【 နည်းပညာ 】 သမုဒ္ဒရာတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ခြေရာခံစောင့်ကြည့်နိုင်ရန် အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး ကြိုးပမ်းမည်

【 နည်းပညာ 】 သမုဒ္ဒရာတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ခြေရာခံစောင့်ကြည့်နိုင်ရန် အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး ကြိုးပမ်းမည်

ဝါရှင်တန်၊ ဧပြီ - ၂၁
 
ပင်လယ်သမုဒ္ဒရာတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ခြေရာခံစောင့်ကြည့်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး (NOAA) က ပြောကြားလိုက်ပါတယ်။
 
NOAA က သမုဒ္ဒရာတွေရဲ့ အပူချိန်နဲ့ ရာသီဥတုပြောင်းလဲမှုတွေကို တိုင်းတာမှု ပိုမိုကောင်းမွန်စေပြီး ဒေတာအချက်အလက်တွေ စုဆောင်းတဲ့ စက်အသစ်ကို ဖြန့်ကြက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
သမုဒ္ဒရာတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ခြေရာခံစောင့်ကြည့်နိုင်ဖို့ NOAA ဟာ ပြည်ထောင်စုရန်ပုံငွေမှ ကန်ဒေါ်လာ ၂.၇ သန်းကိုအသုံးပြုလျက်ရှိပြီး၊ အဆိုပါရန်ပုံငွေနဲ့ OneArgo ပရိုဂရမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။
 
OneArgo ပရိုဂရမ်ဟာ ကမ္ဘာတစ်ဝန်းရှိ ရေငန်ဓာတ်နဲ့ အပူချိန်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းလျက်ရှိပြီး၊ ထောင်ပေါင်းများစွာသော ရေပေါ်စောင့်ကြည့်ကိရိယာတွေရဲ့ ဒေတာအချက်အလက်တွေကို စုဆောင်းလေ့လာနိုင်ဖို့ ဒီဇိုင်းထုတ်ပေးထားတာဖြစ်ပါတယ်။
 
အဆိုပါပရိုဂရမ်မှာ Argo ရေယာဉ်ငယ် ၄၀၀၀ ခန့်ပါဝင်ပါတယ်။ရေယာဉ်တွေဟာ ၁၀ ရက်လျှင် တစ်ကြိမ် ရေအောက်အနက် ၁.၂ မိုင်အကွာကို ရေငုပ်ပြီး အပူချိန်နဲ့ ဆားငန်ဓာတ်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းကာ သက်ဆိုင်ရာ ဂြိုဟ်တုတွေကို ပေးပို့လျက်ရှိပါတယ်။
 
ရန်ပုံငွေ ကန်ဒေါ်လာ ၂.၇ သန်းဟာ OneArgo ပရိုဂရမ်အတွက် စက်ကိရိယာအသစ်တွေ ဖြန့်ကျက် ပေးနိုင်မှာဖြစ်ပြီး၊ သမုဒ္ဒရာတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေ ခြေရာခံစောင့်ကြည့်မှု ဒေတာအချက်အလက် တိုင်းတာမှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်လို့ NOAA က ပြောပါတယ်။
 
Damien
Ref - UPI