【 နည်းပညာ 】 လူသားတွေအတွက် အဖော်ဖြစ်လာမယ့် စက်ရုပ်ခွေးကို တရုတ်ကုမ္ပဏီမိတ်ဆက်

【 နည်းပညာ 】 လူသားတွေအတွက် အဖော်ဖြစ်လာမယ့် စက်ရုပ်ခွေးကို တရုတ်ကုမ္ပဏီမိတ်ဆက်

ပေကျင်း၊ မတ် - ၃၁
 
လူသားတွေအတွက် အဖော်ဖြစ်လာမယ့် စက်ရုပ်ခွေးကို တရုတ်နိုင်ငံအခြေစိုက် စက်ရုပ်ကုမ္ပဏီတစ်ခုက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချိလိုက်ပြီဖြစ်တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။
 
Elephant Robotics ကုမ္ပဏီဟာ metaDog လို့ အမည်ပေးထားတဲ့ ချစ်စဖွယ် စက်ရုပ်ခွေးကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
 
လူကြိုက်များပြီး ချစ်စဖွယ်ကောင်းတဲ့ Husky နဲ့ Shiba Inu ခွေးမျိုးစိတ်တွေရဲ့ ပုံစံကို စက်ရုပ် ခွေးမှာ ဖော်ဆောင်ထားကြောင်း ကုမ္ပဏီက ဆိုပါတယ်။အဆိုပါစက်ရုပ်ခွေးဟာ အသံနဲ့စေခိုင်းမှု ၃၀ကျော်အပါအဝင် အထိအတွေ့နဲ့ အသံတွေကိုလည်း တုံ့ပြန်ပေးမှာဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။
 
metaDog ဟာ အိမ်မွေးခွေးတွေကဲ့သို့ပဲ ဟောင်ခြင်း၊ ညည်းတွားခြင်း၊ ခေါင်းနဲ့ မျက်လုံးတို့ကလည်း တုံ့ပြန်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်မှာဖြစ်သလို ၁၂ နာရီအကြာ ဘက်ထရီသက်တမ်းလည်း ပါရှိမှာဖြစ်ပါတယ်။
 
အိမ်မွေးခွေး မွေးချင်ပေမယ့် ဓာတ်မတည့်မှုကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့် ခွေးမမွေးနိုင် သူများအတွက် metaDog က ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်လို့ Elephant Robotics က ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် metaDog စက်ရုပ်ခွေးဟာ အထီးကျန်နေတဲ့ လူသားတွေအတွက်လည်း ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပြီး၊သုတေသီတွေကတော့ ဉာဏ်ရည်တု (AI) နဲ့ မောင်းနှင်ထားတဲ့ စက်ရုပ်တွေဟာ အသက်အရွယ်ကြီးရင့်လာကာ အထီးကျန်နေတဲ့ လူတွေကိုကူညီပေးနိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။
 
Damien
Ref - upi