【 နည်းပညာ 】 အာကာသထဲ ခရီးသွားလိုသူတွေအတွက် International Space Station ကို NASA မှ ဖွင့်လှစ်သွားမည်

【 နည်းပညာ 】 အာကာသထဲ ခရီးသွားလိုသူတွေအတွက် International Space Station ကို NASA မှ ဖွင့်လှစ်သွားမည်

NASA မှ International Space Station (ISS) ကို ခရီးသွားတွေ လည်ပတ်နိုင်ဖို့ ဖွင့်လှစ်သွားမယ်လို့ US space agency မှ သောကြာနေ့က ပြောကြားလိုက်ပါတယ်။

အာကာသထဲမှာ တစ်လတာ နေထိုင်နိုင်မှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၅၀,၀၀ (မြန်မာငွေ သိန်း ၅၀၀ ကျော်ခန့်) ကျသင့်မယ်လို့လည်း ဆိုပါတယ်။

ခရီးသွားတွေကို အဆိုပါ အာကာသစခန်း ISS ကို ပို့ပေးသွားဖို့အတွက် Boeing နဲ့ အီလွန်မက်စ် SpaceX တို့မှ တီထွင်ထောက်ပံ့ထားတဲ့ ဒုံးပျံယာဉ်တွေကို အသုံးပြုသွားမှာပါ။ဒါ့အပြင် တစ်နှစ်မှာ နှစ်ကြိမ်သာ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ပထမဆုံး ပို့ဆောင်မှုကို ပြုလုပ်သွားမယ်လို့ NASA မှ ဆိုပါတယ်။စီးနင်းခွင့် ဈေးကတော့ မနည်းလှပါဘူး။ NASA ဘက်မှတော့ ခရီးသည်တွေအတွက် အစားအသောက်နဲ့ ဆက်သွယ်ရေးစနစ်တွေကို ထောက်ပံ့ပေးသွားမယ် ဆိုပါတယ်။လက်ရှိမှာတော့ လိုက်ပါလိုတဲ့ ခရီးသွားတွေကတော့ NASA မှာ ကြိုတင် စာရင်းပေးသွင်းနေကြပြီ ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်ကိုတော့ NASA, SpaceX နဲ့ Boeing တို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

Damien

( Zawgyi )





Damien