【 နည်းပညာ 】 လူကြိုက်များနေတဲ့ Mi 9 SE

【 နည်းပညာ 】 လူကြိုက်များနေတဲ့ Mi 9 SE

အခုတစ်ခါတော့ Xiaomi မှ နောက်ဆုံးထွက်ရှိထားတဲ့ Mi 9 series ထဲမှ Mi 9 SE အကြောင်းကို တင်ပြပေးသွားမှာပါ။

Mi 9 series ထဲက Mi 9 ကိုတော့ မြန်မာပြည်တွင်းက ဖုန်းဆိုင်တော်တော်များများမှာ ရောင်းချနေတာ မြင်တွေ့နေပါပြီ။သို့ပေမယ့် Mi 9 SE ကတော့ ဈေးကွက်ထဲ ဝင်ရောက်လာခြင်း မရှိသေးပါဘူး။

Mi 9 SE ဟာ Mi 9 series ထဲမှာတော့ ဈေးအသက်သာဆုံး ဖုန်းဖြစ်ပါတယ်။ဈေးသက်သာတဲ့ ဖုန်းဖြစ်တဲ့အတွက် Mi 9 နဲ့ Mi 9 TE ထက်လည်း specifications ကို နှိမ့်ထားပါတယ်။

5.97-inch ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး resolution ကတော့ 1080x2340 pixels ဖြစ်ပါတယ်။ pixel သိပ်သည်းဆကတော့ 432 pixels per inch (ppi) ပါ။

Mi 9 SE ကို 2.3GHz Qualcomm Snapdragon 712 SoC ကို တပ်ဆင်မောင်းနှင်ထားပြီး၊ RAM ပမာဏကတော့ 6GB ပါဝင်လာမယ့်အပြင်၊ Android 9.0 အခြေပြု MIUI 10 ကို အသုံးပြုထားပြီး မြန်နှုန်းမြှင့် အားသွင်းစနစ် ပါဝင်လာမှာပဲ ဖြစ်ပတယ်။

ကင်မရာပိုင်းမှာတော့ ကျောဘက်ကင်မရာ သုံးလုံးမှာ အဓိကကင်မရာကို 48-megapixel တပ်ဆင်ထားပြီး၊ ဒုတိယတစ်လုံးကတော့ 8-megapixel ဖြစ်သလို၊ တတိယတစ်လုံးကတော့ 13-megapixel ဖြစ်ပါတယ်။ရှေ့ဘက် ဆဲလ်ဖီကင်မရာကတော့ 20-megapixel ဖြစ်တဲ့အတွက် စမတ်ဖုန်းနဲ့ ဓာတ်ပုံကောင်းကောင်း ရိုက်လိုသူတွေအတွက်တော့ အကြိုက်တွေ့စေရမှာပဲ ဖြစ်ပါတယ်။

သိမ်းဆည်းနိုင်မှု ပမာဏကတော့ 64GB နဲ့ 128GB ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို၊ sim card နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုင်မှာပါ။လက်ဗွေဖတ်စက်ကိုတော့ ဖုန်းမျက်နှာပြင် အောက်ခြေမှာပဲ တပ်ဆင်ထားမှာပဲ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ မြန်မာကျပ်ငွေ ၄သိန်းခွဲခန့်ကနေ ၅သိန်းကျော်လောက်သာ ကျသင့်မှာ ဖြစ်တဲ့အတွက် Mi 9 ထက် ၂သိန်းကျော်လောက် ဈေးသက်သာနေမှာပါ။အရောင်အနေနဲ့လည်း Deep Grey, Holographic Illusion Blue, and Holographic Illusion ဆိုပြီး လှပတဲ့ ရောင်ပြေးလေးတွေနဲ့ အရောင်သုံးမျိုး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

Xiaomi ရဲ့ Mi 9 SE စမတ်ဖုန်းဟာ ပေးရတဲ့ဈေးထက် ပိုမိုသာလွန်တဲ့ နည်းပညာပိုင်းကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာခဲ့ရင် ရွေးချယ်ဝယ်ယူသင့်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Damien
မတ် - ၁၁

( Zawgyi )

အခုတစ္ခါေတာ့ Xiaomi မွ ေနာက္ဆုံးထြက္ရွိထားတဲ့ Mi 9 series ထဲမွ Mi 9 SE အေၾကာင္းကို တင္ျပေပးသြားမွာပါ။

Mi 9 series ထဲက Mi 9 ကိုေတာ့ ျမန္မာျပည္တြင္းက ဖုန္းဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ ေရာင္းခ်ေနတာ ျမင္ေတြ႕ေနပါၿပီ။သို႔ေပမယ့္ Mi 9 SE ကေတာ့ ေဈးကြက္ထဲ ဝင္ေရာက္လာျခင္း မရွိေသးပါဘူး။

Mi 9 SE ဟာ Mi 9 series ထဲမွာေတာ့ ေဈးအသက္သာဆုံး ဖုန္းျဖစ္ပါတယ္။ေဈးသက္သာတဲ့ ဖုန္းျဖစ္တဲ့အတြက္ Mi 9 နဲ႔ Mi 9 TE ထက္လည္း specifications ကို ႏွိမ့္ထားပါတယ္။

5.97-inch ထိေတြ႕မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး resolution ကေတာ့ 1080x2340 pixels ျဖစ္ပါတယ္။ pixel သိပ္သည္းဆကေတာ့ 432 pixels per inch (ppi) ပါ။

Mi 9 SE ကို 2.3GHz Qualcomm Snapdragon 712 SoC ကို တပ္ဆင္ေမာင္းႏွင္ထားၿပီး၊ RAM ပမာဏကေတာ့ 6GB ပါဝင္လာမယ့္အျပင္၊ Android 9.0 အေျချပဳ MIUI 10 ကို အသုံးျပဳထားၿပီး ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ ပါဝင္လာမွာပဲ ျဖစ္ပတယ္။

ကင္မရာပိုင္းမွာေတာ့ ေက်ာဘက္ကင္မရာ သုံးလုံးမွာ အဓိကကင္မရာကို 48-megapixel တပ္ဆင္ထားၿပီး၊ ဒုတိယတစ္လုံးကေတာ့ 8-megapixel ျဖစ္သလို၊ တတိယတစ္လုံးကေတာ့ 13-megapixel ျဖစ္ပါတယ္။ေရွ႕ဘက္ ဆဲလ္ဖီကင္မရာကေတာ့ 20-megapixel ျဖစ္တဲ့အတြက္ စမတ္ဖုန္းနဲ႔ ဓာတ္ပုံေကာင္းေကာင္း ႐ိုက္လိုသူေတြအတြက္ေတာ့ အႀကိဳက္ေတြ႕ေစရမွာပဲ ျဖစ္ပါတယ္။

သိမ္းဆည္းႏိုင္မႈ ပမာဏကေတာ့ 64GB နဲ႔ 128GB ႀကိဳက္ႏွစ္သက္ရာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္သလို၊ sim card ႏွစ္ကဒ္ ထည့္သြင္းအသုံးျပဳႏိုင္မွာပါ။လက္ေဗြဖတ္စက္ကိုေတာ့ ဖုန္းမ်က္ႏွာျပင္ ေအာက္ေျခမွာပဲ တပ္ဆင္ထားမွာပဲ ျဖစ္ပါတယ္။

ေဈးႏႈန္းအေနနဲ႔ကေတာ့ ျမန္မာက်ပ္ေငြ ၄သိန္းခြဲခန႔္ကေန ၅သိန္းေက်ာ္ေလာက္သာ က်သင့္မွာ ျဖစ္တဲ့အတြက္ Mi 9 ထက္ ၂သိန္းေက်ာ္ေလာက္ ေဈးသက္သာေနမွာပါ။အေရာင္အေနနဲ႔လည္း Deep Grey, Holographic Illusion Blue, and Holographic Illusion ဆိုၿပီး လွပတဲ့ ေရာင္ေျပးေလးေတြနဲ႔ အေရာင္သုံးမ်ိဳး ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ Mi 9 SE စမတ္ဖုန္းဟာ ေပးရတဲ့ေဈးထက္ ပိုမိုသာလြန္တဲ့ နည္းပညာပိုင္းကို အသုံးျပဳႏိုင္မွာ ျဖစ္တဲ့အတြက္ ျပည္တြင္းေဈးကြက္ကို ဝင္ေရာက္လာခဲ့ရင္ ေ႐ြးခ်ယ္ဝယ္ယူသင့္တဲ့ စမတ္ဖုန္းတစ္လုံး ျဖစ္ပါတယ္။

Damien
မတ္ - ၁၁