【 နည်းပညာ 】 တရုတ်နိုင်ငံမှ အာကာသတွင်းသို့ ဂြိုဟ်တုထပ်မံလွှတ်တင်

【 နည်းပညာ 】 တရုတ်နိုင်ငံမှ အာကာသတွင်းသို့ ဂြိုဟ်တုထပ်မံလွှတ်တင်

ပေကျင်း၊ နိုဝင်ဘာ - ၃

တရုတ်နိုင်ငံက ဂြိုဟ်တုတစ်လုံးကို အာကာသတွင်းသို့ နိုဝင်ဘာ ၁ ရက်နေ့က ထပ်မံလွှတ်တင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါဂြိုဟ်တုကို တရုတ်ပြည်တွင်းထုတ် Long March-6 သယ်ဆောင်ဒုံးပျံယာဉ်နဲ့ တရုတ်မြောက်ပိုင်း ရှန်းရှီးပြည်နယ်ထဲမှာရှိတဲ့ Taiyuan ဂြိုလ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Tianhui-5 လို့ အမည်ပေးထားတဲ့ ဂြိုဟ်တုဟာ စစ်တမ်းတွေ၊ အချက်အလက်တွေ ကောက်ယူစုဆောင်းတဲ့ တာဝန်တွေကို အဓိကလုပ်ဆောင်သွားမှာပါ။အာကာသတွင်းကနေ ကမ္ဘာကြီးရဲ့ ပထဝီဝင်မြေပြင်အချက်အလက်တွေ၊ မြေသယံဇာတစစ်တမ်းတွေကို စစ်တမ်းကောက်ယူသွားမှာဖြစ်တဲ့အပြင် သိပ္ပံနည်းကျစမ်းသပ်တဲ့ လုပ်ငန်းတာဝန်တွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ စစ်တမ်းကောက်ယူတဲ့ ဂြိုဟ်တုကို ထပ်မံလွှတ်တင်မှုဟာ ကမ္ဘာကြီးရဲ့ မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုတွေ၊ ရာသီဥတုပြောင်းလဲမှုတွေ အစရှိတဲ့ ကမ္ဘာကြီးပြောင်းလဲမှုတွေကို အနာဂတ်မှာ ပိုမိုလေ့လာနိုင်ဖို့ရှိနေပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ‘လ’ ကို အသေးစိတ်လေ့လာသွားဖို့အတွက် မစ်ရှင်ဖော်ဆောင်မှုတွေကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့ ဂြိုဟ်တုလွှတ်တင်မှုဟာ တရုတ်နိုင်ငံ ပြည်တွင်းထုတ် Long March ဒုံးပျံယာဉ်တွေရဲ့ ၄၉၄ ကြိမ်မြောက် မစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Damien
Ref - cgtn