【 နည်းပညာ 】 စွမ်းရည်မြင့် စမတ်ဖုန်းသစ်များကို Xiaomi မိတ်ဆက်

【 နည်းပညာ 】 စွမ်းရည်မြင့် စမတ်ဖုန်းသစ်များကို Xiaomi မိတ်ဆက်

ပေကျင်း၊ အောက်တိုဘာ - ၂၇

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi က စွမ်းရည်မြင့် စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

Xiaomi ရဲ့ စမတ်ဖုန်းသစ်တွေမှာ ကမ္ဘာ့အမြန်ဆုံး ချစ်ပ် (Snapdragon 8 Gen 3) ကို အသုံးပြုမောင်းနှင်ပေးထားသလို၊ မကြာသေးမီက Xiaomi မိတ်ဆက်ထားခဲ့တဲ့ HyperOS ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Xiaomi 14 series အဖြစ် မိတ်ဆက်လာခဲ့တဲ့ စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုး ပါဝင်မှာဖြစ်ပြီး Xiaomi 14 နဲ့  Xiaomi 14 Pro တို့ပဲ ဖြစ်ပါတယ်။

Xiaomi 14 Pro ကတော့ အရွယ်အစား အနည်းငယ်ပိုကြီးကာ၊ စွမ်းဆောင်ရည်လည်း မြင့်မားမှာဖြစ်သလို စျေးနှုန်းလည်း ပိုမိုကြီးမြင့်မှာဖြစ်ပါတယ်။စမတ်ဖုန်းမျက်နှာပြင်ရဲ့ ဘေးဘောင်တွေကို အနည်းငယ်ခုံးပေးထားပြီး curved display ဆန်းသစ်မှုကိုလည်း Xiaomi 14 Pro မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။စမတ်ဖုန်းကိုယ်ထည်ကို တိုင်တေနီယမ် (titanium) နဲ့ တည်ဆောက်ပေးထားပြီး၊ မျက်နှာပြင်ကို Xiaomi Longjing Glass နဲ့ ကာကွယ်ပေးထားပါတယ်။

Xiaomi 14 ကတော့ ယခင်ထုတ်ကုန်တွေထက် စွမ်းဆောင်ရည်မြင့်မားလာပြီး၊ ဒီဇိုင်းပုံစံ ပြောင်းလဲလာတာကလွဲလို့ သိပ်ထူးခြားမှုမရှိခဲ့ပါဘူး။

Xiaomi 14 series ရဲ့ ကင်မရာပိုင်းမှာတော့ ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားပါတယ်။အရင်က Huawei ကုမ္ပဏီနဲ့ လက်တွဲခဲ့တဲ့ ဂျာမန်ကင်မရာကုမ္ပဏီ Leica ဟာ Xiaomi နဲ့ လက်တွဲခဲ့ပြီး၊ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ နည်းပညာပိုင်းမှာ ထောက်ပံ့ပေးထားပါတယ်။ Xiaomi 14 နဲ့ 14 Pro မော်ဒယ်လ်တွေမှာ တပ်ဆင်ပေးထားတဲ့ ကင်မရာတွေဟာ တူညီမှာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အနည်းငယ်ကွဲပြားမှုရှိလာနိုင်ပါတယ်။

ကမ္ဘာ့အမြန်ဆုံး ချစ်ပ် (Snapdragon 8 Gen 3) နဲ့ မောင်းနှင်ပေးထားတဲ့ Xiaomi 14 series ဟာ အနိမ့်ဆုံးစျေးနှုန်း မြန်မာငွေ ၁၇ သိန်းကျော်ကနေ အမြင့်ဆုံးစျေးနှုန်း မြန်မာငွေ ၂၈ သိန်းကျော်အထိ ကျသင့်နိုင်တယ်လို့လည်း သိရပါတယ်။

Damien
Ref - fonearena