【 နည်းပညာ 】 အင်္ဂါဂြိုဟ်မစ်ရှင် အာကာသယာဉ်နဲ့ နာဆာအကြား အဆက်အသွယ် ပြတ်တောက်လျက်ရှိ

【 နည်းပညာ 】 အင်္ဂါဂြိုဟ်မစ်ရှင် အာကာသယာဉ်နဲ့ နာဆာအကြား အဆက်အသွယ် ပြတ်တောက်လျက်ရှိ

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၈

အင်္ဂါဂြိုဟ်ကို လေ့လာသွားဖို့ မစ်ရှင်တစ်ခုအဖြစ် လွှတ်တင်ထားတဲ့ အာကာသယာဉ်နဲ့ အာကာသအေဂျင်စီကြီး နာဆာအကြား ဆက်သွယ်ရေး ခေတ္တပြတ်တောက်လျက်ရှိတယ်လို့ သိရပါတယ်။

ဆက်သွယ်‌ရေး ပြတ်တောက်သွားခဲ့တဲ့ အာကာသယာဉ်မှာ ဂြိုဟ်ပေါ် လှည့်ပတ်ရေး ရိုဗာယာဉ် ၃ စင်း၊ ရဟတ်ယာဉ်ငယ်တစ်စင်းနဲ့ ပတ်လမ်းကြောင်း လှည့်ပတ်ယာဉ် ၇ စင်းတို့ ပါဝင်ပါတယ်။

နာဆာဘက်ကတော့ အင်္ဂါဂြိုဟ်မစ်ရှင် အာကာသယာဉ်နဲ့ ဆက်သွယ်ရေးပြတ်တောက်မှုဟာ ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင်နိုင်တယ်လို့ ဆိုပြီး၊ အဆိုပါဆက်သွယ်ရေး ပြတ်တောက်မှုအချိန်အတွင်း အင်္ဂါဂြိုဟ်မစ်ရှင်ဘက်က စာတိုမက်ဆေ့ဂျ်တွေ၊ ဒေတာအချက်အလက်တွေ ပေးပို့နိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အင်္ဂါဂြိုဟ်မစ်ရှင် အာကာသယာဉ်နဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားမှု အကြောင်းအရင်းကတော့ အင်္ဂါဂြိုဟ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာနဲ့ ဆန့်ကျင်ဘက် နေရဲ့ တစ်ဖက်ခြမ်းမှာ တည်ရှိနေတာကြောင့်ဖြစ်ပြီး၊ အဲဒီအချိန်မှာ အင်္ဂါဂြိဟ်မှာ နေရောင်ခြည်ပေါင်းဆုံမှုဖြစ်စဉ် ဖြစ်ပွားတယ်လို့လည်း နက္ခတ္တဗေဒပညာရှင်တွေက ပြောပါတယ်။

နေရောင်ခြည်ပေါင်းဆုံမှုဖြစ်စဉ်ဟာ ရေဒီယိုအချက်ပြမှုတွေကို အနှောင့်အယှက်ဖြစ်ပေါ်စေနိုင်ပြီး၊ အာကာသယာဉ်တွေနဲ့ ဆက်သွယ်ရေးကိုလည်း ပြတ်တောက် ခက်ခဲစေပါတယ်။အခုလို ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် အာကာသယာဉ်နဲ့ ဂြိုဟ်ပေါ် လှည့်ပတ်ရေး ရိုဗာယာဉ်တွေရဲ့ သွားလာမှုကို ထိန်းချုပ်မရနိုင်တော့ဘဲ ဆုံးရှုံးမှုအန္တရာယ် ပိုမိုမြင့်မားလာနိုင်ပါတယ်။

Damien
Ref - forbes