【 နည်းပညာ 】 ပေါက်ကွဲမှုနဲ့ အဆုံးသတ်ခဲ့တဲ့ SpaceX ရဲ့ ဒုံးပျံယာဉ် စမ်းသပ်မှု

【 နည်းပညာ 】 ပေါက်ကွဲမှုနဲ့ အဆုံးသတ်ခဲ့တဲ့ SpaceX ရဲ့ ဒုံးပျံယာဉ် စမ်းသပ်မှု

တက္ကဆက်၊ နိုဝင်ဘာ - ၁၉
 
SpaceX က ၎င်းရဲ့ ကြီးမားတဲ့ ဒုံးပျံယာဉ် Starship ကို စနေနေ့က စမ်းသပ်လွှတ်တင်ခဲ့ရာမှာ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
စမ်းသပ်လွှတ်တင်မှုအတွင်း Starship ဒုံးပျံယာဉ်ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ပေါက်ကွဲပျက်စီးသွားခဲ့ပြီး မစ်ရှင်ကျဆုံးသွားခဲ့ပါတယ်။
 
Starship ဒုံးပျံယာဉ်ကို စမ်းသပ်လွှတ်တင်ပြီးနောက် လေထုထဲရောက်ရှိသွားတာနဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ SpaceX ကတော့ ဒုံးပျံယာဉ်ဟာ အာကာသထဲ ရောက်ရှိသွားခဲ့တယ်လို့ဆိုပြီး၊ မက္ကဆီကို ပင်လယ်ကွေ့ဘက်သို့ ကျဆင်းလာကာ ပေါက်ကွဲပျက်စီးသွားခဲ့နိုင်တယ်လို့လည်း ပြောပါတယ်။
 
စနေနေ့က စမ်းသပ်လွှတ်တင်မှုဟာ ၈ မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ယခုစမ်းသပ်မှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ပထမဆုံးအကြိမ် စမ်းသပ်လွှတ်တင်မှုဖြစ်တဲ့ ဧပြီလ လွှတ်တင်မှုဟာလည်း ဒုံးပျံယာဉ် ပေါက်ကွဲပျက်စီးသွားခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
 
SpaceX ရဲ့ Starship ဒုံးပျံယာဉ်ဟာ ပေပေါင်း ၄၀၀ အထိ ရှည်လျား ကြီးမားပြီး၊ သမိုင်းတစ်လျှောက် စွမ်းရည်အမြင့်ဆုံးနဲ့ အကြီးမားဆုံး ဒုံးပျံယာဉ်ဖြစ်ပါတယ်။ 
 
လူသားတွေကို ‘လ’ ပေါ်နဲ့ င်္အဂါဂြိုဟ်ပေါ်ပေါ် ပို့ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ Starship ဒုံးပျံယာဉ်ကို SpaceX က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
 
Damien
Ref - pbs