【 နည်းပညာ 】 ‘လ’ ပတ်လမ်းကြောင်းထဲ ဂြိုဟ်တုလွှတ်တင်ဖို့ တရုတ် စီစဉ်

【 နည်းပညာ 】 ‘လ’ ပတ်လမ်းကြောင်းထဲ ဂြိုဟ်တုလွှတ်တင်ဖို့ တရုတ် စီစဉ်

ပေကျင်း၊ အောက်တိုဘာ - ၁၉

တရုတ်နိုင်ငံက ‘လ’ ရဲ့ လှည့်ပတ်နေတဲ့ လမ်းကြောင်းထဲ ဂြိုဟ်တုလွှတ်တင်သွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

‘လ’ ကို လေ့လာဖို့ ရည်မှန်းချက် ကြီးမားစွာထားရှိထားတဲ့ တရုတ်နိုင်ငံဟာ ဆင်းသက်မှုလုပ်ငန်းစဉ်တွေ အဆင်ပြေစေဖို့အတွက် ဆက်သွယ်ရေးဂြိုဟ်တုတစ်ခုကို လွှတ်တင်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဆက်သွယ်ရေးဂြိုဟ်တုကို Queqiao-2 လို့ အမည်ပေးထားပြီး တရုတ်ပြည်တွင်းထုတ် Long March 8 ဒုံးပျံယာဉ်နဲ့ လာမယ့် ၂၀၂၄ ခုနှစ် အစပိုင်းမှာ လွှတ်တင်သွားဖို့ စီစဉ်ထားတယ်လို့ တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) လက်အောက်ရှိ DFH Satellite ကုမ္ပဏီမှ ဂြိုဟ်တုဆိုင်ရာကျွမ်းကျင်သူ Zhang Lihua က ပြောကြားခဲ့ပါတယ်။

တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေး (CNSA) မှ Li Guoping ကလည်း Queqiao-2 ဂြိုဟ်တုကို ၂၀၂၄ ခုနှစ် မတ်လအတွင်း လွှတ်တင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Queqiao-2 ဂြိုဟ်တုဟာ ၎င်းရဲ့ ကနဦးတာဝန်အဖြစ် ‘လ’ ကို ဆင်းသက်လေ့လာသွားမယ့် Chang'e-6 ယာဉ်အတွက် ဆက်သွယ်ရေး ပံ့ပိုးမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Chang'e-6 မစ်ရှင်ကို ၂၀၂၄ ခုနှစ်မှာပဲ စတင်သွားဖို့ တရုတ်နိုင်ငံက စီစဉ်ထားပြီး၊ ‘လ’ ရဲ့ အစွန်အဖျားနေရာတွေက မြေနမူနာတွေကို ပထမဆုံး စုဆောင်းလေ့လာသွားဖို့ စီစဉ်ထားပါတယ်။

တရုတ်နိုင်ငံဟာ ‘လ’ ကို လေ့လာသွားဖို့ ရည်မှန်းချက် ကြီးကြီးမားမားထားရှိကာ လေ့လာရေးမစ်ရှင်တွေကို စီစဉ်လျက်ရှိပြီး၊ ၂၀၂၈ ခုနှစ်မှာ လွှတ်တင်သွားမယ့် Chang'e-8 မစ်ရှင်မှာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို လမ်းဖွင့်ပေးထားတယ်လို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Damien
Ref - spacenews