ ၿဂိဳလ္ပတ္လမ္းထဲမွာ ေရာက္ရွိေနၿပီး ျဖစ္ၿပီး နဂါးေငြ႕တန္း သန္း ၃၀၀ အေပၚမွာ အခ်က္အလက္မ်ား စုေဆာင္းရယူသြားမွာ ျဖစ္ပါတယ္။ဒါ့အျပင္ ကမာၻႏွင့္ အလင္းႏွစ္ေပါင္း ၁၀ ဘီလီယံ အကြာ နဂါးေငြ႕တန္းမ်ားထဲမွ ၾကယ္စင္စုေပါင္း သန္း ၁၀၀ ကိုလည္း ႏွစ္စဥ္ ေျခာက္လေရာက္တိုင္းမွာ ေလ့လာစစ္ေဆးသြားမွာပါ။ေကာင္းကင္ျမင္ကြင္းေတြကို စစ္တမ္းေကာက္ယူရန္ႏွင့္ အနီေအာက္ေရာင္ျခည္ကို နီးနီးကပ္ကပ္ ေလ့လာႏိုင္ရန္အတြက္ နည္းပညာေတြကို ကမာၻ႔ၿဂိဳလ္တုမ်ားနဲ႔ mars အာကာသယာဥ္မွ အေျခခံရယူကာ ပိုမိုအဆင္ေျပ လိုက္ဖက္ေအာင္ ျပင္ဆင္ထားပါတယ္။ထို႔ေနာက္ ၉၆ လႈိင္းအလ်ားကို အသုံးျပဳလိုက္တာနဲ႔ တၿပိဳင္နက္ နာဆာမွ ယခင္ထက္ အလြန္အေသးစိတ္က်ေသာ ေကာင္းကင္ေျမပုံတစ္ခု ဖန္တီးေပးလိုက္မွာျဖစ္ပါတယ္။

အာကာသအေဝးၾကည့္မွန္ေျပာင္းရဲ႕ အဓိကရည္႐ြယ္ခ်က္ကေတာ့ နဂါးေငြ႕တန္းအတြင္းမွ ေရနဲ႔ organic molecules ေတြကို ရွာေဖြသြားဖို႔အျပင္၊ အဆိုပါေနရာမွ သက္ရွိေတြရဲ႕ စာရင္းေတြနဲ႔ ၾကယ္ေတြ မည္သည့္ေနရာမွ ျဖစ္တည္လာပုံေတြ၊ ၾကယ္ေတြ ဝန္းရံၿပီး ၿဂိဳလ္တစ္ခု ျဖစ္ေပၚလာပုံေတြကို ေလ့လာၾကည့္ရႈသြားမွာပါ။က်ေနာ္တို႔ နဂါးေငြ႕တန္းကို ေက်ာ္လြန္ၿပီး အေဝးၾကည့္မွန္ေျပာင္း မ်က္စိကို ၾကည့္ရႈေလ့က်င့္ျခင္းအားျဖင့္၊ က်ေနာ္တို႔ရဲ႕ စၾကဝဠာႀကီး ဘယ္လိုျဖစ္တည္လာတယ္ ဘယ္လိုဖြံ႕ၿဖိဳးလာတယ္ကို ပိုမိုသိရွိေစဖို႔ သဲလြန္စအမ်ားႀကီး ရေစႏိုင္တယ္လို႔လည္း နာဆာမွ ယုံၾကည္ထားပါတယ္။

ေသာမတ္စ္ ဇာဘူခ်န္ (Thomas Zurbuchan) NASA ရဲ႕ သိပၸံမစ္ရွင္ၫႊန္ၾကားမႈမ်ား တြဲဖက္စီမံခန႔္ခြဲသူကေတာ့ "ဒီအံ့ၾသဖြယ္ စီမံကိန္းဟာ နကၡတၱေဗဒပညာရွင္မ်ားအတြက္ တမူထူျခားတဲ့ အခ်က္အလက္ ရတနာသိုက္ ျဖစ္လာပါလိမ့္မယ္။ေနာက္ၿပီး စၾကဝဠာသမိုင္းထဲမွ ပထမဆုံးလႈပ္ရွားမႈရဲ႕ လက္ေဗြရာေတြပါဝင္တဲ့ ၾကယ္စင္စုေျမပုံေတြ ေပးပို႔ပါလိမ့္မယ္။ၿပီးေတာ့ က်ေနာ္တို႔အားလုံးမွာ ႀကီးျမတ္နက္နဲတဲ့ သိပၸံပညာအတြက္ သဲလြန္စအသစ္ေတြလည္း ရွိေနပါၿပီ။ဒါ့အျပင္ မည္သည့္အရာက စၾကဝဠာႀကီးကို nanosecond ထက္ ေလ်ာ့နည္းတဲ့အခ်ိန္နဲ႔ လ်င္လ်င္ျမန္ျမန္ တိုးခ်ဲ႕ဖန္တီးလာခဲ့သလဲ ဆိုတာကိုေရာေပါ့" လို႔ ေျပာၾကားခဲ့ပါတယ္။

Damien
Ref - engadget
ေဖေဖာ္ဝါရီ - ၁၅