【 နည်းပညာ 】 ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲ Samsung ပြုလုပ်မည်

【 နည်းပညာ 】 ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲ Samsung ပြုလုပ်မည်

လာမည့် ဇန်နဝါရီ ၁၄ ရက်မှာ Galaxy Unpacked အမည်ရ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung က ကြေညာခဲ့ပါတယ်။

အဆိုပါမိတ်ဆက်ပွဲမှာ Samsung မှ စမတ်ဖုန်းသစ်တွေအပြင် ကြိုးမဲ့နားကြပ်သစ်ကိုပါ မိတ်ဆက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက် Galaxy Unpacked ပွဲမှာ Samsung ချစိသူတွေ မျှော်လင့်နေတဲ့ Samsung Galaxy S21 series စမတ်ဖုန်းတွေကို အဓိကထားမိတ်ဆက်သွားမှာပါ။ Galaxy S21 series ကို Galaxy S21, Galaxy S21 Pro, Galaxy S21 Ultra ဆိုပြီး မော်ဒယ်လ် ၃ မျိုး မိတ်ဆက်သွားမယ်လို့ သတင်းတွေအရ သိရပါတယ်။ဒါ့အပြင် Samsung Galaxy Buds Pro အမည်ရ ကြိုးမဲ့နားကြပ်ကိုလည်း မိတ်ဆက်သွားမယ်လို့ ဆိုထားပါတယ်။ထူးခြားတာကတော့ Galaxy S21 series ဟာ ပထမဆုံးအနေနဲ့ Samsung Galaxy S series မှာ S Pen ပါဝင်လာမယ့် စမတ်‌ဖုန်းတွေဖြစ်လာမှာဖြစ်ပါတယ်။ယခုလို Galaxy S series မှာ S Pen ထည့်သွင်းပေးလာတဲ့အတွက် နာမည်ကျော် Samsung Galaxy Note series တွေကို ဆက်လက်ထုတ်လုပ်ဦးမလားဆိုတာကိုတော့ သေချာစွာ ကွဲကွဲပြားပြား မသိရသေးပါဘူး။

Samsung က မကြာတော့ရက်တွေမှာ မိတ်ဆက်လာတော့မယ့် Galaxy S21 series တွေရဲ့ ကင်မရာပိုင်းကို အထူးအာရုံစိုက်ထားမှာဖြစ်ပြီး၊ အမေရိကန်၊ တရုတ်နဲ့ ကိုရီးယားတို့မှာ Snapdragon 888 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ အခြားနိုင်ငံတွေမှာ Exynos 2100 chipset နဲ့ မောင်းနှင်လာမယ်လို့ သိရပါတယ်။

 

Damien

( Zawgyi )

လာမည့္ ဇန္နဝါရီ ၁၄ ရက္မွာ Galaxy Unpacked အမည္ရ ထုတ္ကုန္သစ္မိတ္ဆက္ပြဲကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung က ေၾကညာခဲ့ပါတယ္။

အဆိုပါမိတ္ဆက္ပြဲမွာ Samsung မွ စမတ္ဖုန္းသစ္ေတြအျပင္ ႀကိဳးမဲ့နားၾကပ္သစ္ကိုပါ မိတ္ဆက္သြားမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

ဇန္နဝါရီ ၁၄ ရက္ Galaxy Unpacked ပြဲမွာ Samsung ခ်စိသူေတြ ေမွ်ာ္လင့္ေနတဲ့ Samsung Galaxy S21 series စမတ္ဖုန္းေတြကို အဓိကထားမိတ္ဆက္သြားမွာပါ။ Galaxy S21 series ကို Galaxy S21, Galaxy S21 Pro, Galaxy S21 Ultra ဆိုၿပီး ေမာ္ဒယ္လ္ ၃ မ်ိဳး မိတ္ဆက္သြားမယ္လို႔ သတင္းေတြအရ သိရပါတယ္။ဒါ့အျပင္ Samsung Galaxy Buds Pro အမည္ရ ႀကိဳးမဲ့နားၾကပ္ကိုလည္း မိတ္ဆက္သြားမယ္လို႔ ဆိုထားပါတယ္။ထူးျခားတာကေတာ့ Galaxy S21 series ဟာ ပထမဆုံးအေနနဲ႔ Samsung Galaxy S series မွာ S Pen ပါဝင္လာမယ့္ စမတ္‌ဖုန္းေတြျဖစ္လာမွာျဖစ္ပါတယ္။ယခုလို Galaxy S series မွာ S Pen ထည့္သြင္းေပးလာတဲ့အတြက္ နာမည္ေက်ာ္ Samsung Galaxy Note series ေတြကို ဆက္လက္ထုတ္လုပ္ဦးမလားဆိုတာကိုေတာ့ ေသခ်ာစြာ ကြဲကြဲျပားျပား မသိရေသးပါဘူး။

Samsung က မၾကာေတာ့ရက္ေတြမွာ မိတ္ဆက္လာေတာ့မယ့္ Galaxy S21 series ေတြရဲ႕ ကင္မရာပိုင္းကို အထူးအာ႐ုံစိုက္ထားမွာျဖစ္ၿပီး၊ အေမရိကန္၊ တ႐ုတ္နဲ႔ ကိုရီးယားတို႔မွာ Snapdragon 888 chipset နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ အျခားႏိုင္ငံေတြမွာ Exynos 2100 chipset နဲ႔ ေမာင္းႏွင္လာမယ္လို႔ သိရပါတယ္။

Damien