【 နည်းပညာ 】 အားလုံးကို အံ့အားသင့်စေခဲ့တဲ့ Redmi K20 Pro

【 နည်းပညာ 】 အားလုံးကို အံ့အားသင့်စေခဲ့တဲ့ Redmi K20 Pro

မနေ့က Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi မှ ၎င်းရဲ့ ကုန်ပစ္စည်းအသစ်တွေ မိတ်ဆက်ခဲ့တာ အားလုံးမြင်တွေ့ခဲ့ပြီး ဖြစ်မှာပါ။

Redmi K20 Pro နဲ့ K20 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့သလို မထင်မှတ်ပဲ 14-inch Laptop ကိုပါ တစ်ပါတည်း မိတ်ဆက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာကတော့ Redmi K20 Pro ပဲ ဖြစ်ပါတယ်။Flagship Killer 2.0 ဆိုပြီး One Plus ကို မထိတထိ ကြော်ငြာခဲ့တဲ့အတိုင်းပဲ မြင့်မားတဲ့ specs တွေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ 6.39 inch AMOLED 1080x2340 မျက်နှာပြင် တပ်ဆင်ထားပြီး၊ Qualcomm Snapdragon 855 SoC နဲ့ မောင်းနှင်ထားတာပါ။
မျက်နှာပြင်ပြည့်နီးပါး ဖြစ်တဲ့အတွက် ရှေ့ဘက် selfie ကင်မရာက အပေါ်ဘက်ကနေ တိုးထွက်လာမယ့် ပုံစံပါ အကြိမ်ရေ ၃သိန်းခန့်အထိ လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

RAM ကတော့ 6/8 GB နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအနေနဲ့ 64GB ကနေ 256GB အထိ ရွေးချယ်ဝယ်ယူနိုင်မှာပါ။နောက်ဘက် ကင်မရာတွေကို 48MP Sony IMX586 အဓိက ကင်မရာ၊ 13MP ultra-wide-angle lens နဲ့ 8MP telephoto ဆိုပြီး ကင်မရာသုံးလုံး တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။

အဓိက အားရစရာကတော့ ဘက်ထရီပါပဲ 4000mAh ထည့်သွင်းပေးထားပြီး၊ Mi 9 မှာ မြင်တွေ့ခဲ့ရတဲ့ 27W အားသွင်းစနစ်လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ဘက်ထရီ အားအပြည့်သွင်းဖို့ ၇၄မိနစ်လောက်ပဲ ကြာမယ်လို့လည်း ဆိုထားပါတယ်။လက်ဗွေကိရိယာကိုတော့ မျက်နှာပြင်အောက်ခြေမှာ တပ်ဆင်ထားပါတယ်။

ဈေးနှုန်းအနေနဲ့ 6/64 GB ကို ၅၅၀,၀၀၀ ခန့်၊ 6/128 GB ကို ၆၀၀,၀၀၀ နီးပါးခန့်၊ 8/128 GB ကို ၆၂၀,၀၀၀ ခန့်နဲ့ 8/256 GB ကို ၆၈၀,၀၀၀ ခန့် ကျသင့်မှာပါ။ပြည်တွင်းကို ဝင်ရောက်လာရင်တော့ ဈေးနှုန်းအနည်းငယ် ကြီးမြင့်နေနိုင်ပါသေးတယ်။

အကယ်၍သာ Redmi K20 Pro က ဈေးနှုန်းကြီးမြင့်တယ်လို့ ယူဆရင်တော့ specs အနည်းငယ် ပိုနိမ့်တဲ့ Redmi K20 ကိုလည်း သင်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

မေန႔က Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi မွ ၎ရဲ႕ ကုန္ပစၥည္းအသစ္ေတြ မိတ္ဆက္ခဲ့တာ အားလုံးျမင္ေတြ႕ခဲ့ၿပီး ျဖစ္မွာပါ။

Redmi K20 Pro နဲ႔ K20 စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့သလို မထင္မွတ္ပဲ 14-inch Laptop ကိုပါ တစ္ပါတည္း မိတ္ဆက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တာကေတာ့ Redmi K20 Pro ပဲ ျဖစ္ပါတယ္။Flagship Killer 2.0 ဆိုၿပီး One Plus ကို မထိတထိ ေၾကာ္ျငာခဲ့တဲ့အတိုင္းပဲ ျမင့္မားတဲ့ specs ေတြနဲ႔ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။ 6.39 inch AMOLED 1080x2340 မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး၊ Qualcomm Snapdragon 855 SoC နဲ႔ ေမာင္းႏွင္ထားတာပါ။
မ်က္ႏွာျပင္ျပည့္နီးပါး ျဖစ္တဲ့အတြက္ ေရွ႕ဘက္ selfie ကင္မရာက အေပၚဘက္ကေန တိုးထြက္လာမယ့္ ပုံစံပါ အႀကိမ္ေရ ၃သိန္းခန႔္အထိ လုပ္ေဆာင္ႏိုင္မယ္လို႔ သိရပါတယ္။

RAM ကေတာ့ 6/8 GB နဲ႔ သိမ္းဆည္းႏိုင္မႈ ပမာဏအေနနဲ႔ 64GB ကေန 256GB အထိ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ေနာက္ဘက္ ကင္မရာေတြကို 48MP Sony IMX586 အဓိက ကင္မရာ၊ 13MP ultra-wide-angle lens နဲ႔ 8MP telephoto ဆိုၿပီး ကင္မရာသုံးလုံး တပ္ဆင္ေပးထားတာပဲ ျဖစ္ပါတယ္။

အဓိက အားရစရာကေတာ့ ဘက္ထရီပါပဲ 4000mAh ထည့္သြင္းေပးထားၿပီး၊ Mi 9 မွာ ျမင္ေတြ႕ခဲ့ရတဲ့ 27W အားသြင္းစနစ္လည္း ပါဝင္လာတာကို ေတြ႕ရပါတယ္။ဘက္ထရီ အားအျပည့္သြင္းဖို႔ ၇၄မိနစ္ေလာက္ပဲ ၾကာမယ္လို႔လည္း ဆိုထားပါတယ္။လက္ေဗြကိရိယာကိုေတာ့ မ်က္ႏွာျပင္ေအာက္ေျခမွာ တပ္ဆင္ထားပါတယ္။

ေဈးႏႈန္းအေနနဲ႔ 6/64 GB ကို ၅၅၀,၀၀၀ ခန႔္၊ 6/128 GB ကို ၆၀၀,၀၀၀ နီးပါးခန႔္၊ 8/128 GB ကို ၆၂၀,၀၀၀ ခန႔္နဲ႔ 8/256 GB ကို ၆၈၀,၀၀၀ ခန႔္ က်သင့္မွာပါ။ျပည္တြင္းကို ဝင္ေရာက္လာရင္ေတာ့ ေဈးႏႈန္းအနည္းငယ္ ႀကီးျမင့္ေနႏိုင္ပါေသးတယ္။

အကယ္၍သာ Redmi K20 Pro က ေဈးႏႈန္းႀကီးျမင့္တယ္လို႔ ယူဆရင္ေတာ့ specs အနည္းငယ္ ပိုနိမ့္တဲ့ Redmi K20 ကိုလည္း သင္ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Damien