【 နည်းပညာ 】 နောက်ဆုံးပေါ် P30 series ကို မိတ်ဆက်တော့မယ့် Huawei

【 နည်းပညာ 】 နောက်ဆုံးပေါ် P30 series ကို မိတ်ဆက်တော့မယ့် Huawei

Huawei က ၎င်းရဲ့ P30 series ကို လာမယ့် နှစ်ပတ်အတွင်းမှာ မိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အဆိုပါဖုန်းရဲ့ RAM, သိမ်းဆည်းနိုင်မှုပမာဏနဲ့ မော်ဒယ်တွေဟာ ပေါက်ကြားလာခဲ့ပါတယ်။

ပထမဆုံးဖုန်းကတော့ ELE-L29 မော်ဒယ်ဖြစ်ပြီး ၎င်းက Huawei P30 ဖြစ်ပါတယ်။ 6/8 GB RAM နဲ့ 128GB သိမ်းဆည်းနိုင်မှုပမာဏ ပါဝင်လာမှာပါ။ဒုတိယတစ်လုံးဖြစ်တဲ့ VOG-L29 မော်ဒယ်ကတော့ P30 Pro ပဲ ဖြစ်ပြီး 8GB 128/256 GB သိမ်းဆည်းနိုင်မှုပမာဏနဲ့၊ နောက်ဆုံးတစ်လုံးကတော့ MAR-LX2 မော်ဒယ်ဖြစ်ပြီး ၎င်းကတော့ P30 Lite ပဲ ဖြစ်ပါတယ်။

အဆိုပါ P30 မော်ဒယ်သုံးမျိုးလုံးဟာ 4G ကွန်ယက် အသုံးပြုနိုင်မှာဖြစ်ပြီး အကယ်လို့သာ Kirin 980 chipset ထဲမှာ Huawei ရဲ့ Balong 5000 modem ကိုသာ တပ်ဆင်လာခဲ့မယ်ဆိုရင်တော့ 5G စတင်အသုံးပြုနိုင်တဲ့ နိုင်ငံတွေမှာ gigabit မြန်နှုန်းကို ခံစားရမှာပါ။

 

ကင်မရာတွေကိုတော့ နောက်ဖက်မှာပဲ တပ်ဆင်လာမှာဖြစ်ပြီး လက်ဗွေဖတ်စက်ကိုတော့ မျက်နှာပြင်အောက်ခြေမှာပဲ တပ်ဆင်လာမှာပါ။အရောင်အနေနဲ့ကတော့ Black, Twilight နဲ့ Aurora Blue အရောင်သုံးမျိုး ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။

Damien
Ref - gsmarena

( Zawgyi )

Huawei က ၎ရဲ႕ P30 series ကို လာမယ့္ ႏွစ္ပတ္အတြင္းမွာ မိတ္ဆက္ေတာ့မွာပဲ ျဖစ္ပါတယ္။

ယခုအခ်ိန္မွာေတာ့ အဆိုပါဖုန္းရဲ႕ RAM, သိမ္းဆည္းႏိုင္မႈပမာဏနဲ႔ ေမာ္ဒယ္ေတြဟာ ေပါက္ၾကားလာခဲ့ပါတယ္။

ပထမဆုံးဖုန္းကေတာ့ ELE-L29 ေမာ္ဒယ္ျဖစ္ၿပီး ၎က Huawei P30 ျဖစ္ပါတယ္။ 6/8 GB RAM နဲ႔ 128GB သိမ္းဆည္းႏိုင္မႈပမာဏ ပါဝင္လာမွာပါ။ဒုတိယတစ္လုံးျဖစ္တဲ့ VOG-L29 ေမာ္ဒယ္ကေတာ့ P30 Pro ပဲ ျဖစ္ၿပီး 8GB 128/256 GB သိမ္းဆည္းႏိုင္မႈပမာဏနဲ႔၊ ေနာက္ဆုံးတစ္လုံးကေတာ့ MAR-LX2 ေမာ္ဒယ္ျဖစ္ၿပီး ၎ကေတာ့ P30 Lite ပဲ ျဖစ္ပါတယ္။

အဆိုပါ P30 ေမာ္ဒယ္သုံးမ်ိဳးလုံးဟာ 4G ကြန္ယက္ အသုံးျပဳႏိုင္မွာျဖစ္ၿပီး အကယ္လို႔သာ Kirin 980 chipset ထဲမွာ Huawei ရဲ႕ Balong 5000 modem ကိုသာ တပ္ဆင္လာခဲ့မယ္ဆိုရင္ေတာ့ 5G စတင္အသုံးျပဳႏိုင္တဲ့ ႏိုင္ငံေတြမွာ gigabit ျမန္ႏႈန္းကို ခံစားရမွာပါ။

ကင္မရာေတြကိုေတာ့ ေနာက္ဖက္မွာပဲ တပ္ဆင္လာမွာျဖစ္ၿပီး လက္ေဗြဖတ္စက္ကိုေတာ့ မ်က္ႏွာျပင္ေအာက္ေျခမွာပဲ တပ္ဆင္လာမွာပါ။အေရာင္အေနနဲ႔ကေတာ့ Black, Twilight နဲ႔ Aurora Blue အေရာင္သုံးမ်ိဳး ထြက္ရွိလာမယ္လို႔လည္း သိရပါတယ္။

Damien
Ref - gsmarena