【 နည်းပညာ 】 ၂၀၂၁ ခုနှစ် အစောပိုင်းမှာပဲ မိတ်ဆက်လာဖွယ်ရှိတဲ့ iPad ထုတ်ကုန်သစ်

【 နည်းပညာ 】 ၂၀၂၁ ခုနှစ် အစောပိုင်းမှာပဲ မိတ်ဆက်လာဖွယ်ရှိတဲ့ iPad ထုတ်ကုန်သစ်

Apple မှ ဈေးနှုန်းသက်သာတဲ့ iPad ထုတ်ကုန်သစ်ကို လာမယ့်နှစ် ၂၀၂၁ ခုနှစ် အစောပိုင်းမှာပဲ မိတ်ဆက်လာဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

သတင်းတွေ ထွက်ပေါ်မှုအရ ၁၀.၅ လက်မ မျက်နှာပြင်အရွယ်အစားရှိပြီး Apple ရဲ့ A13 Bionic chipset နဲ့ မောင်းနှင်ပေးထားမယ့် iPad ထုတ်ကုန်သစ်ကို မိတ်ဆက်လာဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

ပါးလွှာပြီး၊ ပေါ့ပါးတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ Apple ရဲ့ ကိုးခုမြောက် iPad မျိုးဆက်အဖြစ် မိတ်ဆက်လာဖွယ်ရှိတဲ့ သတင်းတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေပါပြီ။ iPhone, iPad တွေ ထုတ်လုပ်တဲ့ Apple ကုမ္ပဏီကြီးဘက်ကလည်း ယခုနောက်ပိုင်း တန်ဖိုးသင့် ထုတ်ကုန်တွေကို ထုတ်လုပ်မိတ်ဆက်ဖို့ကို စိတ်အားထက်သန်နေတဲ့ပုံစံပါပဲ။သတင်းတွေအရ ကိုးခုမြောက်မျိုးဆက် iPad သစ်မှာ မမ်မိုရီ 4GB နဲ့ Touch ID ခလုတ်ကို အောက်ခြေမှာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ဒါ့အပြင် ဈေးနှုန်းကိုလည်း ဒေါ်လာ ၂၉၉ ကနေ စတင်မယ်လို့ ဆိုထားပြီး၊ သိမ်းဆည်းနိုင်မှု 64GB ကနေ စတင်ထွက်ရှိဖွယ်ရှိတယ်လို့ သိရပါတယ်။

Apple ရဲ့ iPad သစ်အကြောင်းကို မကြာတော့မယ့် ရက်သတ္တပတ်တွေမှာတော့ ပြည့်ပြည့်စုံစုံ သိလာရဖွယ်တော့ ရှိနေပါတယ်။

Damien

( Zawgyi )

Apple မွ ေဈးႏႈန္းသက္သာတဲ့ iPad ထုတ္ကုန္သစ္ကို လာမယ့္ႏွစ္ ၂၀၂၁ ခုႏွစ္ အေစာပိုင္းမွာပဲ မိတ္ဆက္လာဖြယ္ရွိတယ္လို႔ သတင္းေတြအရ သိရပါတယ္။

သတင္းေတြ ထြက္ေပၚမႈအရ ၁၀.၅ လက္မ မ်က္ႏွာျပင္အ႐ြယ္အစားရွိၿပီး Apple ရဲ႕ A13 Bionic chipset နဲ႔ ေမာင္းႏွင္ေပးထားမယ့္ iPad ထုတ္ကုန္သစ္ကို မိတ္ဆက္လာဖြယ္ရွိေနတာလည္း ျဖစ္ပါတယ္။

ပါးလႊာၿပီး၊ ေပါ့ပါးတဲ့ ဒီဇိုင္းသြင္ျပင္နဲ႔ Apple ရဲ႕ ကိုးခုေျမာက္ iPad မ်ိဳးဆက္အျဖစ္ မိတ္ဆက္လာဖြယ္ရွိတဲ့ သတင္းေတြကေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလ်က္ရွိေနပါၿပီ။ iPhone, iPad ေတြ ထုတ္လုပ္တဲ့ Apple ကုမၸဏီႀကီးဘက္ကလည္း ယခုေနာက္ပိုင္း တန္ဖိုးသင့္ ထုတ္ကုန္ေတြကို ထုတ္လုပ္မိတ္ဆက္ဖို႔ကို စိတ္အားထက္သန္ေနတဲ့ပုံစံပါပဲ။သတင္းေတြအရ ကိုးခုေျမာက္မ်ိဳးဆက္ iPad သစ္မွာ မမ္မိုရီ 4GB နဲ႔ Touch ID ခလုတ္ကို ေအာက္ေျခမွာ တပ္ဆင္ထားမယ္လို႔ သိရပါတယ္။ဒါ့အျပင္ ေဈးႏႈန္းကိုလည္း ေဒၚလာ ၂၉၉ ကေန စတင္မယ္လို႔ ဆိုထားၿပီး၊ သိမ္းဆည္းႏိုင္မႈ 64GB ကေန စတင္ထြက္ရွိဖြယ္ရွိတယ္လို႔ သိရပါတယ္။

Apple ရဲ႕ iPad သစ္အေၾကာင္းကို မၾကာေတာ့မယ့္ ရက္သတၱပတ္ေတြမွာေတာ့ ျပည့္ျပည့္စုံစုံ သိလာရဖြယ္ေတာ့ ရွိေနပါတယ္။

Damien