【 နည်းပညာ 】 စမတ်ဖုန်းတွေအတွက် Harmony OS 2.0 ကို Huawei ထုတ်ပေးပြီ

【 နည်းပညာ 】 စမတ်ဖုန်းတွေအတွက် Harmony OS 2.0 ကို Huawei ထုတ်ပေးပြီ

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ကတော့ ၎င်းရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာပြီလို့ ဆိုရမှာပါ။

Huawei မှ တီထွင်နေတဲ့ ကိုယ်ပိုင် OS သစ် Harmony OS 2.0 ဟာ နောက်ဆုံးမှာတော့ စမတ်ဖုန်းတွေအတွက် ပထမဆုံးဗားရှင်း ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ပထမဆုံး Harmony OS ကတော့ Huawei စမတ်တီဗီတွေအတွက် စတင်ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Huawei ရဲ့ Harmony OS 2.0 ကို ထောက်ပံ့ပေးမယ့် စမတ်ဖုန်းစာရင်းကတော့ Huawei P40, P40 Pro, Huawei Mate 30 series, Mate 3 Pro series နဲ့ မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက် Huawei MatePad Pro series တွေပဲ ဖြစ်ပါတယ်။အခြားသော ထုတ်ကုန်တွေကိုတော့ မကြာမီထောက်ပံ့ပေးလာမှာလည်း ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ စမတ်ဖုန်းတွေအတွက် Harmony OS 2.0 beta စမ်းသပ်ဗားရှင်းကို အွန်လိုင်းကနေ မှတ်ပုံတင်ကာ လျှောက်ထားနိုင်မှာဖြစ်ပြီး၊ တရုတ်နိုင်ငံတွင်းမှာသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။လျှောက်ထားတာ ခွင့်ပြုချက်ကျပြီးတာနဲ့ Harmony OS 2.0 ကို မိမိတို့ရဲ့ စမတ်ဖုန်း သို့ တက်ဘလက်တွေမှာ အလိုအလျောက် တင်ပေးသွားမှာဖြစ်ပါတယ်။ဒါ့အပြင် Harmony OS 2.0 မှာ Android ဆော့ဝဲလ်တွေကို အဆင်ပြေပြေ အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။

အကယ်၍ Harmony OS 2.0 beta ကို အသုံးပြုရတာ အဆင်မပြေပါကလည်း သုံးစွဲသူအနေနဲ့ ယခင် OS ဗားရှင်းကို ပြန်လည်တင်နိုင်မှာလည်းဖြစ်ပြီး၊ အရေးကြီး အချက်အလက် ဒေတာတွေကိုတော့ သိမ်းဆည်းထားရန် လိုအပ်တယ်လို့ သိရပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei ကေတာ့ ၎ရဲ႕ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚလာၿပီလို႔ ဆိုရမွာပါ။

Huawei မွ တီထြင္ေနတဲ့ ကိုယ္ပိုင္ OS သစ္ Harmony OS 2.0 ဟာ ေနာက္ဆုံးမွာေတာ့ စမတ္ဖုန္းေတြအတြက္ ပထမဆုံးဗားရွင္း ထြက္ရွိလာၿပီပဲျဖစ္ပါတယ္။ပထမဆုံး Harmony OS ကေတာ့ Huawei စမတ္တီဗီေတြအတြက္ စတင္ထြက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။

Huawei ရဲ႕ Harmony OS 2.0 ကို ေထာက္ပံ့ေပးမယ့္ စမတ္ဖုန္းစာရင္းကေတာ့ Huawei P40, P40 Pro, Huawei Mate 30 series, Mate 3 Pro series နဲ႔ မ်က္ႏွာျပင္ႀကီးမားတဲ့ တက္ဘလက္ Huawei MatePad Pro series ေတြပဲ ျဖစ္ပါတယ္။အျခားေသာ ထုတ္ကုန္ေတြကိုေတာ့ မၾကာမီေထာက္ပံ့ေပးလာမွာလည္း ျဖစ္ပါတယ္။

သတ္မွတ္ထားတဲ့ စမတ္ဖုန္းေတြအတြက္ Harmony OS 2.0 beta စမ္းသပ္ဗားရွင္းကို အြန္လိုင္းကေန မွတ္ပုံတင္ကာ ေလွ်ာက္ထားႏိုင္မွာျဖစ္ၿပီး၊ တ႐ုတ္ႏိုင္ငံတြင္းမွာသာ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ေလွ်ာက္ထားတာ ခြင့္ျပဳခ်က္က်ၿပီးတာနဲ႔ Harmony OS 2.0 ကို မိမိတို႔ရဲ႕ စမတ္ဖုန္း သို႔ တက္ဘလက္ေတြမွာ အလိုအေလ်ာက္ တင္ေပးသြားမွာျဖစ္ပါတယ္။ဒါ့အျပင္ Harmony OS 2.0 မွာ Android ေဆာ့ဝဲလ္ေတြကို အဆင္ေျပေျပ အသုံးျပဳႏိုင္တယ္လို႔လည္း သိရပါတယ္။

အကယ္၍ Harmony OS 2.0 beta ကို အသုံးျပဳရတာ အဆင္မေျပပါကလည္း သုံးစြဲသူအေနနဲ႔ ယခင္ OS ဗားရွင္းကို ျပန္လည္တင္ႏိုင္မွာလည္းျဖစ္ၿပီး၊ အေရးႀကီး အခ်က္အလက္ ေဒတာေတြကိုေတာ့ သိမ္းဆည္းထားရန္ လိုအပ္တယ္လို႔ သိရပါတယ္။

Damien