【 နည်းပညာ 】 ထုတ်ကုန်အသစ်တွေကို ထပ်မံမိတ်ဆက်မယ့် Xiaomi

【 နည်းပညာ 】 ထုတ်ကုန်အသစ်တွေကို ထပ်မံမိတ်ဆက်မယ့် Xiaomi

လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာတော့ Xiaomi မှ ၎င်းရဲ့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

Redmi ထုတ်ကုန်တွေ မိတ်ဆက်အပြီးမှာ Xiaomi က ဘာတွေ ထပ်မံမိတ်ဆက်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။လက်ပတ်တွေလား Laptop တွေပဲ ဖြစ်မလား၊ စမတ်ဖုန်းသစ်ပဲ မိတ်ဆက်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဖေဖော်ဝါရီလမှာ မိတ်ဆက်ခဲ့တဲ့ Mi 9 ရဲ့ မျိုးဆက်သစ် Mi 9T ကို ပွဲထုတ်သွားမယ်လို့ သိရပါတယ်။အဆိုပါ Mi 9T ဟာ Redmi ရဲ့ K20 ကို အမည်ပြောင်းထားတာ ဖြစ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။ဒါဆိုရင် Mi 9T နဲ့ Mi 9T pro ဆိုပြီး midrange နဲ့ flagship ဆိုပြီး ထွက်ပေါ်လာမှာ သေချာသလောက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi မှ လွန်ခဲ့တဲ့ ရက်ပိုင်းက ၎င်းတို့ရဲ့ မျက်နှာပြင် နည်းပညာသစ်ကို ဖော်ပြခဲ့ပါတယ်။အဆိုပါ ဖော်ပြခဲ့တဲ့ video ထဲက ဖုန်းမှာ pop-up, slider, notch နဲ့ punch-hole ကင်မရာတွေ လုံးဝ မပါဝင်ပဲ မျက်နှာပြင်အောက်မှာ ကင်မရာကို မြှုပ်ထည့်ထားတာ ဖြစ်ကာတယ်။ under-display camera နည်းပညာလို့ ဆိုပြီး Samsung မှ တီထွင်နေတယ်လို့ သတင်းအရင်ထွက်ပေါ်ခဲ့ပေမယ့် Xiaomi နဲ့ Oppo တို့မှ လက်ဦးမှု ရယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါနည်းပညာသစ်ကို လာမယ့် မိတ်ဆက်ပွဲမှာ ပွဲထုတ်သွားမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ Mi 9T ဟာ pop-up selfie ကင်မရာပဲ ဖြစ်တဲ့အတွက် under-display နည်းပညာတော့ ပါဝင်လာချေ မရှိသေးပါဘူး။

တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ နည်းပညာဟာ အလွန်တိုးတက် ရှေ့တန်းရောက်နေပြီပဲ ဖြစ်ပါတယ်။Xiaomi ရဲ့ တိုးတက်လာမှုကတော့ အားလုံးကို အံ့သားသင့်စေခဲ့ပါပြီး၊ ဇွန်လ ၁၂ရက်မှာ ကျင်းပမယ့် မိတ်ဆက်ပွဲမှာတော့ ဘယ်လိုနည်းပညာသစ်တွေ မိတ်ဆက်သွားမလည်းဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

လာမယ့္ ဇြန္လ ၁၂ ရက္ေန႔မွာေတာ့ Xiaomi မွ ၎ရဲ႕ ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။

Redmi ထုတ္ကုန္ေတြ မိတ္ဆက္အၿပီးမွာ Xiaomi က ဘာေတြ ထပ္မံမိတ္ဆက္လာမလဲဆိုတာေတာ့ စိတ္ဝင္စားစရာ ေကာင္းပါတယ္။လက္ပတ္ေတြလား Laptop ေတြပဲ ျဖစ္မလား၊ စမတ္ဖုန္းသစ္ပဲ မိတ္ဆက္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ေဖေဖာ္ဝါရီလမွာ မိတ္ဆက္ခဲ့တဲ့ Mi 9 ရဲ႕ မ်ိဳးဆက္သစ္ Mi 9T ကို ပြဲထုတ္သြားမယ္လို႔ သိရပါတယ္။အဆိုပါ Mi 9T ဟာ Redmi ရဲ႕ K20 ကို အမည္ေျပာင္းထားတာ ျဖစ္တယ္လို႔လည္း ေၾကညာခဲ့ပါတယ္။ဒါဆိုရင္ Mi 9T နဲ႔ Mi 9T pro ဆိုၿပီး midrange နဲ႔ flagship ဆိုၿပီး ထြက္ေပၚလာမွာ ေသခ်ာသေလာက္ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Xiaomi မွ လြန္ခဲ့တဲ့ ရက္ပိုင္းက ၎တို႔ရဲ႕ မ်က္ႏွာျပင္ နည္းပညာသစ္ကို ေဖာ္ျပခဲ့ပါတယ္။အဆိုပါ ေဖာ္ျပခဲ့တဲ့ video ထဲက ဖုန္းမွာ pop-up, slider, notch နဲ႔ punch-hole ကင္မရာေတြ လုံးဝ မပါဝင္ပဲ မ်က္ႏွာျပင္ေအာက္မွာ ကင္မရာကို ျမႇဳပ္ထည့္ထားတာ ျဖစ္ကာတယ္။ under-display camera နည္းပညာလို႔ ဆိုၿပီး Samsung မွ တီထြင္ေနတယ္လို႔ သတင္းအရင္ထြက္ေပၚခဲ့ေပမယ့္ Xiaomi နဲ႔ Oppo တို႔မွ လက္ဦးမႈ ရယူသြားခဲ့တာပဲ ျဖစ္ပါတယ္။

အဆိုပါနည္းပညာသစ္ကို လာမယ့္ မိတ္ဆက္ပြဲမွာ ပြဲထုတ္သြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ Mi 9T ဟာ pop-up selfie ကင္မရာပဲ ျဖစ္တဲ့အတြက္ under-display နည္းပညာေတာ့ ပါဝင္လာေခ် မရွိေသးပါဘူး။

တ႐ုတ္စမတ္ဖုန္း ကုမၸဏီေတြရဲ႕ နည္းပညာဟာ အလြန္တိုးတက္ ေရွ႕တန္းေရာက္ေနၿပီပဲ ျဖစ္ပါတယ္။Xiaomi ရဲ႕ တိုးတက္လာမႈကေတာ့ အားလုံးကို အံ့သားသင့္ေစခဲ့ပါၿပီး၊ ဇြန္လ ၁၂ရက္မွာ က်င္းပမယ့္ မိတ္ဆက္ပြဲမွာေတာ့ ဘယ္လိုနည္းပညာသစ္ေတြ မိတ္ဆက္သြားမလည္းဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien