【 နည်းပညာ 】 8K TV ကို တီထွင်နေပြီဖြစ်တဲ့ Huawei

【 နည်းပညာ 】 8K TV ကို တီထွင်နေပြီဖြစ်တဲ့ Huawei

Huawei ကုမ္ပဏီဟာ ယခုအချိန်မှာ TV ထုတ်လုပ်တဲ့ လုပ်ငန်းဘက်ကို ဝင်ရောက်လာတယ်လို့ Nikkei Asian Review အဆိုအရ သိရပါတယ်။

Huawei တီထွင်သွားမှာကတော့ သာမန် TV တစ်လုံး မဟုတ်ပဲ 5G ကွန်ယက် ချိတ်ဆက်အသုံးပြုနိုင်မယ့် ကမ္ဘာ့ပထမဆုံး TV ကို ယခုနှစ်အတွင်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်။

အဆိုပါ TV တွေဟာ Huawei ထုတ်လုပ်ခဲ့သော 5G စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 20 X 5G, foldable Mate X 5G တို့နဲ့ အံခွင်ဝင်ကျ အသုံးပြုနိုင်မယ်လို့လဲ ဆိုပါတယ်။

Nikkei Asian Review ဘက်မှ Huawei ရဲ့ စံမံကိန်းကို ကိုးကားဖော်ပြရာမှာတော့ အဆိုပါ TV ဟာ လက်ရှိ အသုံးပြုနေတဲ့ 4K resolution မဟုတ်ပဲ 8K panel တွေ အသုံးပြုလာဖွယ်ရှိပြီး၊ 5G ကွန်ယက် ထပ်မံပေါင်းထည့်လိုက်ခြင်းဖြင့် ရုပ်ရှင်တွေ၊ TV shows တွေကို တိုက်ရိုက်ကြည့်ရှုနိုင်သလို download ဆွဲနိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Huawei ဟာ telecom ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ 5G ကွန်ယက်ကို TV မှာ အသုံးပြုသွားမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

Samsung ဘက်ကလည်း 8K panel တပ်ဆင်လာမယ့် TV တွေကို တီထွင်နေတဲ့အချိန်မှာ၊ Huawei ဘက်ကလည်း TV တွေပေါ်မှာ 5G ကွန်ယက် အသုံးပြုလာပြီး ဈေးကွက်ကို ယှဉ်ပြိုင်လာမှာ ဖြစ်ပါတယ်။

Huawei, Samsung တို့ရဲ့ နည်းပညာတွေကြောင့် အနာဂတ် smart TV တွေမှာ ဘယ်လို နည်းပညာတွေနဲ့ တိုးတက်ပြောင်းလဲ ထူးခြားလာမလဲဆိုတာ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien
မေ - ၃

( Zawgyi )

Huawei ကုမၸဏီဟာ ယခုအခ်ိန္မွာ TV ထုတ္လုပ္တဲ့ လုပ္ငန္းဘက္ကို ဝင္ေရာက္လာတယ္လို႔ Nikkei Asian Review အဆိုအရ သိရပါတယ္။

Huawei တီထြင္သြားမွာကေတာ့ သာမန္ TV တစ္လုံး မဟုတ္ပဲ 5G ကြန္ယက္ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ ကမာၻ႔ပထမဆုံး TV ကို ယခုႏွစ္အတြင္း ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာပဲ ျဖစ္ပါတယ္။

အဆိုပါ TV ေတြဟာ Huawei ထုတ္လုပ္ခဲ့ေသာ 5G စမတ္ဖုန္းေတြျဖစ္တဲ့ Huawei Mate 20 X 5G, foldable Mate X 5G တို႔နဲ႔ အံခြင္ဝင္က် အသုံးျပဳႏိုင္မယ္လို႔လဲ ဆိုပါတယ္။

Nikkei Asian Review ဘက္မွ Huawei ရဲ႕ စံမံကိန္းကို ကိုးကားေဖာ္ျပရာမွာေတာ့ အဆိုပါ TV ဟာ လက္ရွိ အသုံးျပဳေနတဲ့ 4K resolution မဟုတ္ပဲ 8K panel ေတြ အသုံးျပဳလာဖြယ္ရွိၿပီး၊ 5G ကြန္ယက္ ထပ္မံေပါင္းထည့္လိုက္ျခင္းျဖင့္ ႐ုပ္ရွင္ေတြ၊ TV shows ေတြကို တိုက္႐ိုက္ၾကည့္ရႈႏိုင္သလို download ဆြဲႏိုင္မွာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

Huawei ဟာ telecom ကုမၸဏီတစ္ခု ျဖစ္တာနဲ႔အညီ 5G ကြန္ယက္ကို TV မွာ အသုံးျပဳသြားမယ္ဆိုတာ ျဖစ္ႏိုင္ပါတယ္။

Samsung ဘက္ကလည္း 8K panel တပ္ဆင္လာမယ့္ TV ေတြကို တီထြင္ေနတဲ့အခ်ိန္မွာ၊ Huawei ဘက္ကလည္း TV ေတြေပၚမွာ 5G ကြန္ယက္ အသုံးျပဳလာၿပီး ေဈးကြက္ကို ယွဥ္ၿပိဳင္လာမွာ ျဖစ္ပါတယ္။

Huawei, Samsung တို႔ရဲ႕ နည္းပညာေတြေၾကာင့္ အနာဂတ္ smart TV ေတြမွာ ဘယ္လို နည္းပညာေတြနဲ႔ တိုးတက္ေျပာင္းလဲ ထူးျခားလာမလဲဆိုတာ စိတ္ဝင္တစား ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien
ေမ - ၃