【 နည်းပညာ 】 Apple က MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်များကို မိတ်ဆက်

【 နည်းပညာ 】 Apple က MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်များကို မိတ်ဆက်

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ - ၁

Apple ကုမ္ပဏီက MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်တွေကို မိတ်ဆက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်တွေမှာ ၁၄ လက်မ အရွယ်အစားနဲ့ ၁၆ လက်မ အရွယ်အစားရှိတဲ့ မော်ဒယ်လ်နှစ်မျိုးထွက်ရှိမှာဖြစ်ပါတယ်။

Apple နောက်ဆုံးမိတ်ဆက်လိုက်တဲ့ MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်တွေကို စွမ်းရည်မြင့် M3 ချစ်ပ် (Chip) တွေနဲ့ မောင်းနှင်ပေးထားတာပါ။ Apple က ၎င်းရဲ့ နောက်ဆုံးကျင်းပလိုက်တဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ စွမ်းရည်မြင့် M3 ချစ်ပ် (Chip) တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။အဆိုပါချစ်ပ်တွေမှာ M3, M3 Pro နဲ့ M3 Max ဆိုတဲ့ မော်ဒယ်လ်သုံးမျိုး ထွက်ရှိမှာဖြစ်ပြီး၊ အခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်တွေမှာ နောက်ဆုံးပေါ် စွမ်းရည်မြင့် M3 ချစ်ပ် (Chip) တွေကို အသုံးပြုပေးထားတာဖြစ်ပါတယ်။

Apple ရဲ့ MacBook Pro မော်ဒယ်လ်သစ်တွေမှာ စွမ်းရည်မြင့် M3 ချစ်ပ် (Chip) တွေနဲ့ မောင်းနှင်ပေးထားတဲ့အတွက် အနိမ့်ဆုံး မမ်မိုရီ (RAM) ပမာဏ 24GB ကနေ၊ အမြင့်ဆုံး မမ်မိုရီ (RAM) ပမာဏ 128GB အထိ ပါဝင်လာဖို့ရှိနေပြီး အကောင်းမွန်ဆုံး စွမ်းဆောင်ရည်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်တွေကို Apple က ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ထားပါတယ်။ဗီဒီယိုခေါ်ဆိုမှုများအတွက် 1080p FaceTime HD ကင်မရာကို တပ်ဆင်ပေးထားပြီး၊ ကောင်းမွန်တဲ့ အသံထွက်ကို ခံစားနိုင်စေဖို့ စပီကာ ၆ လုံးအထိ ပါဝင်မှာဖြစ်ကာ Spatial Audio နဲ့ Dolby Atmos အသံပိုင်းဆိုင်ရာ နည်းပညာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် စတူဒီယိုအရည်အသွေးရှိ Mic တွေကိုလည်း တပ်ဆင်ပေးထားပါတယ်။

Apple ရဲ့ နောက်ဆုံးထွက် MacBook Pro ကွန်ပျူတာ မော်ဒယ်လ်သစ်တွေကို လက်ရှိအချိန်မှာ ကြိုတင်မှာယူ စာရင်းသွင်းနိုင်ပြီဖြစ်ပြီး၊ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာတော့ ကြိုတင်မှာယူမှုတွေကို တင်ပို့သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Damien
Ref - ghacks