【 နည်းပညာ 】 စမတ်ဖုန်းသစ်ကို Meizu မိတ်ဆက်

【 နည်းပညာ 】 စမတ်ဖုန်းသစ်ကို Meizu မိတ်ဆက်

ပေကျင်း၊ အောက်တိုဘာ - ၂၀

မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းစျေးကွက်အတွင်း နေရာတစ်နေရာ အခိုင်အမာရယူနိုင်ခဲ့ပြီး၊ နာမည်ကျော် လူကြိုက်များခဲ့တဲ့ Meizu ကုမ္ပဏီက စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစမတ်ဖုန်းသစ်ကို Meizu 20 Classic လို့ ကုမ္ပဏီက အမည်ပေးထားပါတယ်။

Meizu ဆိုတဲ့ တရုတ်နည်းပညာကုမ္ပဏီကြီးရဲ့ အမှတ်တံဆိပ်နာမည်ဟာ မြန်မာပရိသတ်တွေနဲ့ မစိမ်းလှပါဘူး။ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ စမတ်ဖုန်းစျေးကွက်အတွင်း စမတ်ဖုန်းယဉ်ကျေးမှု စတင်ခေတ်စားလာချိန်မှာ Meizu ဆိုတဲ့ အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေက မြန်မာပရိသတ်တွေရင်ထဲကို နေရာယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

Meizu ကုမ္ပဏီရဲ့ တရားဝင်စတိုးဟာ အရင်ကတော့ မြန်မာနိုင်ငံအတွင်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ Xiaomi နဲ့ Redmi စမတ်ဖုန်းတွေ မြန်မာစျေးကွက်အတွင်း ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ Meizu ရဲ့ လှုပ်ရှားမှုတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။

ဒါပေမဲ့ ယမန်နေ့ မနက်ပိုင်းကတော့ မြန်မာနိုင်ငံရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Meizu Myanmar က profile နဲ့ cover photo တွေ ပြောင်းလဲပြီး၊ မြန်မာစျေးကွက်သို့ ပြန်လာပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Meizu Myanmar ကို မြန်မာပြည်တွင်း နည်းပညာလူမှုကွန်ရက်စာမျက်နှာတွေကလည်း ကြိုဆိုခဲ့ကြပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Meizu 20 Classic စမတ်ဖုန်းသစ်ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပြီး၊ ၎င်းကို Snapdragon 8 Gen 2 ချစ်ပ်နဲ့ မောင်းနှင်ပေးထားပါတယ်။မျက်နှာပြင်ပိုင်းမှာတော့ OLED အမျိုးအစားကို အသုံးပြုပေးထားပြီး၊ မျက်နှာပြင် ထိတွေ့အသုံးပြုရာမှာ ချောမွေ့မြန်ဆန်မှုအရသာကို ပေးစွမ်းနိုင်တဲ့ 144Hz refresh rate နည်းပညာလည်း ပါဝင်လာပါတယ်။

မမ်မိုရီပမာဏအနေနဲ့ 16GB အထိ ပါဝင်ပြီး၊ သိမ်းဆည်းနိုင်မှုကတော့ 256GB နဲ့ 512GB ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မှာပါ။

Meizu 20 Classic စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံ စျေးကွက်အတွင်းမှာတော့ စတင်ရောင်းချနေပြီလို့ သိရပြီး၊ အခြေခံစျေးနှုန်းအနေနဲ့ 16/256GB version ကို တရုတ်ယွမ် ၃၀၉၉ (ကန်ဒေါ်လာ ၄၂၄)၊ 16/512GB version ကို တရုတ်ယွမ် ၃၃၉၉ (ကန်ဒေါ်လာ ၄၆၅) သတ်မှတ်ထားပါတယ်။

Damien
Ref - gsmarena