【 နည်းပညာ 】 အဝေးပြေးလမ်းမတွေက လေကို ရှူရှိုက်ခြင်းက သွေးဖိအားကို တိုးမြင့်စေ

【 နည်းပညာ 】 အဝေးပြေးလမ်းမတွေက လေကို ရှူရှိုက်ခြင်းက သွေးဖိအားကို တိုးမြင့်စေ

ဝါရှင်တန်၊ နိုဝင်ဘာ - ၂၉

အဝေးပြေးလမ်းမကြီးတွေက လေကို ရှူရှိုက်ခြင်းဖြင့် သွေးဖိအားကို တိုးမြင့်စေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

သုတေသီတွေက လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို လေ့လာခဲ့ရာမှာ ယခုလို အဝေးပြေးလမ်းတွေက လေထုက လူသားတွေအပေါ် ကြီးမားတဲ့အန္တရာယ် ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဝေးပြေးလမ်းမတွေပေါ်မှာ ယာဉ်အသွားအလာ အလွန်များပြားတဲ့အတွက် လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေမှာ အသေအချာပါပဲ။ယာဉ်ကြောဆိုင်ရာကနေ ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှုတွေဟာ အလွန်ဆိုးရွားတယ်လို့ ဆိုရမှာဖြစ်ပြီး၊ ရှုပ်ထွေးတဲ့ လေထုညစ်ညမ်းမှု အရောအနှောတွေနဲ့ လမ်းမပေါ်က ဖုန်မှုန့်တွေဟာ လူသားတွေအပေါ် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ပန်းနာရင်ကျပ်နဲ့ အဆုတ်ကင်ဆာတို့ကို ဖြစ်ပေါ်နိုင်စေပြီး သေဆုံးမှုနှုန်းတိုးလာစေနိုင်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

အဝေးပြေးလမ်းမတွေက လေထုရဲ့အန္တရာယ် လေ့လာမှုအသစ်ကို ဝါရှင်တန်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး၊ စည်ကားတဲ့ လမ်းမတွေမှာ လူသားတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အကြံပြုထားပါတယ်။အထူးသဖြင့် မော်တော်ယာဉ်တွေက ထွက်ရှိတဲ့ ဒီဇယ်အိတ်ဇောငွေ့တွေဟာ လူတွေရဲ့ သွေးဖိအားကို မြင့်တက်စေတယ်လို့လည်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လေထုညစ်ညမ်းမှုဟာ အလွန်ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိနေတဲ့အတွက် အင်အားကြီးနိုင်ငံတွေအနေနဲ့ အစိမ်းရောင်စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲပူးပေါင်းဖော်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။

Damien
Ref - scienceblog