【 နည်းပညာ 】 နောက်ထပ် ဘာသာစကား လေးမျိုးကို နားလည်အသုံးပြုနိုင်ပြီဖြစ်တဲ့ Samsung ရဲ့ Bixby

【 နည်းပညာ 】 နောက်ထပ် ဘာသာစကား လေးမျိုးကို နားလည်အသုံးပြုနိုင်ပြီဖြစ်တဲ့ Samsung ရဲ့ Bixby

Samsung ရဲ့ voice assistant ဖြစ်တဲ့ Bixby ဟာ British English, German, Italian နဲ့ Spanish ဘာသာစကား လေးမျိုးကို သိနားလည်ပြီး အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်ကတော့ American English, Korean နဲ့ Mandarin Chinese ဘာသာစကား သုံးမျိုးကိုသာ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ယခုထပ်မံထည့်သွင်းလိုက်တဲ့အတွက် စုစုပေါင်း ဘာသာစကား ခုနှစ်မျိုးကို အသုံးပြုနိုင်တော့မှာပါ။

အချိန်အတော်ကြာကတည်းက Bixby ကို ပိုမိုကောင်းမွန်ဖို့အတွက် အဆင့်မြှင့်တင်တာတွေ ပြုလုပ်နေခဲ့တယ်လို့ Samsung က ပြောပါတယ်။ Unpacked ပွဲမှာတော့ တရားဝင်ကြေညာခဲ့ပြီး Bixby ကို လူပေါင်းများစွာ လွယ်လွယ်ကူကူ အသုံးပြုနိုင်စေချင်တာကြောင့်လို့ ဆိုခဲ့ပါတယ်။

Bixby အဆင့်မြှင့်တင်မှုကို ကြေညာခဲ့ရာမှာတော့ ပြင်သစ်ဘာသာစကားတော့ မပါဝင်သေးပါဘူး။ဒါ့အပြင် ဥရောပ ဘာသာစကားတွေဟာ ယခင်ကတော့ စမ်းသပ်အဆင့်သာ ရှိသေးတာ ဖြစ်ပါတယ်။လက်ရှိမှာ ဥရောပမှ သုံးစွဲသူများကတော့ Bixby ဟာ third-party ဝန်ဆောင်မှုတွေနဲ့ အဆင်ပြေစွာ ချတ်ဆက်သုံးစွဲလာနိုင်တာ မြင်တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဘာသာစကား တိုးချဲ့လိုက်တဲ့အတွက် Bixby ဟာ American English နဲ့ British English ကြားက အသံထွက်တွေကိုလဲ ပြောပြနိုင်စွမ်း ရှိလာမှာပါ။

Samsung ဟာ Bixby ကို အဆင့်မြှင့်တင်ခဲ့ပေမယ့် ဘာသာစကား ထောက်ပံ့မှု အပိုင်းမှာတော့ Google assistant နဲ့ Apple ရဲ့ Siri တို့ နောက်မှာပဲ ရှိနေဦးမှာပါ။ Google assistant က ဘာသာစကား ၁၂ ခုကျော် ထောက်ပံ့ထားပြီး၊ Apple ရဲ့ Siri ကတော့ ဘာသာစကား အမျိုးပေါင်း ၂၀ ကို နားလည်မှာပါ။

Bixby ကို ဘာသာစကားတိုးချဲ့မှုဟာ နောက်ဆုံးပေါ် Samsung Galaxy S10 နဲ့ ယခင်ထုတ်ကုန်တွေဖြစ်တဲ့ Galaxy Note 9 နဲ့ 8, S9 နဲ့ S8 Android Pie နဲ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာ ပါဝင်လာမှာပါ။

Bixby ကို အဆင့်မြှင့်တင်မှုဟာ ကမ္ဘာတခွင်မှာ အသုံးဝင်လာစေမှာပါ။ဒါပေမယ့် Bixby ဟာ Google assistant သို့မဟုတ် Amazon Alexa တို့လောက်တော့ အသံတွေကို နားလည်နိုင်စွမ်းဟာ မြန်ဆန်နေမှာတော့ မဟုတ်ပါဘူး။

Damien
Ref - theverge
ဖေဖော်ဝါရီ - ၂၂

( Zawgyi )

Samsung ရဲ႕ voice assistant ျဖစ္တဲ့ Bixby ဟာ British English, German, Italian နဲ႔ Spanish ဘာသာစကား ေလးမ်ိဳးကို သိနားလည္ၿပီး အသုံးျပဳႏိုင္ၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။

ယခင္ကေတာ့ American English, Korean နဲ႔ Mandarin Chinese ဘာသာစကား သုံးမ်ိဳးကိုသာ ေထာက္ပံ့ေပးခဲ့တာျဖစ္ၿပီး ယခုထပ္မံထည့္သြင္းလိုက္တဲ့အတြက္ စုစုေပါင္း ဘာသာစကား ခုႏွစ္မ်ိဳးကို အသုံးျပဳႏိုင္ေတာ့မွာပါ။

အခ်ိန္အေတာ္ၾကာကတည္းက Bixby ကို ပိုမိုေကာင္းမြန္ဖို႔အတြက္ အဆင့္ျမႇင့္တင္တာေတြ ျပဳလုပ္ေနခဲ့တယ္လို႔ Samsung က ေျပာပါတယ္။ Unpacked ပြဲမွာေတာ့ တရားဝင္ေၾကညာခဲ့ၿပီး Bixby ကို လူေပါင္းမ်ားစြာ လြယ္လြယ္ကူကူ အသုံးျပဳႏိုင္ေစခ်င္တာေၾကာင့္လို႔ ဆိုခဲ့ပါတယ္။

Bixby အဆင့္ျမႇင့္တင္မႈကို ေၾကညာခဲ့ရာမွာေတာ့ ျပင္သစ္ဘာသာစကားေတာ့ မပါဝင္ေသးပါဘူး။ဒါ့အျပင္ ဥေရာပ ဘာသာစကားေတြဟာ ယခင္ကေတာ့ စမ္းသပ္အဆင့္သာ ရွိေသးတာ ျဖစ္ပါတယ္။လက္ရွိမွာ ဥေရာပမွ သုံးစြဲသူမ်ားကေတာ့ Bixby ဟာ third-party ဝန္ေဆာင္မႈေတြနဲ႔ အဆင္ေျပစြာ ခ်တ္ဆက္သုံးစြဲလာႏိုင္တာ ျမင္ေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။

ဘာသာစကား တိုးခ်ဲ႕လိုက္တဲ့အတြက္ Bixby ဟာ American English နဲ႔ British English ၾကားက အသံထြက္ေတြကိုလဲ ေျပာျပႏိုင္စြမ္း ရွိလာမွာပါ။

Samsung ဟာ Bixby ကို အဆင့္ျမႇင့္တင္ခဲ့ေပမယ့္ ဘာသာစကား ေထာက္ပံ့မႈ အပိုင္းမွာေတာ့ Google assistant နဲ႔ Apple ရဲ႕ Siri တို႔ ေနာက္မွာပဲ ရွိေနဦးမွာပါ။ Google assistant က ဘာသာစကား ၁၂ ခုေက်ာ္ ေထာက္ပံ့ထားၿပီး၊ Apple ရဲ႕ Siri ကေတာ့ ဘာသာစကား အမ်ိဳးေပါင္း ၂၀ ကို နားလည္မွာပါ။

Bixby ကို ဘာသာစကားတိုးခ်ဲ႕မႈဟာ ေနာက္ဆုံးေပၚ Samsung Galaxy S10 နဲ႔ ယခင္ထုတ္ကုန္ေတြျဖစ္တဲ့ Galaxy Note 9 နဲ႔ 8, S9 နဲ႔ S8 Android Pie နဲ႔ အသုံးျပဳေနတဲ့ ဖုန္းေတြမွာ ပါဝင္လာမွာပါ။

Bixby ကို အဆင့္ျမႇင့္တင္မႈဟာ ကမာၻတခြင္မွာ အသုံးဝင္လာေစမွာပါ။ဒါေပမယ့္ Bixby ဟာ Google assistant သို႔မဟုတ္ Amazon Alexa တို႔ေလာက္ေတာ့ အသံေတြကို နားလည္ႏိုင္စြမ္းဟာ ျမန္ဆန္ေနမွာေတာ့ မဟုတ္ပါဘူး။

Damien
Ref - theverge
ေဖေဖာ္ဝါရီ - ၂၂