【 နည်းပညာ 】 မူပိုင်ခွင့် လျှောက်လွှာမှတဆင့် ပေါက်ကြားလာတဲ့ Apple ရဲ့ ကွေးညွတ် iPhone ဒီဇိုင်းများ

【 နည်းပညာ 】 မူပိုင်ခွင့် လျှောက်လွှာမှတဆင့် ပေါက်ကြားလာတဲ့ Apple ရဲ့ ကွေးညွတ် iPhone ဒီဇိုင်းများ

Android စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေကို အပြိုင်အဆိုင် တီထွင်ကြံဆနေခဲ့ကြပြီး Apple ကုမ္ပဏီကြီးကလည်း နောက်မှာကျန်ရစ်မနေခဲ့ပါဘူး။

iPhone တီထွင်သူတွေဟာ ကွေးညွတ်နိုင်တဲ့ ဖုန်းအတွက် ဒီဇိုင်းပုံစံ အမျိုးမျိုးကို စမ်းသပ်လေ့လာနေတယ်လို့ ၎င်းတို့ရဲ့ မူပိုင်ခွင့် လျှောက်လွှာကနေတဆင့် ပေါက်ကြားလာခဲ့ပါတယ်။

မူပိုင်ခွင့် လျှောက်လွှာထဲက ပုံကြမ်းတွေမှာတော့ အတွင်းဘက်ရော အပြင်ဘက်ပါ ကွေးညွတ်နိုင်တဲ့ ပုံစံတွေကို မြင်တွေ့ရပြီး အဲ့ဒီပုံကြမ်းတွေဟာ နောက်ထွက်လာမယ့် ကွေးညွတ် iPhone ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Apple ရဲ့ မူပိုင်ခွင့် လျှောက်လွှာကို United States Patent and Trademark Office (USPTO) ဝဘ်ဆိုက်မှာ တင်ခဲ့တာဖြစ်ပြီး “Flexible Display Devices” လို့ ခေါင်းစဉ်တပ်ထားခဲ့ပါတယ်။အဆိုပါ လျေှက်လွှာမှာ ပါဝင်တဲ့ ဒီဇိုင်းပုံကြမ်းတွေအရ လောလောဆယ်မှာတော့ ကွေးညွတ် iPhone ပေါ်ထွက်လာဖို့ အယူအဆတွေ တီထွင်ကြံဆနေသေးရုံပဲဆိုတာ ညွှန်းဆိုနေပါတယ်။

Apple ရဲ့ လျှောက်လွှာမှာ ပြသထားတဲ့ ပထမဆုံး ပုံကြမ်းဟာ Motorola ရဲ့ ကွေးညွတ်စမတ်ဖုန်း Razr 2019 နဲ့ ဆင်တူပြီး၊ အခြားသော ပုံကြမ်းတွေကတော့ အပြင်ဘက် ကွေးညွတ်ပုံစံကို အရိပ်အမြွက် ဖော်ပြထားပြီး အဆိုပါပုံစံကို Vivo ရဲ့ sub-brand အသစ် iQoo ပေါက်ကြားလာတုန်းက ကျနော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ဒါ့အပြင် အတွင်းဘက် ကွေးညွတ်ပုံစံ iPhone ကတော့ Samsung ရဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ မိတ်ဆက်မယ်လို့ ကောလာဟလထွက်ပေါ်ထားတဲ့ ကွေးညွတ်စမတ်ဖုန်းနဲ့ ဆင်တူခြင်းမရှိပါဘူး။

နောက်ထပ်ပုံကြမ်း နှစ်ခုမှာတော့ အလွှာသုံးခု ပါဝင်ပြီး ခေါက်ချိုးနှစ်ခု ပုံစံကို မြင်တွေ့ရပါတယ်။ Xiaomi ရဲ့ ကွေးညွတ်စမတ်ဖုန်းနဲ့ မတူညီပဲ Xiaomi မှာတော့ ဘေးနှစ်ဖက်ကနေ ကွေးညွတ်တာပါ။ Apple ရဲ့ မူပိုင်ခွင့်မှာတော့ ဆန့်ကျင်ဘက် ဦးတည်ချက်ကနေ အတွင်းဘက် ကွေးညွတ်ပုံစံကို မြင်တွေ့ရပါတယ်။

 

အပေါ်မှာ ဆိုခဲ့သလိုပဲ ဒီပုံကြမ်းတွေဟာ Apple ရဲ့  ကွေးညွတ်ဖုန်းတစ်လုံး ပေါ်ထွက်လာဖို့အတွက် အယူအဆတွေပဲ ရှိပါသေးတယ်။

Huawei, OPPO, Nubia, Energizer LG နဲ့ Microsoft တို့လို  ကုမ္ပဏီကြီးတွေကတော့ ကွေးညွတ်နိုင်တဲ့ စမတ်ကိရိယာတွေကို တီထွင်နေကြတယ်လို့ ကောလာဟလတွေက ထွက်ပေါ်နေပါတယ်။ Apple ဘက်ကလည်း ၎င်းရဲ့ ကိုယ်ပိုင် ကွေးညွတ်ဖုန်းတွေ မိတ်ဆက်လာတော့မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။

Damien
Ref - gadget.ndtv
ဖေဖော်ဝါရီ - ၁၈

( Zawgyi )

Android စမတ္ဖုန္း ထုတ္လုပ္သူေတြဟာ ေကြးၫြတ္ႏိုင္တဲ့ မ်က္ႏွာျပင္နဲ႔ ဖုန္းေတြကို အၿပိဳင္အဆိုင္ တီထြင္ႀကံဆေနခဲ့ၾကၿပီး Apple ကုမၸဏီႀကီးကလည္း ေနာက္မွာက်န္ရစ္မေနခဲ့ပါဘူး။

iPhone တီထြင္သူေတြဟာ ေကြးၫြတ္ႏိုင္တဲ့ ဖုန္းအတြက္ ဒီဇိုင္းပုံစံ အမ်ိဳးမ်ိဳးကို စမ္းသပ္ေလ့လာေနတယ္လို႔ ၎တို႔ရဲ႕ မူပိုင္ခြင့္ ေလွ်ာက္လႊာကေနတဆင့္ ေပါက္ၾကားလာခဲ့ပါတယ္။

မူပိုင္ခြင့္ ေလွ်ာက္လႊာထဲက ပုံၾကမ္းေတြမွာေတာ့ အတြင္းဘက္ေရာ အျပင္ဘက္ပါ ေကြးၫြတ္ႏိုင္တဲ့ ပုံစံေတြကို ျမင္ေတြ႕ရၿပီး အဲ့ဒီပုံၾကမ္းေတြဟာ ေနာက္ထြက္လာမယ့္ ေကြးၫြတ္ iPhone ျဖစ္ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

Apple ရဲ႕ မူပိုင္ခြင့္ ေလွ်ာက္လႊာကို United States Patent and Trademark Office (USPTO) ဝဘ္ဆိုက္မွာ တင္ခဲ့တာျဖစ္ၿပီး “Flexible Display Devices” လို႔ ေခါင္းစဥ္တပ္ထားခဲ့ပါတယ္။အဆိုပါ ေလွ်က္လႊာမွာ ပါဝင္တဲ့ ဒီဇိုင္းပုံၾကမ္းေတြအရ ေလာေလာဆယ္မွာေတာ့ ေကြးၫြတ္ iPhone ေပၚထြက္လာဖို႔ အယူအဆေတြ တီထြင္ႀကံဆေနေသး႐ုံပဲဆိုတာ ၫႊန္းဆိုေနပါတယ္။

Apple ရဲ႕ ေလွ်ာက္လႊာမွာ ျပသထားတဲ့ ပထမဆုံး ပုံၾကမ္းဟာ Motorola ရဲ႕ ေကြးၫြတ္စမတ္ဖုန္း Razr 2019 နဲ႔ ဆင္တူၿပီး၊ အျခားေသာ ပုံၾကမ္းေတြကေတာ့ အျပင္ဘက္ ေကြးၫြတ္ပုံစံကို အရိပ္အႁမြက္ ေဖာ္ျပထားၿပီး အဆိုပါပုံစံကို Vivo ရဲ႕ sub-brand အသစ္ iQoo ေပါက္ၾကားလာတုန္းက က်ေနာ္တို႔ ျမင္ေတြ႕ခဲ့ၿပီးပါၿပီ။ဒါ့အျပင္ အတြင္းဘက္ ေကြးၫြတ္ပုံစံ iPhone ကေတာ့ Samsung ရဲ႕ ေဖေဖာ္ဝါရီ ၂၀ ရက္မွာ မိတ္ဆက္မယ္လို႔ ေကာလာဟလထြက္ေပၚထားတဲ့ ေကြးၫြတ္စမတ္ဖုန္းနဲ႔ ဆင္တူျခင္းမရွိပါဘူး။

ေနာက္ထပ္ပုံၾကမ္း ႏွစ္ခုမွာေတာ့ အလႊာသုံးခု ပါဝင္ၿပီး ေခါက္ခ်ိဳးႏွစ္ခု ပုံစံကို ျမင္ေတြ႕ရပါတယ္။ Xiaomi ရဲ႕ ေကြးၫြတ္စမတ္ဖုန္းနဲ႔ မတူညီပဲ Xiaomi မွာေတာ့ ေဘးႏွစ္ဖက္ကေန ေကြးၫြတ္တာပါ။ Apple ရဲ႕ မူပိုင္ခြင့္မွာေတာ့ ဆန႔္က်င္ဘက္ ဦးတည္ခ်က္ကေန အတြင္းဘက္ ေကြးၫြတ္ပုံစံကို ျမင္ေတြ႕ရပါတယ္။

အေပၚမွာ ဆိုခဲ့သလိုပဲ ဒီပုံၾကမ္းေတြဟာ Apple ရဲ႕  ေကြးၫြတ္ဖုန္းတစ္လုံး ေပၚထြက္လာဖို႔အတြက္ အယူအဆေတြပဲ ရွိပါေသးတယ္။

Huawei, OPPO, Nubia, Energizer LG နဲ႔ Microsoft တို႔လို  ကုမၸဏီႀကီးေတြကေတာ့ ေကြးၫြတ္ႏိုင္တဲ့ စမတ္ကိရိယာေတြကို တီထြင္ေနၾကတယ္လို႔ ေကာလာဟလေတြက ထြက္ေပၚေနပါတယ္။ Apple ဘက္ကလည္း ၎ရဲ႕ ကိုယ္ပိုင္ ေကြးၫြတ္ဖုန္းေတြ မိတ္ဆက္လာေတာ့မလား ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ဦးမွာ ျဖစ္ပါတယ္။

Damien
Ref - gadget.ndtv
ေဖေဖာ္ဝါရီ - ၁၈