【 နည်းပညာ 】 ရှေ့ဘက်ကင်မရာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာတဲ့ Huawei Mate 40 Pro

【 နည်းပညာ 】 ရှေ့ဘက်ကင်မရာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာတဲ့ Huawei Mate 40 Pro

Huawei နဲ့ Leica တို့ရဲ့ ပေါင်းစပ်မှုကတော့ Huawei ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်စရာပါပဲ။

ဘယ်လို အခြားသောအမှတ်တံဆိပ် စမတ်ဖုန်းတွေ ကင်မရာစွမ်းဆောင်ရည်‌ ကောင်းမွန်ပါစေ၊ Huawei ရဲ့ flagship စမတ်ဖုန်းသစ်တွေ ထွက်လာတာနဲ့ ကင်မရာစွမ်းဆောင်ရည် အကောင်းဆုံးနေရာကို Huawei စမတ်ဖုန်းတွေကပဲ ရယူသွားစမြဲပါ။

ယခုလည်း စမတ်ဖုန်းတွေရဲ့ ကင်မရာစွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့ DxOMark ဝဘ်ဆိုက်မှ Huawei ရဲ့ Mate 40 Pro စမတ်ဖုန်းဟာ ရှေ့ဘက်ကင်မရာစွမ်းဆောင်ရည် အကောင်းဆုံးဖြစ်တယ်လို့ ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။ဒါဟာ အခြားသောအမှတ်တံဆိပ် စမတ်ဖုန်းတွေနဲ့အတူ အမျိုးမျိုးစမ်းသပ်ပြီးနောက် အကဲဖြတ် ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။

Huawei Mate 40 Pro စမတ်ဖုန်းမှာ ရှေ့ဘက်ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး၊ 13MP အရည်အသွေးရှိတဲ့ ကင်မရာအာရုံခံကိရိယာကို အသုံးပြုထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Time of Flight အာရုံကိရိယာ ဖြစ်ပါတယ်။ဒါက ရှေ့ဘက်ကင်မရာတစ်လုံးတည်းလားလို့ မေးရင်တော့ ဟုတ်ပါတယ်လို့ပဲ ဆိုရမှာပါ။ DxOMark ရဲ့ အဆိုအရ Mate 30 Pro ရဲ့ ရှေ့ဘက်ကင်မရာဟာ အလင်းအားနည်းတဲ့ အခြေအနေမျိုးမှာတောင် ဓာတ်ပုံအရည်အသွေးကို အကောင်းမွန်ဆုံး ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။အရောင်အသွေးချိန်ညှိမှုတွေကလည်း တိကျမှန်ကန်ပြီး ညဘက်ရိုက်ကူးချိန်တဲ့ ပုံရိပ်တွေဟာ အရောင်အသွေးတိကျတယ်လို့လည်း ဆိုထားပါတယ်။ Time of Flight အာရုံခံကိရိယာကတော့ bokeh mode ရိုက်ကူးမှုတွေ တိကျဖို့အတွက် ကူညီပေးတာဖြစ်ပါတယ်။

DxOMark ဝဘ်ဆိုက်မှာ Huawei Mate 40 Pro အနေနဲ့ ၁၁၀ မှတ် ရရှိထားပြီး၊ ရှေ့ဘက်ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

Damien

( Zawgyi )

Huawei နဲ႔ Leica တို႔ရဲ႕ ေပါင္းစပ္မႈကေတာ့ Huawei ပရိတ္သတ္ေတြအတြက္ စိတ္ေက်နပ္စရာပါပဲ။

ဘယ္လို အျခားေသာအမွတ္တံဆိပ္ စမတ္ဖုန္းေတြ ကင္မရာစြမ္းေဆာင္ရည္‌ ေကာင္းမြန္ပါေစ၊ Huawei ရဲ႕ flagship စမတ္ဖုန္းသစ္ေတြ ထြက္လာတာနဲ႔ ကင္မရာစြမ္းေဆာင္ရည္ အေကာင္းဆုံးေနရာကို Huawei စမတ္ဖုန္းေတြကပဲ ရယူသြားစၿမဲပါ။

ယခုလည္း စမတ္ဖုန္းေတြရဲ႕ ကင္မရာစြမ္းေဆာင္ရည္ကို အကဲျဖတ္တဲ့ DxOMark ဝဘ္ဆိုက္မွ Huawei ရဲ႕ Mate 40 Pro စမတ္ဖုန္းဟာ ေရွ႕ဘက္ကင္မရာစြမ္းေဆာင္ရည္ အေကာင္းဆုံးျဖစ္တယ္လို႔ ေဖာ္ျပထားတာကို ျမင္ေတြ႕ရပါတယ္။ဒါဟာ အျခားေသာအမွတ္တံဆိပ္ စမတ္ဖုန္းေတြနဲ႔အတူ အမ်ိဳးမ်ိဳးစမ္းသပ္ၿပီးေနာက္ အကဲျဖတ္ ထုတ္ျပန္ခ်က္လည္း ျဖစ္ပါတယ္။

Huawei Mate 40 Pro စမတ္ဖုန္းမွာ ေရွ႕ဘက္ကင္မရာႏွစ္လုံး တပ္ဆင္ထားၿပီး၊ 13MP အရည္အေသြးရွိတဲ့ ကင္မရာအာ႐ုံခံကိရိယာကို အသုံးျပဳထားတာျဖစ္ပါတယ္။ေနာက္တစ္ခုကေတာ့ Time of Flight အာ႐ုံကိရိယာ ျဖစ္ပါတယ္။ဒါက ေရွ႕ဘက္ကင္မရာတစ္လုံးတည္းလားလို႔ ေမးရင္ေတာ့ ဟုတ္ပါတယ္လို႔ပဲ ဆိုရမွာပါ။ DxOMark ရဲ႕ အဆိုအရ Mate 30 Pro ရဲ႕ ေရွ႕ဘက္ကင္မရာဟာ အလင္းအားနည္းတဲ့ အေျခအေနမ်ိဳးမွာေတာင္ ဓာတ္ပုံအရည္အေသြးကို အေကာင္းမြန္ဆုံး ထုတ္လုပ္ေပးတယ္လို႔ သိရပါတယ္။အေရာင္အေသြးခ်ိန္ညႇိမႈေတြကလည္း တိက်မွန္ကန္ၿပီး ညဘက္႐ိုက္ကူးခ်ိန္တဲ့ ပုံရိပ္ေတြဟာ အေရာင္အေသြးတိက်တယ္လို႔လည္း ဆိုထားပါတယ္။ Time of Flight အာ႐ုံခံကိရိယာကေတာ့ bokeh mode ႐ိုက္ကူးမႈေတြ တိက်ဖို႔အတြက္ ကူညီေပးတာျဖစ္ပါတယ္။

DxOMark ဝဘ္ဆိုက္မွာ Huawei Mate 40 Pro အေနနဲ႔ ၁၁၀ မွတ္ ရရွိထားၿပီး၊ ေရွ႕ဘက္ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ ရပ္တည္လ်က္ရွိေနပါတယ္။

Damien