【 နည်းပညာ 】 အိန္ဒိယမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်မယ့် Realme

【 နည်းပညာ 】 အိန္ဒိယမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်မယ့် Realme

Realme မှ ထုတ်ကုန်သစ်တွေကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမယ်လို့ အတည်ပြုလိုက်ပါပြီ။

အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမယ့် ထုတ်ကုန်သစ်တွေထဲမှာ စမတ်နာရီနဲ့ ကြိုးမဲ့နားကြပ်ထုတ်ကုန်တွေ ပါဝင်မှာဖြစ်တယ်လို့လည်း Realme ဘက်က ကြေညာခဲ့ပါတယ်။

Realme Watch 2 Pro လို့ အမည်ပေးထားတဲ့ စမတ်နာရီဟာ အနက်ရောင်နဲ့ မီးခိုးရောင် အရောင်နှစ်မျိုးထွက်ရှိမှာဖြစ်ပြီး ၁.၇၅ လက်မ အရွယ်အစားရှိ ရောင်စုံမျက်နှာပြင်ကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ Realme ဘက်ကတော့ စမတ်နာရီသစ်အတွက် နာရီမျက်နှာပြင်ဒီဇိုင်းပေါင်း ၁၀၀ ကို ထောက်ပံ့ပေးထားမယ်လို့ ဆိုထားပါတယ်။ဘက်ထရီပမာဏကတော့ 390mAh ဖြစ်ပြီး၊ ၁၄ ရက် အသုံးခံမှာဖြစ်ပါတယ်။အားကစားနည်း အမျိုးပေါင်း ၉၀ ကို စောင့်ကြည့်အကဲဖြတ်ပေးနိုင်မှာဖြစ်သလို သွေးတွင်းရှိ အောက်စီဂျင်ပမာဏကို တိုင်းတာပေးတဲ့ နည်းပညာလည်း ပါဝင်လာမှာဖြစ်ပါတယ်။ဒါ့အပြင် Realme Watch 2 Pro မှာ GPS ပါဝင်လာမှာဖြစ်တဲ့အတွက် တည်နေရာတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Realme ရဲ့ Buds Wireless 2 Neo ကြိုးမဲ့နာကြပ်ကတော့ အရောင်သုံးမျိုးထွက်ရှိမှာဖြစ်ပြီး၊ အနက်ရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်တို့ဖြစ်ပါတယ်။ ၁၇ နာရီ အသင့်အနေအထား အသုံးခံမယ်လို့ Realme က ဆိုထားပြီး ၁၀ မိနစ်အားသွင်းရုံနဲ့ ၂ နာရီအသုံးပြုနိုင်မယ့် မြန်နှုန်းမြှင့် အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ကြိုးမဲ့နာကြပ်ကတော့ အရောင်သုံးမျိုးထွက်ရှိမှာဖြစ်ပြီး၊ အနက်ရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်တို့ဖြစ်ပါတယ်။ ၁၇ နာရီ အသင့်အနေအထား အသုံးခံမယ်လို့ Realme က ဆိုထားပြီး ၁၀ မိနစ်အားသွင်းရုံနဲ့ ၂ နာရီအသုံးပြုနိုင်မယ့် မြန်နှုန်းမြှင့် အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

Realme ရဲ့ Watch 2 Pro နဲ့ Buds Wireless 2 Neo တို့ကို လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံတွင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Damien
ဇူလိုင် - ၁၅