【 နည်းပညာ 】 တရုတ်၏ လူလိုက်ပါမည့် အာကာသမစ်ရှင်အတွက် လေ့ကျင့်မှုများ ပြုလုပ်ပြီးစီး

【 နည်းပညာ 】 တရုတ်၏ လူလိုက်ပါမည့် အာကာသမစ်ရှင်အတွက် လေ့ကျင့်မှုများ ပြုလုပ်ပြီးစီး

ပေကျင်း၊ ဧပြီ - ၂၄

တရုတ်နိုင်ငံက လူကိုယ်တိုင်လိုက်ပါမယ့် အာကာသမစ်ရှင်တစ်ခုကို လွှတ်တင်ရေး စီစဉ်လျက်ရှိရာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မစ်ရှင်အတွက် အစမ်းလေ့ကျင့်မှုတွေ အောင်မြင်စွာပြုလုပ်ပြီးစီးသွားပြီဖြစ်ပြီး မစ်ရှင်လွှတ်တင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

လူကိုယ်တိုင် လိုက်ပါမယ့် Shenzhou-18 အာကာသမစ်ရှင်ကို Jiuquan အာကာသယာဉ်လွှတ်တင်ရေးစင်တာကနေ လာမယ့်ရက်ပိုင်းအတွက် လွှတ်တင်သွားမှာဖြစ်ပါတယ်။

Shenzhou-18 အာကာသမစ်ရှင်မှာ အာကာသယာဉ်မှူး ၃ ဦး လိုက်ပါသွားမှာဖြစ်ပြီး၊ တရုတ်အာကာသစခန်းမှာ ခြောက်လခန့်ကြာ နေထိုင်ကာ တာဝန်ထမ်းဆောင်သွားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ယခုလွှတ်တင်သွားမယ့် မစ်ရှင်ဟာ တရုတ်နိုင်ငံအတွက် ၁၃ ခုမြောက် လူကိုယ်တိုင် လိုက်ပါတဲ့ အာကာသမစ်ရှင်အဖြစ် မှတ်တမ်းဝင်ဖို့ရှိသလို၊ Shenzhou အာကာသမစ်ရှင်အတွက်တော့ ၁၈ ခုမြောက် လွှတ်တင်မှုအဖြစ် မှတ်တမ်းဝင်ဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မျှော်စင်၊ ဒုံးပျံ၊ အာကာသယာဉ်နဲ့ အခြားစနစ်တွေအားလုံးကို မစ်ရှင်လုပ်ငန်းစဉ် ဆောင်ရွက်တဲ့အတိုင်း စစ်ဆေးမှုများပြုလုပ်ကာ အစမ်းလေ့ကျင့်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။အဆိုပါအစမ်းလေ့ကျင့်မှုအတွင်း အရေးကြီးတဲ့ မစ်ရှင်အဆင့်များအားလုံးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်

တရုတ်အာကာသယာဉ်မှူးစင်တာကလည်း “Shenzhou-18 အာကာသမစ်ရှင်မှာ လိုက်ပါမယ့် အာကာသယာဉ်မှူးအားလုံး အခြေအနေကောင်းမွန်ကြောင်း” ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG